Ads (728x90)


Facebook အသုံးပြုသူ 100% မှာ 90% လောက်ကတော့ မိမိတို့ အသုံးပြု
နေတဲ့ Account လေးတွေကို ID Lock မျိုးစုံနဲ့  Disabled Lock တစ်ခုမဟုတ်
တစ်ခုတော့ ကြုံဖူးကြမယ်ထင်ပါတယ် တော်တော်များများ အဲ့ဒီလိုမျိုး မိမိတို့ ရဲ့ 
Facebook Account လေးတွေကို Locked လုပ်ခံရချိန်မှာ အကောင့်ပျက်သွားပြီ
ဆိုပီးတော့ အဲ့ဒီ အကောင့်ကို ပစ်ထားလိုက်ကြပြီး Account အသစ်ပဲ ဖွင့်ပြီး
သုံးလိုက်ကြတာများပါတယ်။

တကယ်တော့ Facebook Account ဆိုတာက မိမိတို့ ကိုယ်တိုင်က မဖျက်ရင်
လုံးဝမှ မပျက်ပါဘူး ဖေ့ဘွတ်က သူတို့ ရဲ့  Privacy တွေ Policy တွေကြောင့်သာ
Locked ( ယာယီအသုံးပြုခွင့်ပိတ်ခြင်း ) ပြုလုပ်တာပဲရှိပါတယ် တော်တော်များများ
ကြုံတွေ့ ရတာကတော့ ID Locked တွေပါ Disabled Locked ကတော့ အဲ့ဒီထဲမှာ
အဆိုးဆုံးပါ ဒါပေမယ့် အဲ့ဒါတွေအကုန်လုံး ID အစစ်အမှန် info အစစ်အမှန်တွေ
ချပြနိုင်ရင်( Facebook Team ဆီကို တင်ပြနိုင်ရင် ) အဲ့ဒီအကောင့်ကို ပြန်လည်
ပြီး အသုံးပြုခွင့်ရပါတယ်။

တစ်ခုသိထားရမှာကတော့ Facebook အသုံးပြုသူ တော်တော်များများဟာ
Account တစ်ခုထက်မက ရှိတဲ့သူများပါတယ် အဲ့ဒီ ရှိသမျှ အကောင့်တွေ
အားလုံးကို ID တစ်ခုထဲနဲ့ တော့ အသုံးပြုလို့ ရမှာမဟုတ်ပါဘူး လူတစ်ယောက်ကို
Account 1 ပဲ အသုံးပြုလို့ ရပါမယ် ID 1 ခု ဆိုရင် Account တစ်ခုပေါ့
အဲ့ဒီတော့ မိမိတို့ အမှန်အကန် အသုံးပြုမည့် Account တစ်ခုကိုသာ info တွေကို
အပြည့်အစုံဖြည့်ပြီးသုံးဖို့ လိုပါမယ် အခြားအကောင့်တွေကိုလည်း info အပြည့်
အစုံဖြည့်ပြီးသုံးပေမယ့် Policies နဲ့ ငြိလို့  Locked လုပ်ခံရရင်တော့ ပြန်လည်ပြီး
အသုံးပြုလို့ ရတော့မှာမဟုတ်ပါဘူး။

ခု ပြထားတဲ့ မေးလ် ထဲမှာပါတဲ့ အကောင့်ဆိုရင် Info တွေကို အမှန်အကန်
ပြည့်ပြည့်စုံစုံ ဖြည့်သွင်းပေးထားလို့  သူ့  Account ကို Facebook Team ကနေ
Policies တစ်ခုခုနဲ့ ငြိစွန်းသွားလို့  Locked လှမ်းလုပ်လိုက်တဲ့အချိန်မှာ ဒီဘက်က
ID ပြန်တင်ပေးပြီး Confirm လုပ်ခိုင်းလိုက်တဲ့အခါမှာ Facebook Team ကနေ
နာရီပိုင်းအတွင်းမှာ ပြန်လည်ပြီး အသုံးပြုခွင့်ပေးလိုက်တာကို မြင်တွေ့ ရမှာပါ။

အဲ့ဒါကြောင့် ဒီအကောင့်လေးကို ID တင်ပေးဖူးသမျှ အကောင့်ထဲမှာ အမြန်ဆုံးပြန်ရတဲ့အကောင့်လေး တစ်ခုအဖြစ် စာရင်းသွင်းမိသွားပါတယ်
တော်တော်များများ ID တင်ပြီးရင် မြန်ရင် ၂ ရက် ကနေ ၁ ပတ်အတွင်းပြန်ရ
တတ်ပြီး ကြာရင် ၁၀ ရက်လောက်ကနေ ၁ လနီးနီးလောက်ထိ ကြာတတ်ပါ
တယ် ဘာလို့ ကြာလဲဆိုတာကတော့ ဖေ့ဘွတ်က ID နဲ့  Account info တွေကို
တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ လက်မခံနိုင်သေးတဲ့အတွက် ရစ်နေတတ်လို့ ပါ။


ဒီအကောင့်ဆိုရင် ...
ID စတင်တာက မနေ့ ည ၈ နာရီ ကျော်ကျော်လောက်က
date: Mon, Sep 19, 2016 at 8:04 PM
subject: Confirm Your Identity with an ID
ဖေ့ဘွတ်က စစ်ဆေးပြီး Unlock ပြန်လုပ်ပေးတဲ့အချိန်က ည ၁၂ ကျော်လေးမှာ
date: Tue, Sep 20, 2016 at 12:19 AM
subject: Thank you for submitting your ID

နာရီပိုင်းအတွင်းလေးမှာတင် ပြန်ပြီး အသုံးပြုခွင့်ပေးလိုက်တယ်။


ဘာလို့ အမြန်ပြန်ရလဲဆိုတော့ တင်ပေးတဲ့ ID ထဲမှာပါတဲ့ အချက်အလက်တွေနဲ့ 
အဲ့ဒီ Account ထဲမှာ ရှိတဲ့ အချက်အလက် ( မွေးနေ့ မွေးရက် , ID ထဲက Photo , Profile Photo, င်္Facebook ထဲမှာ Account ပိုင်ရှင်တင်ထားသည့် သူ့  ပုံတွေ ) ကို တိုက်စစ်ကြည့်ပြီး ဒါက အမှန်အကန် ID နဲ့  အမှန်အကန် info တွေပဲဆိုပြီး
ချက်ချင်း လက်ခံပေးလိုက်ပုံရပါတယ်။


ဒါကြောင့် Facebook အသုံးပြုနေပြီဆိုရင် မိမိတို့  Account ရဲ့  About ထဲမှာ
Info လေးတွေကို ပြည့်စုံအောင်ဖြည့်ထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်
မွေးနေ့ မွေးရက်တွေကို မှန်ကန်စွာဖြည့်သွင်းထားလို့  info တွေပေါက်သွားရင်
ID အတုလုပ်ပြီး i can't login ကနေ Account အခိုးခံရနိုင်တယ်ဆိုပြီး စိုးရိမ်
နေဖို့ မလိုပါဘူး မိမိ မွေးနေ့ မွေးရက်တွေကို အမှန်အကန်ထည့်ပါ ပြီးရင်
Only Me. လုပ်ထားလိုက်ပါ ဒါဆိုရင် အခြားသူတွေ ၀င်ကြည့်ရင် မိမိ
မွေးနေ့ မွေးရက်တွေ ကို မြင်တွေ့ ရမှာမဟုတ်ပဲ မိမိ Account ဖေ့ဘွတ်ပေါ်လစီ
တွေနဲ့ ငြိပြီး ID တင်ဖို့ လိုအပ်လာတဲ့အခါ ID တင်လိုက်ရင် Facebook Team က
ဝင်ရောက် စစ်ဆေးပြီး မှန်ကန်တယ်လို့  ယူဆရင် အမြန်ဆုံး ပြန်လည်ပြီး
အသုံးပြုခွင့်ရမှာပဲဖြစ်ပါတယ်။


အကယ်၍ Info အမှန်တွေ ဖြည့်မထားရင်ရော အဲ့ဒီ အကောင့်ကို ID တင်ပြီး
ပြန်ယူလို့ မရနိုင်ဘူးလားဆိုတော့ ရပါတယ် မိမိ ပုံတွေကို ဖေ့ဘွတ်မှာတင်
နေကျဖြစ်ရင် Profile မှာ မိမိပုံကို တင်ဖူးတယ်ဆိုရင် ID ထဲက ပုံနဲ့  Facebook မှာ
တင်တဲ့ပုံထဲက ရုပ်က တူနေတယ်( ဆင်တူ ဖြစ်နေတယ် ) ဆိုရင် ID တင်ပြီး
ပြန်ယူတဲ့အခါ အနည်းငယ်တော့ အရစ်ခံရပြီး ကြာနိုင်ပေမယ့် ပြန်လည်ပြီးတော့
အသုံးပြုခွင့်တော့ရပါတယ်။


အကောင်းဆုံး အကြံပေးချင်တာကတော့ မိမိ Account ရဲ့  About info ထဲမှာ
မိမိရဲ့  ID ( မှတ်ပုံတင် ) ထဲက မွေးနေ့ မွေးရက် အပြည့်အစုံကို မှန်မှန်ကန်ကန်
ဖြည့်သွင်းထားတာကသာ အကောင်းဆုံး ဖြစ်ပါတယ်။


Aung Kyaw Soe ( 20.9.2016 - 2:15 PM )
#AKS #AungKyawSoeShare

မူရင်းပို့ စ် -  Facebook အသုံးပြုနေရင်း Policies တစ်ခုခုနဲ့ ငြိစွန်းလို့  ID တင်ပြီး မိမိတို့  Account ကို အမြန် ပြန်လည်အသုံးပြုခွင့်ရဖို့ ဆိုရင်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...