Ads (728x90)

အမြောက်ပစ်ခတ်ထိန်းချုပ်မှုဌာနကိုရောက်တော့ Gun System တွေကအသင့်ဖြစ်နေလေပြီ..။ ဆံခြည်တစ်မျှင်မှမလွဲ
အောင်ပစ်ခတ်နိုင်သော အစွမ်းရှိသည့် လက်နက်စနစ်များ...။ ပစ်ခတ်မှုထိန်းချုပ်စနစ်မှာဝင်ထိုင်လိုက်ရင်း လက်နက်
နှင့်ပတ်သတ်သည့် အခြေအနေများကို စစ်ဆေးလိုက်သည်..။ အားလုံးအိုကေ...။

           “ ကဲ... ဆရာချို Aim off 10ံ ပေးထားပါ... Warning Shot အရင်ပေးလောက်တယ်”
           “ဟုတ်ကဲ့ G.O”

ရေတပ်များ၏ထုံးစံတွင် ရေယာဉ်ပေါ်တက်ရောက်စစ်ဆေးရန်အတွက် ချဉ်းကပ်စဉ် မောင်းပြေးခြင်း အကြောင်းမပြန်
ခြင်းများရှိပါက ပထမတစ်ချက်ကို ကျော်ပစ်ခြင်း သို့မဟုတ် ဘေးနံသို့ ခွာပစ်ခြင်းများ ပြုလုပ်ရသည်။ သတိပေးခြင်း
သဘောမျိုးဖြစ်သည်.။ ထို့အတွက် အမြောက်ထိန်းချုပ်မှု ကိရိယာကို ကိုင်ကာ.. Manual ပြောင်း၍ ဘယ်ညာအထက်
အောက် ကစားလိုက်သည်။ ပဲ့စင်သို့ အသင့်ဖြစ်ကြောင်း Manual ကိုင်ထားကြောင်း သတိပေးခြင်းလဲဖြစ်သည်.....။

ပုံမှန် အပြန်အလှန်ဆက်သွယ်၍ရသော်လည်း အဆိုပါ Intercom မှာပျက်နေသောကြောင့် အသံသားကြားရသည်ပြန်
ပြော၍မရ။ ထို့ကြောင့် လတ်တလော အရေးပေါ်အနေနှင့် အမြောက်ကို ဘယ်ညာ ရွှေ့ပေးခြင်းဖြင် သတင်းမရကြောင်း
သို့ မဖြစ်နိုင်ကြောင်း အထက်အောက်ရွှေ့ပေးခြင်းဖြင့် သတင်းရကြောင်း စသည်ဖြင့် အချက်ပြခြင်းများပြုလုပ်ရသည်။
သိပ်မကြာမှီ ရက်ပိုင်းတွင် သင်္ဘောနှစ်လည်ပြင်ဆင်ရေးအတွက် ပြန်ရတော့မည်ဖြစ်ကာ ဒါတွေအကုန်ပြန်ပြင်ရမည်ပင်
ထိုအချိန်မှာပင် သင်္ဘောအမြန်နှုန်းတက်လာသည်ကို သတိထားလိုက်မိသည်..။ ပြေးပြီထင်သည်..။ ရေဒါဖန်သားပြင်မှ
ပစ်အစက်ကို ကြည့်ရတာ အားမရသဖြင့် မျက်မြင်ပြောင်းလိုက်သည်.. အမြောက်တွင်တပ်ဆင်ထားသော ကင်မရာမှနေ
ကြည့်ခြင်းဖြင့်သည် အနီးကပ်ရန်သူကို ပိုမိုချိန်တွယ်ရလွယ်ကူသဖြင့် ထိုအတိုင်းသုံးသည်ကများသည်..။ မျက်မြင်ရတော့
ထိုလှေမှာ ပြေးနေတာ သေချာပေပြီ မီးခိုးများ မဲထွက်နေအောင် စက်ကုန်မောင်းနေသည်လေ။ ဒီလောက်ဆိုသေချာပြီ
ကျည်ထိုးသည့် ခလုတ်ကို ဖိနှိပ်ချလိုက်သည်။လေဖိအားသုံး ကျည်ထိုးစနစ် ဖြစ်သည့်အတွက် ရှုး ဒုန်း ဟုသော အသံနှင့်
အတူ သင်္ဘောမှ အနည်းငယ်တုန်သွားသည်။ ကျည်ထိုးပြီး၍မှ မကြာ
    
            “ Warning Shot, 1Round, Fire”

သတိပေးသည်အနေနှင့် တစ်ချက်ပစ်ရန် အမိန့်ရလေပြီ။ ပစ်မှတ်ကို တိုက်ရိုက်ချိန်တွယ်လိုက်သည်. ဒဲ့ချိန်သော်လဲ ၁၀ံ
လွှဲပေးထားသဖြင့် ဘေးသို့သာကျမည်လေ... ။ ထို့နောက် အပစ်ခလုတ်ကို ဖတ်ခနဲ ဖိနှိပ်၍ ပြန်လွှတ်လိုက်သည်.. ဒါက
လေ့ကျင့်သားပြည့်ဝမှသာ စက်အမြောက်တစ်လက်ကို တစ်တောင့်ထဲ ပစ်ဖို့ဆိုတာ သိပ်လွယ်တာမဟုတ်ပါ။ သို့သော်..
လေ့ကျင့်ခန်းအနေနှင့် အတောင့် (၅၀၀) နီးပါးပစ်ခတ်ပြီးသော သူတစ်ယောက်အတွက်က သိပ်မခက်ခဲ..။ အုန်း ခနဲ့ ကျည်
တစ်တောင်က လှစ်ခနဲ ပြေးထွက်သွားသည် ကျည်သွားရာလမ်းကြောင်းကို Tracerပါသဖြင့် မြင်နေရလေသည်......။
ပစ်မှတ်လှေ၏ နံဘေး ကိုက်(၁၀၀) ခန့်တွင် ၀ုန်းခနဲ့ ကျရောက်ပေါက်ကွဲသွားသည်ကို မြင်ရသည်။ ထို့နောက် အမြောက်
ကို မူလနေရသို့ပြန်ပို့လိုက်သည်။ ဒီတစ်ခေါက်က မှန်အောင် ပစ်ရတော့မယ်ဆိုတော့ zero setting ကိုပြန်ချိန်ရမည်လေ။

သို့သော်ပစ်ရန်မလိုတော့ လှေက မီးခိုးတွေရပ်သွားလေပြီ။ စက်ရပ်လိုက်သည်သဘောပေါ့။ ဒါဆိုရင်တော့ လှေသိမ်းတပ်
ဖွဲ့အလှည့်ရောက်ပြီး အမြောက်ပစ်ခတ်မှုစနစ်ကို လွှဲပေးလိုက်ရင်း လှေသိမ်းတပ်ဖွဲ့ရှိရာကို ပြေးရတော့သည်။ လမ်းတွင်
ဆက်သွယ်ရေးစစ်သည်က လမ်းလျှောက်စကားပြောစက်လာပေးသည်။ အင်းဒါဆို ကပ်ခွာပေါ့ဟုတွေးမိသည်။ ကပ်ခွာ
ဆိုတာက လှေသိမ်းစဉ်တွင် ကပ်၍ ကြိုးမချည်ပဲ လှေသိမ်းတပ်ဖွဲ့ကို ခုန်တက်စေကာ ချက်ချင်းပြန်ခွာသည်စနစ်ဖြစ်သည်
တဖက်လှေမှပြန်လည်ခုခံနိုင်သည်ဟုယူဆလျှင် သုံးသောစနစ်ဖြစ်သည်။ ရေယာဉ်၏ အမြောက်များမှ ကပ်လျက်အနေ
အထားဖြင် ပစ်ခတ်ရန်မဖြစ်နိုင် ခုခံမှုရှိက လှေသိမ်းတပ်ဖွဲ့ကိုအမြန်ပြန်လည်စုဖွဲ့၍ လှေပေါ်မှချက်ခြင်းခုန်ချရသည်...။

မိမိလှေသိမ်းတပ်ဖွဲ့ ကင်းလွတ်ရာ ရောက်ပြီဆိုသည်နှင့် ထိုလှေကို ပစ်ခတ်နှစ်မြုပ်ပစ်သည့် စနစ်ဖြစ်သည်။  လှေသိမ်း
တပ်ဖွဲ့ကတော့ အဆင်သင့်ဖြစ်နေလေပြီ။ လက်ထဲမှ စကားပြောစက်ကို ထောင်ပြလိုက်တော့ G-3 ကိုင် စစ်သည်နှစ်ဦး
ချက်ခြင်းပြေးဆင်းသွားသည်။ ခုန်ဆင်းခုန်တက်လုပ်မည်ဆိုလျှင် G-3 အလေးချိန်နှင့် အလျားက လွတ်လပ်ခြင်းမရှိ..
ဒါကြောင့် ပိုမိုပေါ့ပါးသေးငယ်သည့် BA-94နှင့်သွားရောက်လဲလှယ်ခြင်းဖြစ်သည်။ အားလုံးကို ကျည်ထိုးခိုင်းပြီး အသင့်
နေရာယူခိုင်းထားလိုက်သည်။ တစ်ပွဲတစ်လမ်းတော့ နွဲရတော့မည်ထင်သည်။

မကြာလိုက်သော အချိန်တွင်ပင်သဘောင်္ဦးကလှေကိုဘေးနားမှဓားလွယ်ခုတ်ဖြတ်တိုက်လိုက်သည်.။ ဘေးခြင်းယှဉ်မိ
သွားစဉ်မှာပင် လှေသိမ်းတပ်ဖွဲ့မှာ ကြောင်ရိုင်းများအလား လွှားခနဲ့ ခုန်တက်က တဖက်လှေပေါ်တွင် နေရာယူပြီးဖြစ်
နေလေတော့သည်။ နေရာယူပြီးသည်ကိုတွေ့သည်နှင့် သင်္ဘောကချက်ချင်းပြန်ခွာသွားတော့သည်။ ဗိုလ်ကြီးမိုးယံထက်
တစ်ယောက် အခြေအနေကို စေ့ငုလိုက်သည် မိမိတို့နေရာယူထားတာက Water Breakerခေါ် ကုန်းပတ်ပေါ် လှိုင်းတက်
လာလျှင် လှေဝမ်းထဲ ရေမ၀င်အောင် ကာထားသည့်နေရာတွင်ဖြစ်သည်။  လှေတည်ဆောက်ပုံ ပုံစံအရ သုံးဖွဲ့ခွဲစီးနင်းရ
မည့် ပုံစံ..။ ဒါကြောင့် နှစ်ယောက်တစ်ဖွဲ့စီခွဲ၍ သွားရမည့် လမ်းကြောင်းများကို ညွှန်ပြလိုက်သည်.။ ကိုယ်တိုင်လည်း..
အခြေအနေကို လေ့လာရင်း ကျည်ကွယ်များကို အသုံးပြုရင်း ပဲ့စင်ဆီသို့ ချဉ်းကပ်လိုက်သည်.။ လှေတစ်စီး၏ အသက်က
ပဲ့စင်လေ. ပဲ့စင်ရသွားလျှင် လှေကိုထိန်းချုပ်ပြီး လိုသလိုမောင်းနှင်နိုင်သည်လေ...။

ပဲ့စင်ဝင်ပေါက်ကိုရောက်တော့ အောက်ဆင်းသည့်တစ်ပေါက်နှင့် အပေါ်တက်သည် အပေါက်တစ်ပေါက်ထပ်တွေ့သည်။
ဒီလိုဆိုရင် အင်ဂျင်ခန်းကိုဝင်သည့်အပေါက်က နောက်မှာမဟုတ် အင်ဂျင်ခန်းထဲဝင်ဖို့ကျတော့လဲ အပေါ်က ဆင်းလာမည့်
ရန်ရှိသည်..။ အပေါ်ကိုတက်ဖို့ကျတော့လဲ အောက်ကတက်လာပါက နောက်ကျောမလုံ။ တစ်ယောက်တစ်နေရာဆီသွား
ဖို့ကလည်း အန္တရာယ်များလှသည်.။ မိမိက ပစ္စတိုနှင့်ဆိုတော့ အလွယ်တကူပစ်နိုင်သည်။ ထို့ကြောင့် အတူပါလာသော....
စစ်သည်ကို ထိုနေရာတွင် နေရာယူထားရန် အနောက်ဖက်တွင် အင်ဂျင်ခန်းဝင်ပေါက်မရှိလျှင် အင်ဂျင်ခန်း သိမ်းရမည့်
တာဝန်ပေးလိုက်သည့် နှစ်ဦးရောက်လာလျှင်လမ်းကြောင်းပြပြီးလိုက်လာရန် အချက်ပြပြီး ပစ္စတိုနှစ်လက်လုံးကိုဆွဲထုတ်
၍ လုံခြုံရေးခလုတ်ဖွင့်လိုက်ပြီး အပေါ်တက်ရမည့်လမ်းကြောင်းအတိုင်း တက်သွားလိုက်သည်။ အပေါ်တွင်တော့ နောက်
ထပ်တံခါးတစ်ချပ် ဆွဲဖွင့်လိုက်ပြီး ပစ္စတိုနှင့် ဟိုဒီထိုးချိန်လိုက်သည် ဘယ်သူမှမရှိ ရှင်းသည်။ ထိုနောက့်အသင့်အနေအထား
နှင့်ပစ္စတိုကိုချိန်ရင်း အထဲကိုလှမ်းဝင်လိုက်သည်။ စိတ်ထဲမှာထင့်ခနဲဖြစ်သွား၍ အပေါ်သို့ ထိုးချိန်လိုက်စဉ် မဲမဲရိပ်တစ်ခုက
ဝုန်းခနဲ ခုန်ဆင်းချလာသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...