Ads (728x90)

မစ်ဆုံ ဆည် ကိစ္စ တွင် ပြည်သူများ ၏ ဝေဖန် ကန့် ကွက် မှု ကို ရရှိ ခဲ့ သည့် အမှတ် (၁) လျှပ် စစ် ၀န် ကြီးဦးဇော်မင်း အား သမ္မတ ဦးသိန်းစိန် ၏ အမိန့်  ဖြင့် ယနေ့  မှ စတင် ကာ ရာထူး တာဝန် မှ နှုတ်ထွက် ခွင့် ပြူ လိုက် သည် ဟု သမ္မတ ရုံး အင်တာနက် စာ မျက် နှာ တွင် ဖော် ပြထား သည်။

၎င်း နှင့် အတူ မြစ်ဆုံ ဆည် တည်ဆောက် ရေး စီမံကိန်း ကို အကောင် အထည် ဖော် ခဲ့ ရသူ တစ် ဦး ဖြစ် သည့် ဆောက် လုပ် ရေး ၀န်ကြီး ဌာန ၀န်ကြီး ဦးခင်မောင်မြင့် ကို လည်း နှုတ် ထွက် ခွင့် ပြု ကြောင်း ဖော် ပြထား သည်။

ပြီးခဲ့ သည့် လအနည်း ငယ် အတွင်း က မြန်မာ နိုင်ငံတွင်း ဉ် လျှပ် စစ်မီး ပြတ်တောက်မှု များ ဖြစ် ပေါ် စဉ် ပြည်သူ များ က ဦးဇော်မင်း နှုတ် ထွက် ပေး ရန် တောင်း ဆို ခဲ့ သည်။

ဦးဇော်မင်း သည် ပြီး ခဲ့ သည့် နှစ် က ကျင်း ပသည့် သတင်း စာရှင်းလင်း ပွဲ တစ်ခု ဉ် တရုတ် နိုင်ငံ သို့  လျှပ် စစ် ယူနစ် များ ရောင်း ချခြင်း သည် ပိုလျှံ ၍ ရောင်း ချ ခြင်း ဖြစ်သည် ဟု ပြောကြား ခဲ့ သည်။

ထို သတင်း စာ ရှင်း လင်း ပွဲ မှာ သူက ပြည်သူ များ ကန့် ကွက် နေ သည့် ကြား မှ မြစ်ဆုံ ဆည် တည် ဆောက် မှု ကို နောက် ဆုတ် မည် မဟုတ် ဟု ပြောကြား ခဲ့ သည်။


credit to - Freedom News Group ( Burma )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...