![]() |
Photo : Wiki |
ဆူဇူကီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းတိုင်းက အကောင်းပြင်ဆင်လာကြမှာဖြစ်လို့ ခက်ခဲတဲ့ပြိုင်ပွဲတစ်ခု
ဖြစ်လာမည်ဟု ဩဂုတ်လ ၂ ရက်နေ့က ကျင်းပခဲ့သော ဆူဇူကီးဖလား မဲခွဲပွဲအပြီးတွင်ပြောသည်။
"ပြိုင်ပွဲမှာ ဘယ်အုပ်စုမှာပဲကျကျ ၀င်ရောက်ယှဉ်ပြိုင်ရမှာပဲလေ။ အုပ်စုခွဲဝေမှုအပေါ်တော့
မကျေနပ်စရာ မရှိပါဘူး။ အသင်းတိုင်းက အကောင်းဆုံးပြင်ဆင်နေတာဖြစ်လို့ ပွဲစဉ်တိုင်းက
ခက်ခဲပါတယ်။ မြန်မာနိုင်ငံကလည်း အိမ်ရှင်ဖြစ်လို့ အကောင်းဆုံး ကြိုးစားပြင်ဆင်သွားမှာပါ။
လာမယ့် ၂၃ ရက်နေ့မှ စခန်းသွင်းလေ့ကျင့်မှု စလုပ်တော့မယ်"ဟု ဦးကြည်လွင် ကပြောသည်။
၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲတွင် လာမည့် နိုဝင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်
လက်ခံကျင်းပသွားမည်ဖြစ်ရာ ယင်းပြိုင်ပွဲအတွက် အုပ်စုဇယားမဲခွဲပွဲကို ဩဂုတ်လ ၂ ရက်နေ့က
နိုဗိုတယ်ဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဆူဇူကီးဖလားပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်းက အုပ်စု(ခ)တွင် ဗီယက်နမ်၊ မလေးရှား၊
ခြေစစ်ပွဲအောင်အသင်းတစ်သင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး အုပ်စု(က)တွင်
လက်ရှိချန်ပီယံ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့ ပါဝင်သည်။
မြန်မာနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသော မလေးရှားအသင်း၏ နည်းပြချုပ် အွန်ကင်မ်ဆွီး
(Ong Kim Swee)က "ပြိုင်ပွဲမှာ အိမ်ရှင်နဲ့ တစ်အုပ်စုတည်း ကျနေပါတယ်။ မြန်မာရော ဗီယက်နမ် ပါ
နောက်တဆင့်ကို တက်နိုင်တဲ့အသင်းတွေပါ။ ဒါပေမယ့် ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်လို့
အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲမတိုင်ခင် နိုင်ငံတကာ ခြေစွမ်းပွဲ ၅ ပွဲလောက် ကစားသွားဖို့
ရှိနေပါတယ်"ဟု ပြောသည်။
မူရင်းတင်ထားသည့်နေရာ =>
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။