Ads (728x90)



ဆွမ်ဆီးအသင်းမှ ဂါနာ တိုက်စစ်မှူး အန်ဒရေးအာယူးကို ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူရန် ၀က်စ်ဟမ်းအသင်းက သဘောတူ လိုက်သည်။

၂၀၁၅ က မာဆေးအ သင်းမှ ပြောင်းရွှေ့ကြေးအလွတ် ဖြင့် ရောက်ရှိလာသော အာယူး (၂၆) နှစ်သည် ပြီးခဲ့သည့်ရာသီ က ဆွမ်ဆီးအတွက် ၁၂ ဂိုးသွင်း ပြီး ဂိုးသွင်းအများဆုံးကစားသ မားဖြစ်ခဲ့သည်။
လက်ရှိတွင် အာယူးသည် ၀က်စ်ဟမ်းအသင်းနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ ဆွေးနွေး မည်ဖြစ်သည်။ ဆွမ်ဆီးက ဆီဗီ လာအသင်းမှ စပိန်တိုက်စစ်မှူး  ဖာနန်ဒိုလော်ရန်တီကို ခေါ်ယူ ပြီးနောက် အက်သလက်တီကို တိုက်စစ်မှူး ဘော်ဂျာဘက်စတွန် ကို ခေါ်ယူရန် မျှော်လင့်နေသည်။
ဆွမ်ဆီးသည် လက်စတာစီး တီးအသင်းမှ အာဂျင်တီးနား တိုက်စစ်မှူး လီယိုနာဒိုအူယိုလာ ကိုလည်း ခေါ်ယူရန် နီးစပ်နေပြီ ဖြစ်သည်။
ယခုနွေရာသီအတွင်း ဆွမ် ဆီးမှ ရှေ့တန်းကစားသမားများ ဖြစ်သော အဲလ်ဘာတိုပါလော့စ် ချီ၊ အီဒါနှင့် ဂိုမစ်တို့ ထွက်ခွာ သွားခြင်းကြောင့် ယခုကဲ့သို့ တိုက်စစ်အားဖြည့်ရန် ကြိုးစားနေ ခြင်းဖြစ်သည်။
ထိုအတောအတွင်း မန်စီး တီးက အက်သလက်တီကို နေရှင် နယ်အသင်းမှ ကိုလံဘီယာတိုက် စစ်မှူး မာလို့စ်မိုရီနိုကို ပေါင် ၄ ဒသမ ၇၅ သန်းဖြင့် ခေါ်ယူလိုက် ပြီး ဒီပို့တီပို့အသင်းသို့ အငှားပြန် ချထားမည်ဖြစ်သည်။
မိုရီနီု (၁၉) နှစ်ကို ခေါ်ယူပြီး နောက် မန်စီးတီးနည်းပြ ဂွါဒီယို လာသည် ပယ်လီဂရီနီ၏ နေရာ ကို အစားထိုးတာဝန်ယူပြီး နောက်ပိုင်းကစားသမားအသစ်ခေါ်ယူမှု တွင် ငွေအသုံးပြုမှုပေါင်သန်း ၁၀၀ ကျော်သွားပြီဖြစ်သည်။
ဂွါဒီယိုလာသည် ရှော်လ် ကေးတောင်ပံကစားသမား လီ ရွိုင်းရှိန်းနှင့် ဂါဘရီရယ်တို့ကို ခေါ်ယူခဲ့ပြီးနောက် နောက်ခံလူ တစ်ဦးရှာဖွေနေကြောင်း သိရ သည်။           —Ref:BBC
 
 
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...