Ads (728x90)


စစ်ဆိုတာ မဖြစ်ရင်အကောင်းဆုံးပါပဲ ပြည်တွင်းစစ်ဆိုတာကတော့ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီးခွပ်နေတာနဲ့ အတူတူပဲ စဖြစ်ပြီဆိုတာနဲ့ 
နှစ်ဖက်လုံးရှုံးပါတယ် စစ်ပွဲမှာဘယ်သူနိုင်နိုင် ဘယ်ဘက်က ဘယ်လောက်သေသေ တစ်ပြည်ထဲဖွား သွေးချင်းတွေဖြစ်လို့  မိသားစုဝင်အချင်းချင်း ရန်ဖြစ်ဖြစ် လက်လွန်ခြေလွန်တွေ ဖြစ်တာနဲ့ အတူတူပါပဲ။

ဒါနဲ့ များတောင် ဘာလို့  ပြည်တွင်းစစ်တွေဖြစ်အောင် မီးမွှေးနေကြတာပါလိမ့်..။.

တိုင်းရင်းသားတွေကို လက်နက်မကိုင်ရဘူးလို့  မပြောဘူး
ကိုင်ချင်ရင် ကိုင်ကြပါ လက်နက်ကိုင်ပြီး ဒီတိုင်းပြည်ထဲက ဒီလူမျိုးတွေအချင်းချင်း ပြန်ပြီး သတ်ဖြတ်ဖို့ တော့ မလုပ်သင့်ဘူး
လက်ရှိ လက်နက်ကိုင်တိုင်းရင်းသား တော်တော်များများ ကိုယ့်တိုင်းရင်းသားတွေအတွက် လက်နက်ကိုင်တယ်ပြောတယ် ပါးစပ်ပြောပဲ ပြောပြီး လက်တွေ့ မှာ မြင်ရသလောက်က ကိုယ့်တိုင်းရင်းသားမျိုးနွယ်တွေ အကျိုးယုတ်စေမယ့် လမ်းတံတားတွေပျက်စီးအောင် မိုင်းထောင်၊ ဗုံးဖောက်၊ ဆပ်ကြေးကောက်၊ ပေါ်တာဆွဲ၊ ကိုယ့်တိုင်းရင်းသား မျိုးနွယ်တူအချင်းချင်း ပြန်သတ် အိမ်ယာတွေမီးရှို့ ပဲ လုပ်ကြတာ တွေ့ ရတယ်။

လက်နက်ကိုင်ပြီး စစ်တပ်နဲ့ ထိပ်တိုက်တွေ့ တော့ ကိုယ့်တိုင်းရင်းသားတွေပဲ စစ်ဘေးဒုက္ခသည်တွေ ဖြစ်ရတယ် ဒါကိုတော့ ထည့်မတွက်ပဲ တိုင်းရင်းသားတွေ ကောင်းဖို့ လို့ တွင်တွင်အော်ပြီး လက်နက်ကိုင် ပုန်ကန်နေတာ အကျိုးမရှိပဲ အကျိုးယုတ်နေတယ်ဆိုတာ မသိကြတာလား ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်မွေးပြီး လက်နက်ဆက်ကိုင်နေကြတာလား...။

တကယ်တော့ တိုင်းပြည်တစ်ခုမှာ တပ်မတော်(စစ်တပ်) ဆိုတာ တစ်ခုပဲရှိရပါတယ် နိုင်ငံ့ တပ်မတော်(စစ်တပ်) ဆိုတာက တိုင်းတစ်ပါးရန်ကနေကာကွယ်ပေးဖို့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ အစည်းဖြစ်သလို ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေနဲ့  ပြည်သူတွေအေးအေးချမ်းချမ်းနေထိုင်ရအောင် ပြို့ ရွာတွေ အေးချမ်းသာယာစွာ ငြိမ်းငြိမ်းချမ်းချမ်း တည်ရှိအောင် လုံခြုံရေးယူပေးနေတဲ့ နိုင်ငံတော်တည်ဆောက်ရေးတွေမှာလည်း အသက်၊ သွေး၊ ချွေး တွေနဲ့ ပေးဆပ်ပြီး ပြည်ကျိုးပြု ပေးနေတဲ့ နိုင်ငံသားကောင်း ပရဟိတသမားတွေပါ။

တိုင်းရင်းသားလက်နက်ကိုင် ဆိုသူတွေကတော့ ဟိုတိုင်းရင်းသား
လက်နက်ကိုင်တပ်မတော် ဒီတိုင်းရင်းသားလက်နက်ကိုင်တပ်မတော်လို့ 
ခေါင်းစဉ်တွေတပ်ပြီး အစိုးရနဲ့  ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်ပေးနေတဲ့ ပြည်သူ့ တပ်မတော်ကို ပုန်ကန်နေမှတော့ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့  တပ်မတော်ဆိုတာကို မသုံးသင့်တော့ပါဘူး
အေးချမ်းတည်ငြိမ်နေမှုတွေကို ပျက်စီးအောင် လုပ်ဆောင်နေပြီး ဒီနိုင်ငံရဲ့ အစိုးရကို ပုန်ကန်နေမှတော့ သူပုန်တွေဖြစ်နေပါပြီ
တိုင်းရင်းသား လက်နက်ကိုင်ဆောင်သူတွေကို မေးချင်တာက တိုင်းရင်းသား အကျိုးစီးပွားအတွက် လက်နက်ကိုင်ဆောင်နေတယ်ပြောပြီး လက်တွေ့ မှာ အကျိုးမရှိတာတွေလုပ်နေတယ်( ဖြစ်နေတယ် ) ဘာရည်ရွယ်ချက်နဲ့  လက်နက်ဆက်ကိုင်ပြီး ပုန်ကန်နေမှာလဲ...?
တိုင်းရင်းသားတွေအတွက် ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် အမှန်တကယ်လက်နက်ပြီး ပေးဆပ်မယ်ဆို ပေးဆပ်ကြပါ ပါးစပ်ပြောလေးနဲ့ လူမျိုးကောင်းစားဖို့ ပြောပြီး သူပုန်လုပ်မနေကြပါနဲ့ တော့...။

တိုင်းရင်းသားတွေ ဘာကြောင့် လက်နက်ကိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်လို့ တော့ လာမပြောစေချင်ဘူး သမိုင်းကြောင်းပြန်လှန်ပြီး အတိတ်က ဖြစ်ခဲ့တာတွေကို ပြောင်းလဲပစ်နိုင်မှာလား လက်ရှိ ပစ္စုပ္ပါန်ကို ပြောင်းလဲနိုင်မှာလား ဒီလိုပဲ လက်နက်ကိုင် ပုန်ကန်နေရင်ရော အနာဂတ်တွေလှပလာနိုင်မှာလား ဦးဏှောက်လေးတွေသုံးပြီး ချင့်ချိန်စဉ်းစား လုပ်ဆောင်ကြစေချင်ပါတယ် ရေလိုက်တွေမလွဲကြပါနဲ့ တော့ အမြင်မှန်ရကြပါတော့ တိုင်းရင်းသား လက်နက်ကိုင် အားလုံးအနေနဲ့ 
မှန်ကန်တဲ့ လက်နက်ကိုင်ဆောင်မှုကိုသာ ပြုလုပ်ကြပါ လို့ သာ...။

Aung Kyaw Soe ( 23.11.2016 - 4:20 PM )

အောက်က ပို့ စ်ကတော့ သူများဆီက ကူးလာတာပါ သူပုန်ကို သူပုန်လို့ ခေါ်တာကို နာနေသူတွေ သိဖို့ ပါ။
-------------------------------------------------------

ဗကပ ဆိုတာဗမာတွေဦးဆောင်တာပဲ
ပြည်သူလူထုအသက်အိုးအိမ်ကိုခြိမ်းခြောက်လာတော့
အစိုးရရဲ့တာဝန်အရ ဗမာသူပုန်ကိုတိုက်ရတာပဲ
လူမျိုးကိုတိုက်တာမဟုတ်ဘူး..သူပုန်ကိုတိုက်တာ
ကချင်ဖြစ်လို့.. ရခိုင်ဖြစ်လို့ဆိုပြီးတိုက်တာမဟုတ်ဘူး
ဒီလောက်ရိုးရှင်းတဲ့အခြေခံအမြင်လေးတောင်မရှိဘဲ
တိုင်းရင်းသားတွေကိုဗမာတွေကအနိုင်ကျင့်တယ်လို့
ဝါဒဖြန့်နေသမျှ
ငြိမ်းချမ်းရေးညီလာခံကြီးဘယ်လောက် ဟီး နေအောင်
လုပ်လုပ်
ဆွေးနွေးညှိနှိုင်းခြင်းနဲ့ဘယ်တော့မှငြိမ်းချမ်းရေးမရနိုင်
ဘူး..
ငြိမ်းချမ်းရေးကို ဆွေးနွေးညှိနှိုင်းခြင်းနဲ့ရယူလိုရင်
ကျဉ်းမြောင်းတဲ့လူမျိုးရေးအမြင် ကိုဖျောက်ပါ..
အခုနိုင်ငံတော်ကိုဦးဆောင်နေသူတွေ တပ်မတော်ကို
ဦးဆောင်နေသူတွေဟာ ဗမာလူမျိုးစစ်စစ်တွေလား..
တိုင်းရင်းသားမျိုးနွယ်တွေလားပြန်စစ်ကြည့်ကြပါအုံး
#နောင်တော်သောင်းအေး


Ref ;  အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်နေကြဦးမှာလား...?

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...