Ads (728x90)



သုံးနာရီကျော်ကြာ ဖွင့်ပွဲအခမ်းအနားကျင်းပပြီး နောက် အိုလံပစ်ပွဲတော်စတင်ပြီ ဖြစ်ကြောင်း ဘရာဇီးယာယီသမ္မတ မီချဲလ်တီမာက သောကြာနေ့တွင် ကြေညာသည်။

ရီယိုဒီဂျနေးရိုးမြို့ရှိ နာမည် ကျော် မာရာကာနာအားကစား ကွင်းတွင် အရောင်အသွေးစုံလင် စွာဖြင့် ဖွင့်ပွဲအခမ်းအနားကျင်းပ ပြီးနောက် ၂၀၁၆ အိုလံပစ်ပွဲ တော်ကို တရားဝင်ဖွင့်လှစ်လိုက် သည်။
 မာရသွန် အပြေးသမား ဟောင်း ဗန်ဒါလီဒီလီးမားက အို လံပစ်မီးရှူးတိုင် မကိုင်မြောက်မီ
ကမ္ဘာ့တစ်ဝန်းမှ ရုပ်သံကြည့်ရှုသူ ပရိသတ်သုံးဘီလီယံ၏ ရှေ့မှောက်တွင် ဘရာဇီးနိုင်ငံ၏ ရာဇ၀င်၊ ယဉ်ကျေးမှုနှင့် သဘာဝအလှတို့ကို တင်ဆက်ပြသခဲ့သည်။
တောင်အမေရိကတွင် ပထ မဆုံးကျင်းပသော အိုလံပစ်ပွဲ တော်သည် ရုရှားအားကစားသ မားများ၏ တားမြစ်ဆေးသုံးစွဲမှု အရှုပ်တော်ပုံ၊ ဇီကာဗိုင်းရပ်စ်ပျံ့ နှံ့မှုနှင့် လုံခြုံရေး၊ အခြေခံအ ဆောက်အအုံ၊ ပြိုင်ပွဲကျင်းပရန် နေရာများနှင့် ပတ်သက်သော ပြဿနာများကြောင့် အနှောင့်အ ယှက်များဖြစ်ပေါ်ခဲ့သည်။
သို့သော်ယခုအခါ (၃၁) ကြိမ်မြောက်အိုလံပစ်ပွဲတော်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အသင်းပေါင်း ၂၀၇ သင်း၏ အားကစား ၂၈ မျိုးပြိုင်ပွဲများ စတင် ကျင်းပနေပြီဖြစ်သည်။
အိုလံပစ်ပွဲတော် ဖွင့်ပွဲအ ခမ်းအနားသို့ ဖိတ်ကြားခံရသော ဧည့်သည်တော်များအနက် ဘရာဇီးဂန္ထ၀င်ဘောလုံးသမားကြီး ပီလီ သည် ကျန်းမာရေးမကောင်း၍ မတက်ရောက်နိုင်ခဲ့ပေ။
—Ref:BBCv


Ref; 7daydaily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...