Ads (728x90)


အစိုးရသစ်၏ ရက်တစ် ရာစီမံချက်ဖြင့် လုပ်ဆောင်ခဲ့ သည်များကို ဝန်ကြီးဌာနအလိုက် သတင်းစာရှင်းလင်းပွဲများကို ဩဂုတ် ၁၂ ရက်မှစ၍ ဆက်တိုက် ပြုလုပ်ရန် စီစဉ်ထားကြောင်း ပြန် ကြားရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။

အဆိုပါ ရက်တစ်ရာသတင်း စာရှင်းလင်းပွဲများကို ဝန်ကြီးဌာန သုံးခုမှ ငါးခုအထိ ပူးတွဲ၍ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၌ ပြုလုပ်မည်ဖြစ်ပြီး ပြည်သူလူထု ပိုမိုစိတ်ဝင်စားသည့် ဝန်ကြီးဌာန များက ဦးစွာရှင်းလင်းရန် စီစဉ် ထားကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောသည်။
‘‘ဩဂုတ် ၉ ရက်နေ့မှာ စတင်နိုင်သေးမှာမဟုတ်ဘူး။ ၁၂ ရက် နေ့လောက် လျာထားတယ်။ အတိအကျရက်ကို ပြန်ကြေညာ မယ်။ အနည်းဆုံးနှစ်ရက် ကြိုတင် ပြီးပေါ့။ ရက်တစ်ရာစီမံချက်နဲ့ ပတ်သက်လို့ကတော့ ဝန်ကြီးဌာန အားလုံးက ရှင်းပြဖို့ အဆင်သင့် ဖြစ်နေကြပါပြီ’’ဟု ဦးမျိုးမြင့် မောင်က ဆိုသည်။
ဒီချုပ်အစိုးရ၏ ရက်တစ်ရာ စီမံချက်သည် ဩဂုတ် ၈ ရက် တွင် ပြည့်မြောက်မည်ဖြစ်ပြီး ယင်းအတောအတွင်း လုပ်ဆောင်ခဲ့ သည်များကို မီဒီယာမှတစ်ဆင့် ပြည်သူလူထုအား အသိပေးနိုင် ရန် ရည်ရွယ်၍ သတင်းစာရှင်း လင်းပွဲများကို တစ်ပတ်လျှင် နှစ် ကြိမ်ခန့် ပြုလုပ်နိုင်ရန် ဝန်ကြီး ဌာနအသီးသီးမှ ပြောခွင့်ရပုဂ္ဂိုလ် များပါဝင်သော ညှိနှိုင်းအစည်းအ ဝေးကို ဇူလိုင် ၂၈ ရက်က ပြန် ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန် ကြီးဌာန စသည်တို့မှာ လတ် တလောတွင် ပြည်သူလူထုစိတ် ဝင်စားမှုရှိနေ၍ ဦးစားပေးအဖြစ် အဆိုပါဝန်ကြီးဌာနများက ဦးစွာ ရှင်းလင်းနိုင်ဖွယ်ရှိကြောင်း ဦးမျိုး မြင့်မောင်က ဆိုသည်။
‘‘ဝန်ကြီးဌာနတစ်ခုက နာရီ ဝက်လောက် ရှင်းလင်းမယ်။ ပထမ ၁၀ မိနစ်လောက်ပြောပြီး ကျန်တဲ့ မိနစ် ၂၀ ကို သတင်းမီဒီ ယာအတွက် စီစဉ်ထားတယ်။ ဝန် ကြီးဌာနအားလုံးပြီးဖို့ ဩဂုတ်လ ကုန် (ဒါမှမဟုတ်) စက်တင်ဘာ ပထမပတ်လောက်ပြီးနိုင်မယ်’’ဟု ၎င်းက ပြောသည်။
အစိုးရသစ်လက်ထက် သတင်းစာရှင်းလင်းပွဲများတွင် မီဒီယာသမားများ ဝင်ရောက်သတင်း ရယူခွင့်ဆုံးရှုံးမှုအချို့ ဖြစ်ပေါ်ခဲ့ ပြီး  အထက်ပါရက်တစ်ရာ သတင်း စာရှင်းလင်းပွဲများ၌ ဝင်ခွင့်အ ခက်အခဲမရှိစေရန် စီစဉ်ထားမည် ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်က ဆိုသည်။
ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂလိ ကမီဒီယာများကမူ ဒီချုပ်အစိုးရ ၏ ရက်တစ်ရာစီမံချက်ကာလကို ဧပြီ ၁ ရက်မှ ဇူလိုင် ပထမပတ်အ ထိ သတ်မှတ်၍ သုံးသပ်ဆောင်း ပါးများ ရေးသားဖော်ပြခဲ့ပြီးဖြစ် သည်။

မူရင်းတင်ထားသည့်နေရာ =>

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...