Ads (728x90)


Broadband ဆိုတာ ယနေ့ခေတ်ရဲ့ မြန်နှုန်းမြင့် အချိန်နဲ့ တစ်ပြေးညီ ဆက်သွယ်နိုင်တဲ့ နည်းလမ်းဖြစ်ပါသည်။ စာပို့ခို ဆိုတာကတော့ ရောမခေတ်ကတည်းက အသုံးပြုလာရတဲ့ ဆက်သွယ်ရေး နည်းလမ်းပင်ဖြစ်ပါတယ်။

ဒါပေမယ့်၊ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းမှာတော့ Broadband ရဲ့ အမြန်နှုန်းနဲ့ စာပို့ခိုများရဲ့ အမြန်နှုန်းကို တိုင်းတာနှိုင်းယှဉ် ခဲ့ရာမှာတော့ Broadband ရဲ့ အမြန်နှုန်းဟာ အလဲအကွဲနဲ့ နောက်ကောက်ကျခဲ့ ရပါတယ်။

alt

boradband_vs_pigeons_speed_test.jpg

ဒီလိုဆိုတော့ စာဖတ်သူတို့ အနေနဲ့လည်း မြန်မာနိုင်ငံမှာပဲ ဒီယှဉ်ပြိုင်မှုကို လုပ်ခဲ့တာလားဟု ထင်စရာဖြစ်လာပါတယ်။ မဆိုးရိမ်ပါနဲ့။ အင်တာနက် အမြန်နှုန်း နှေးကွေးမှုကို ဗြိတိန်နိုင်ငံမှာလည်း ရင်ဆိုင်နေရပါတယ်။

အထက်ပါ စမ်းသပ်မှုဟာ ဗြိတိန်နိုင်ငံရဲ့ နယ်ဝေးဒေသများမှာ နေထိုင်သူများ အသုံးပြုနေတဲ့ Broadband အင်တာနက်ရဲ့ အမြန်နှုန်းကို မှတ်ကျောက်တင်ဖို့ ဆောင်ရွက်ခဲ့တာလို့ သိရှိရပါတယ်။

ဤစမ်းသပ်မှုတွင် USB Key သယ်ဆောင်သည့် စာပို့ခိုများအား (ခေတ်နှင့်အညီ ခိုများလည်း USB ကိုင်ပါသည်) အင်္ဂလန်နိုင်ငံ မြောက်ပိုင်း Yorkshire ဒေသမှ စတင်စေလွှတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ၅ မိနစ်စာ (၃၀၀ MB) ဗီဒီယိုဖိုင်အား upload ပြုလုပ်ခဲ့သည်။

၁ နာရီ ၁၅ မိနစ်အကြာတွင် စာပို့ခိုများက ကီလိုမီတာ ၁၂၀ အကွာ အင်္ဂလန်အရှေ့ပိုင်းရှိ Skegness မြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့တဲ့အချိန်တွင် Broadband အင်တာနက်ဖြင့် ဗီဒီယိုဖိုင် upload လုပ်နေသည်မှာတော့ ၂၄ ရာခိုင်နှုန်းသာ ပြီးဆုံးသေးသည်ကို တွေ့ရှိခဲ့ရသည်။

စမ်းသပ်မှုအား ဆောင်ရွက်ခဲ့သူများက ဤစမ်းသပ်မှုသည် ဗြိတိန်နိုင်ငံရှိ နေရာအနှံ့အပြားတွင် တပ်ဆင်ပေးထားသည့် Broadband အမည်ခံ အင်တာနက်မှာ အသုံးမဝင်ကြောင်း ပြသလို၍ဖြစ်သည်ဟု သိရှိရသည်။

ယခုကဲ့သို့ စမ်းသပ်ယှဉ်ပြိုင်မှုသည် ပထမဆုံးအကြိမ် မဟုတ်ပဲ ယမန်နှစ်ကလည်း တောင်အာဖရိကနိုင်ငံတွင် အလားတူ စမ်းသပ်မှုတစ်ခုအား ပြုလုပ်ခဲ့သည်။ ယင်း၌ စာပို့ခိုများက ၉၆ ကီလိုမီတာ အကွာအဝေးအား ၂ နာရီဖြင့် ရောက်ရှိအောင် ပျံသန်းသွားသည့် အချိန်အတွင်း၌ ၄ GB ရှိ ဖိုင်အား download ပြုလုပ်ရာ ၄ ရာခိုင်နှုန်းသာ ပြီးဆုံးခဲ့သည်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။
ယင်းအဖွဲ့နှင့် ခိုများအား မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ပြီး စမ်းသပ်ခိုင်းလျင်ဟု တွေးရင်း . . .

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...