Facebook Messenger မှ လုံခြုံရေးစနစ်အသစ်တစ်ခုအဖြစ်
စမတ်ဖုန်း (သို့) စက်တစ်ခုတွင်သာ အသုံးပြုနိုင် သည့်လျှို့ဝှက်စာတိုစနစ်
တစ်ခုအားထည့်သွင်းမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ စာတိုစနစ်မှာ Messenger
အသုံးပြုသူတစ်ဦး နှင့် တစ်ဦး လျှို့ဝှက်စွာ စကားပြောနိုင်ပြီး Facebook
အကောင့်အား အခြား စက်ပစ္စည်းတစ် ခုခုမှ ဝင်ရောက်ကြည့် ရူပါက လျှို့ဝှက်စာတိုစနစ်အသုံးပြုထားသော စကားစမြည် အားတွေ့မြင် ရမည်မဟုတ် ကြောင်းသိရသည်။ ယခုကဲ့သို့လုံခြုံရေးစနစ်အား WhatsApp တွင် ပြီးခဲ့သော ဧပြီလက စတင်စမ်းသပ် အသုံး ပြုလျက်ရှိကြောင်းသိရသည်။
အဆိုပါ စာတိုစနစ်မှာ အကောင့်ခိုးခံရသူများအတွက်များစွာ
အထောက် အကူပြုပြီး Messenger သည် Apple ၏ဝန်ဆောင်မူများ ဖြစ်သော iMessage
နှင့် Facetime တို့ဖြင့် ရင်ဘောင်တန်း နိုင်သော Messaging Application
တစ်ခုဖြစ်လာကြောင်းသိရသည်။ လျှို့ဝှက်စာတိုစနစ်တွင် ဓါတ်ပုံ ၊ ဗီဒီယို
နှင့် GIF ဖိုင်များပါ အသုံးပြုနိုင်ပြီး ပြီးခဲ့သော Messenger Update
တွင်အသုံးပြုနိုင်သော Emoji အခုပေါင်း ၁၅၀၀ ခန့်ကိုပါ အသုံး
ပြုနိုင်ကြောင်း သိရသည်။ Messenger အနေဖြင့် မကြာမှီတွင်
ကမ္ဘာ့ပေါ်တွင်အကောင်းဆုံး Messaging Application တစ်ခု ဖြစ်လာနိုင်သည်ဟု
နည်းပညာသုတေသီ များကသုံးသပ်သည်။
# Democracy Today
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။