Ads (728x90)



Account Lock ကျနေသူများ မကျသေးသူများ အနေနဲ့  ဒါလေးတွေကို မဖြစ်မနေဖတ်ကြည့်ထားဖို့ လိုပါမယ် ဒီနေ့  Aung Phone ထဲက
အကောင့်ကျသွားလို့  အကူအညီတောင်းဖို့ လာအပ်ထားသူတွေရယ်
မကျသေးပဲ ကျရင် အကူအညီတောင်းမယ်ဆိုတဲ့ သူတွေအရမ်းများလို့ 
Aung Phone ထဲက Friends တွေ သိအောင်လို့  သူ့ ကိုပဲ Tag တွဲပြီး
တင်ပေးလိုက်ပါတယ် ဖြစ်ပြီးသားသူတွေရော မဖြစ်သေးသူတွေပါ
ဒါလေးတွေကို ဖတ်ထားသင့်ပါတယ်။  :D

 
( Facebook အသုံးပြုနေရင်း Policies တစ်ခုခုနဲ့ ငြိစွန်းလို့  ID တင်ပြီး မိမိတို့  Account ကို အမြန် ပြန်လည်အသုံးပြုခွင့်ရဖို့ ဆိုရင် )
https://www.facebook.com/CityHunter.mm/posts/699186390237019
ဒါကတော့ အကောင့် Lock ကျသွားလို့ ပဲ ဖြစ်ဖြစ် Disabled ကျသွားလို့ ပဲ
ဖြစ်ဖြစ် Facebook Team ဆီကနေ အဲ့ဒီအကောင့်ကို ပြန်လည်ပြီး အသုံးပြုခွင့်
တောင်းခံရာမှာ ဘာတွေလိုအပ်တယ် ဆိုတာလေးတွေရယ် မိမိတို့  ရဲ့ 
Lock မကျသေး Report မမိသေးတဲ့ Account လေးတွေထဲမှာ ဘယ်လို
info လေးတွေ ထည့်ထားရင်တော့ အကောင့်ကျသွားတဲ့အချိန်မှာ
အဲ့ဒါလေးတွေကြောင့် အမြန်ပြန်ပြီး အသုံးပြုခွင့်ရနိုင်တယ်ဆိုတာ
လေးတွေကို ဗဟုသုတအနေနဲ့ သိရှိနိုင်တဲ့ Post လေးပါ မဖြစ်မနေ
ဖတ်ထားသင့်ပါတယ်။ :D

 
( Facebook Vs Your Name ( သို့ မဟုတ် ) Name Locked ဖြစ်ရခြင်းနှင့် မဖြစ်အောင်ကာကွယ်နည်း )
https://www.facebook.com/notes/aung-kyaw-soe/facebook-vs-your-name/532740613548265
ဒါကတော့ ပေါက်တတ်ကရ နာမည်တွေပေးထားသူတွေအတွက်
မိမိတို့  Account လေးတွေကို ဖေ့ဘွတ်ဆာဗာက စစ်ဆေးတဲ့အချိန်မှာ
မတွေ့ သေးခင် ဒါမှမဟုတ် Report လုပ်တဲ့သူတွေ Report မလုပ် သေးခင်မှာ
Name ပေါက်တတ်ကရပေးထားတာကို ပြန်ပြီးတော့ ချိန်းထားဖို့  လိုတယ်
ဆိုတာလေးနဲ့ ပါတ်သက်ပြီး သတိပေးထားတဲ့ Post လေးပါ မဖြစ်မနေ
ဖတ်ကြည့်ထားဖို့ တော့ လိုပါတယ် ဒါဆိုရင် Name Lock ကျမှာ သိပ်ပြီး
ပူစရာမလိုတော့ဘူးပေါ့။ :D

 
--------------------------------------------------------------------------------
အမှန်တကယ်က Facebook Team ကနေ သူတို့ ရဲ့ ပေါ်လစီတွေထဲက
တစ်ခုခုနဲ့ ငြိစွန်းသွားလို့  ပိတ်လိုက်တဲ့ အကောင့်တွေကို ပြန်လည်တောင်းခံ
( ID တင်ပြီး ပြန်ယူ ) တာဟာ သိရင်တော့ လွယ်လွယ်လေးပါ ကိုယ့်အကောင့်
ယာယီအသုံးပြုခွင့် အပိတ်ခံရတာ ဘာကြောင့်လဲ ဆိုတာ သိပြီးတော့
ID တင်လိုက်လို့  Facebook Team ကနေ ဘာတွေ လိုအပ်တယ်
ဘာကြောင့် ပြန်မပေးသေးဘူး ဘာတွေကတော့ ကိုက်ညီမှုမရှိဘူး
ဆိုတဲ့ စာတွေပြန်လာတာကိုကြည့်ပြီး သူတို့ တောင်းခံထားတဲ့ အရာတွေ
( အချက်အလက်တွေ) ကို သူတို့ လက်ခံနိုင်လောက်အောင် တင်ပေးလိုက်ရင်
Facebook Team က အဲ့ဒီ အကောင့်ကို ပြန်လည်ပြီး အသုံးပြုခွင့်ပေးပါတယ်။


မတင်တတ် တင်တတ်နဲ့ တင်တယ် Facebook Team က ပြန်လာတဲ့စာလဲ
သေခြာဖတ်မကြည့်ဘူး သူတို့ လိုချင်တဲ့ အချက်အလက်အပြည့်အစုံလဲ
တင်မပေးပဲ တင်ချင်သလို ဆက်တိုက်တင်နေရင်တော့ ဖေ့ဘွတ်ကလူတွေက
ရစ်ပီးတော့ အဲ့ဒီအကောင့်ကို တော်တော် နဲ့ ပြန်ပေးမှာမဟုတ်ပါဘူး
အကောင်းဆုံး အကြံပေးချင်တာကတော့ ဒီနေရာ https://www.facebook.com/help/159096464162185?ref=cr လေးမှာ သွားပြီး ဘယ်လို ID အမျိုးအစားတွေကို သူတို့ ကလက်ခံတာလဲ ဘယ်လိုအချက်အလက်တွေပါမှ သူတို့ လက်ခံတာလဲဆိုတာ သေခြာလေး လေ့လာပြီးမှ ID တင်သင့်ပါတယ်။


နောက်ပြီးတော့ ID တင်ဖို့ ကို တွေ့ သမျှ လူတွေဆီမှာ လိုက်ပြီးတော့
အကူအညီမတောင်းသင့်ပါဘူး ဖြစ်နိုင်ရင် ကိုယ်တိုင် တင်တာက
အကောင်းဆုံးပါပဲ ID တင်နည်းတွေကို www.google.com ကနေ
ရိုက်ရှာလိုက်ပါ ဘယ် ID ဆို ဘယ်လိုတင်ရတယ်ဆိုတာက အစ
မြန်မာလိုရေးသားပြီး ပြန်လည် Share လုပ်ထားတာတွေရှိပါတယ်
သေခြာလိုက်ဖတ်ပြီးတော့ လိုက်လုပ်လိုက်ပါ တွေ့ သမျှ လူတွေဆီမှာ
လိုက်ပြီးတော့ ID တင်ခိုင်းတဲ့အခါမှာ ကိုယ်ရဲ့  info ( ကိုယ်ရေးကိုယ်တာ အချက်အလက် ) တွေ ပေါက်ကြားပါတယ် မဟုတ်က ဟုတ်က လုပ်တဲ့
သူတွေနဲ့ တိုးရင် ကိုယ့်ရဲ့  ID Card တွေ ကိုယ့်ရဲ့  info တွေကို
အသုံးချသွားနိုင်ပါတယ်။


ကျွန်တော်ကတော့ အချိန်ပြည့် အားလပ်နေတဲ့သူတော့မဟုတ်ပါဘူး
အားနေတဲ့အချိန်လေးတွေမှာတော့ တတ်နိုင်သလောက် ကူညီပေးပါတယ်
မသိနားမလည်သေးတဲ့သူတွေအပေါ်မှာ ဖျံကျပြီး အခကြေးငွေတွေ
တောင်းပြီး ကူညီပေးသူတွေကို ရွံရှာမိလို့  မည်သူ့ ကိုမဆို အခမဲ့ပဲ
ကူညီပေးပါတယ် ကျွန်တော်ကူညီပေးလိုက်လို့ ဆိုပြီး ဘယ်တော့မှ
မည်သူ့ ဆီကမှ မည်သည့်အကျိုးအမြတ်ကိုမှ မတောင်းဆိုခဲ့ပါဘူး
ကျွန်တော်ကူညီပေးလိုက်လို့  အဲ့ဒီတစ်ယောက် အဆင်ပြေသွားတယ်
ပျော်ရွှင်သွားတယ်ဆိုရင်ပဲ အဲ့ဒီအတွက် ပီတိဖြစ်ပါတယ် အဲ့ဒီပီတိကိုပဲ
စားသုံးပါတယ် ဒါကြောင့် Message Box ကနေ အကူအညီ လာတောင်း
တဲ့အခါမှာ ဖုန်းဘေလ်ဖြည့်ပေးရမှာလား ပိုက်ဆံဘယ်လောက်ပေးရမှာလဲ
ဆိုတဲ့ စကားတွေ လုံးဝ လုံးဝမှ မပြောမိဖို့ တော့ လိုပါမယ် ( တစ်ချို့ အကူအညီ
လာတောင်းရင် အရင်ဆုံး အဲ့ဒီ မေးခွန်းတွေ အရင်မေးတတ်လို့ ပါ )
ကျွန်တော်က ကုမ္ပဏီတစ်ခုရဲ့  ၀န်ထမ်းဖြစ်နေတဲ့အတွက် အချိန်ပြည့်တော့
အားလပ်မနေပါဘူး သို့ ပေမယ့် အားနေတဲ့အချိန်ပိုင်းလေးတွေမှာတော့
အခမဲ့ ကူညီပေးလျှက်ရှိနေပါတယ်။ :)
 
Aung Kyaw Soe ( 23.9.2016 - 6:53 PM )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...