Ads (728x90)

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ၂၀၁၅ ခုနှစ်က ရှစ်လေးလုံး အရေးတော်ပုံ (၂၇)နှစ်မြောက် အထိမ်းအမှတ်ပြုလုပ်နေစဉ် (ဓာတ်ပုံ - နစ်ကီ)


အစိုးရသစ်လက်ထက် တွင် ပထမဆုံးကျင်းပမည့် ရှစ် လေးလုံးအရေးတော်ပုံ နှစ်ပတ် လည်အခမ်းအနားကို ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ယခင်နှစ်များ အတိုင်း ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ရှစ်လေးလုံးအရေး တော်ပုံ နှစ်ပတ်လည်အခမ်းအ နားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်ရှိ ဓမ္မပီယသာသနာ့ရိပ် သာတွင် နံနက် ၁၀ နာရီကစတင်  ပြုလုပ်မည်ဖြစ်ပြီး နှစ်ပတ်လည် အထိမ်းအမှတ် သ၀ဏ်လွှာများ ဖတ်ကြားခြင်း၊ အထိမ်းအမှတ် ပစ္စည်းများ ပြသခြင်းတို့ ပြုလုပ် မည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကိုသက်ဇော်ကပြောသည်။
‘‘အရင်နှစ်တွေက လုပ်ခဲ့တဲ့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ဆက် လုပ်သွားမှာပါ။ ထွေထွေထူးထူး ပြောင်းလုပ်တာ သိပ်မရှိဘူး။ ငွေ ရတု အထိမ်းအမှတ်တုန်းက ဆုံး ဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ အ ကောင်အထည်ဖော်မှု အစီရင်ခံ စာ ဆက်ထွက်ဖို့လည်းရှိတယ်’’ဟု ၎င်းကပြောကြားသည်။
ယခုနှစ်ပြုလုပ်မည့် အခမ်း အနားသို့  အစိုးရအဖွဲ့ပြည်ထောင် စုအဆင့်ကို ဖိတ်ကြားခြင်းမရှိဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အား ဖိတ်ကြားထားသည်ဟု သတင်းရရှိသည်။
‘‘၀န်ကြီးချုပ်ကတော့ အရေး ပေါ်အစည်းအဝေးရှိလို့ မလာနိုင် ဘူးလို့ သိထားရတယ်။ အစိုးရ ပိုင်းကဆို လွှတ်တော်အမတ်တွေ လောက်ပဲ တက်နိုင်ကြလိမ့်မယ် ထင်တယ်’’ဟု အခမ်းအနားကျင်း ပရေးကော်မတီမှ ကိုအံ့ဘွယ် ကျော်က ပြောသည်။
ယင်းအခမ်းအနားသို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးတက်ရောက်မည်ဟု သတင်းရရှိသည်။
အဆိုပါနှစ်ပတ်လည်နေ့တွင် မြို့နယ်အချို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများ၌ အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့သူများအား အမျှပေးဝေခြင်း၊ စ တုဒိသာကျွေးမွေးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


မူရင်းတင်ထားသည့်နေရာ =>

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...