Ads (728x90)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ မာရာကာနာအားကစားကွင်းတွင်ပြုလုပ် သည့် ၂၀၁၆ နွေရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ ချီတက် လာသော မြန်မာအားကစားအဖွဲ့ (ဓာတ်ပုံ − အေအက်ဖ်ပီ)



ဘရာဇီးနိုင်ငံ ရီယိုဒီဂျ နေးရိုးမြို့၌ ကျင်းပနေသော ၂၀၁၆ နွေရာသီအိုလံပစ်ပြိုင်ပွဲ တွင် မြန်မာနိုင်ငံက အားကစား နည်း ငါးမျိုး၌ ကစားသမား ခုနစ် ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်နေ သည်။
ယမန်နေ့နံနက် (ဘရာဇီး နိုင်ငံစံချိန် သြဂုတ် ၅ ရက်ညနေ) တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး မြို့ရှိ နာမည်ကျော် မာရာကာနာ အားကစားကွင်းတွင် ပြုလုပ် သော အိုလံပစ်ဖွင့်ပွဲသို့ မြန်မာ အားကစားအဖွဲ့လည်း  တက် ရောက်ခဲ့သည်။ ရီယိုအိုလံပစ်ပြိုင် ပွဲသို့ နိုင်ငံပေါင်း ၂၀၇ နိုင်ငံမှ အား ကစားသမားပေါင်း တစ်သောင်းကျော်က အားကစားနည်း ၂၈ မျိုး၌ ၀င်ရောက်ယှဉ်ပြိုင်နေ ကြသည်။ ပထမဆုံး ရွှေတံဆိပ်ဆု ကို အမေရိကန်နိုင်ငံမှသေနတ်ပစ် ဖြင့် စတင်ရယူသွားသည်။

မြန်မာနိုင်ငံမှ သေနတ် ပစ်၊ရေကူး၊ ပြေးခုန်ပစ်၊ ဂျူဒိုနှင့် မြားပစ်အားကစားနည်းများ ၀င် ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သေနတ်ပစ်တွင် ရဲထွန်းနောင်၊ ရေကူးတွင် သင့်မြတ်နှင့် အိအိ သက်၊ ပြေးခုန်ပစ်မီတာ ၁၀,၀၀၀ တွင် ဆန်းနိုင်၊ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ဆွေလီ မြင့်၊ ဂျူဒိုတွင် ရန်နိုင်စိုးနှင့်မြားပစ် ၌ စုန်းယုထွေးတို့ ၀င်ရောက် ယှဉ် ပြိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံက နွေရာသီ အိုလံပစ်ပြိုင်ပွဲများသို့ လွတ်လပ် ရေးရပြီး ၁၉၄၈ မှ ၂၀၁၂ လန်ဒန် အိုလံပစ်အထိ (၁၆) ကြိမ် ၀င်ပြိုင်ခဲ့ပြီး ဆုတံဆိပ်မရရှိဖူးပေ။ အမြင့် ဆုံးအောင်မြင်မှုမှာ ၁၉၇၂ မြူနစ် အိုလံပစ်ပြိုင်ပွဲ၌ မြန်မာအမျိုး သား ဘောလုံးအသင်းက အသန့် ရှင်းဆုံး ဆုရရှိခဲ့ခြင်းဖြစ်သည်။

Ref ;  7daydaily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...