Ads (728x90)


 ရန်ကုန်အသင်းအိမ်ကွင်း (မြက်ခင်းတုကွင်း)၌ ကျင်းပသည့် ၂၀၁၆ မြန်မာလိဂ်ပွဲစဉ်(၂၀) ရန် ကုန်နှင့် ဇေယျာရွှေမြေတို့ပွဲတွင် မိုးသည်းထန်စွာ ရွာသွန်း၍ ကွင်း အတွင်း ရေ၀ပ်နေမှုကြောင့် ပွဲချိန် ၁၃ မိနစ်ကျော်၌ ရပ်နားခဲ့ရပြီး ဆက်လက်ယှဉ်ပြိုင်ကစားရန် မ ဖြစ်နိုင်၍ ရွှေ့ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၇ ရက်က ကျင်းပခဲ့ သည့်ယင်းပွဲစဉ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ကွင်းအတွင်း ရေ၀ပ် နေမှုကြောင့် ပွဲချိန် ၁၃ မိနစ်တွင် ရပ်နားခဲ့ရပြီး နောက်ပိုင်း၌လည်း ဆက်လက်ကျင်းပရန် မဖြစ်နိုင် တော့၍ ပွဲကို တရားဝင်ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း မြန်မာလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်သည်။ ယင်းပွဲစဉ် ၁၃ မိနစ်ကျော်အထိ ရန်ကုန်အသင်းက ဇေယျာရွှေမြေအသင်းကို ၁-၀ ဂိုးဖြင့် ဦးဆောင်ထား သည်။
ရွှေ့ဆိုင်းခဲ့သည့် အဆိုပါပွဲ စဉ်ကို သြဂုတ် ၁၈ ရက် (သို့မ ဟုတ်) ၂၄ ရက်တွင်ပြန်လည်ကျင်း ပရန်ဆုံးဖြတ်ပြီး ပွဲပြန်လည်ကျင်း ပပါက ယခုရလဒ်အတိုင်း လက် ကျန်မိနစ်များကို ဆက်လက်ယှဉ် ပြိုင်ရမည်ဖြစ်သည်။ ထို့အတူ အ စားထိုးပြန်လည်ကျင်းပမည့် ပွဲ၌ လည်း အသင်းများအနေဖြင့် ယခု ပွဲတွင် အသုံးပြုခဲ့သည့် လူစာရင်းကိုသာ ပြန်လည်အသုံးပြုရမည်ဖြစ်ပြီး ကြားပွဲများကစားစဉ် ဒဏ်ရာရကစားသမား ရှိလာပါက ယင်း ဒဏ်ရာရကစားသမားအ တွက် ဆရာဝန်၏ ထောက်ခံချက် လိုအပ်မည်ဖြစ်သည်။
ရန်ကုန်နှင့် ဇေယျာရွှေမြေ အသင်း ပြန်ကန်ပွဲတွင် လာ ရောက်ကြည့်ရှုမည့် ပရိသတ်များ အားလုံးကို ၀င်ကြေးအခမဲ့ဖြင့် ကြည့်ရှုခွင့်ပေးမည်ဖြစ်ကြောင်း မြန်မာလိဂ် ပြိုင်ပွဲကျင်းပရေးက သတင်းထုတ်ပြန်သည်။

မူရင်းတင်ထားသည့်နေရာ =>

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...