Ads (728x90)

(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲအတွက် ကွင်းဝင်ကြေးများ သတ်မှတ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်
လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲများ
အတွက် ကွင်းဝင်ကြေးများကို သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ကွင်းဝင်ကြေးအဖြစ်
အထူးတန်း ကျပ် သုံးထောင်၊
ရိုးရိုးတန်း ကျပ် တစ်ထောင် သတ်မှတ်ထားပြီး တစ်နေ့လျှင် နှစ်ပွဲနှုန်း
ကြည့်ရှုခွင့်ရရှိမည်ဖြစ်သည်။

ဆီးဂိမ်းစ်အကြို အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ရန်ကုန်မြို့ရှိ
သုဝဏ္ဏကွင်းနှင့် နေပြည်တော်ရှိ ဇေယျာသီရိကွင်းတို့တွင် တစ်နေ့လျှင်
နှစ်ပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ (၇)ရက်မှ
(၁၇)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို
ဒီဇင်ဘာ (၁၉)ရက်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဒီဇင်ဘာ (၂၁)ရက်
တို့တွင် ဇေယျာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။
အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များနှင့် နောက်ဆုံးအဆင့်ပွဲစဉ်များ၏
ကွင်းဝင်ကြေးများကိုလည်း ယင်းနှုန်ထားများအတိုင်း ကောက်ခံသွားမည်ဖြစ်ပြီး ပွဲစဉ်များကို
ဒီဇင်ဘာ (၁၀)ရက်မှ (၂၀)ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်း
တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...