Ads (728x90)




စည်းကမ်း ( DISCIPLINE )
အစောပိုင်းကာလတစ်ခုကတည်းက ကျွန်တော်ဟာ စည်းကမ်းဆိုတဲ့ကိစ္စကို ခေါင်းထဲရိုက်သွင်းခံခဲ့ရတယ်။ ကျွန်တော့်အဖေဟာ တကယ့်ကို စည်းကမ်းကြီးတဲ့ သူတစ်ယောက်ပါ။ သူဟာ ခက်ခဲပြီး အန္တရာယ်များတဲ့ အလုပ်တစ်ခုဖြစ်တဲ့ သဘောင်္တည်ဆောက်ရေးလုပ်ငန်းက အလုပ်သမားတစ်ယောက်။သူဟာ စကားသိပ်မပြောပါဘူး။ စကားနည်းပြီး ခေါင်းမာတဲ့သူတစ်ယောက်ဖြစ်နိုင်ပေမယ့် ကျွန်တော့်အဖေ ဟာ ထက်မြက်တဲ့သူတစ်ယောက်ပါ။ သူဟာ ၁၄နှစ်မှာ ကျောင်းထွက်ခဲ့ပေမယ့် အချိန်တိုင်း စာဖတ်လေ့ရှိတဲ့ ကိုယ်တိုင်လေ့လာသူတစ်ယောက်ပါ။ သူ့ရဲ့ဆန္ဒက ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့်ကို လက်မှုပညာရှင်ဖြစ်စေချင်ခဲ့တာ။ ကျွန်တော် အလုပ်သင်လက်သမားကာလပြီးသွားသည့် တိုင်အောင် ကျွမ်းကျင်ဘောလုံးသမားတစ်ယောက်ဖြစ်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တယ်။ ကျွန်တော့်အဖေဟာ ကျွန်တော်တို့ကို ငယ်ငယ်လေးကတည်းက စည်းကမ်းရိုက်သွင်းခဲ့တယ်။ ကျောင်းတက်ရတဲ့ ရက်တွေဆိုရင် မနက်ခြောက်နာရီဆို ကျွန်တော့်ခြေထောက်ကို အချိန်မီလှုပ်နှိုးလေ့ရှိတယ်။ သူဟာ ၆နာရီ ၄၅မိနစ်ဆို အိမ်ပြင်ရောက်နှင့်နေပြီ။ ဂိတ်ပေါက်တွေမဖွင့်ခင် လုပ်ငန်းခွင်ထဲရောက်နေချင်ပြီ။ ဒီအကျိုးကျေးဇူးတွေကြောင့်ပဲ ဆယ်စုနှစ်အတန်ကြာ မန်နေဂျာဖြစ်ခဲ့စဉ်က ကျွန်တော်ဟာ နွားနို့သမားမရောက်ခင် အလုပ်က်ု ရောက်နှင့်နေတတ်တဲ့ အကျင့်ရလာတာဖြစ်နိုင်ပါတယ်။ ကျွန်တော် ဘောလုံးအားကစားနဲ့ ဝင်ငွေရှာတာစတင်ခဲ့ပြီးနောက် စနေနေ့ညတိုင်းအပြင်ထွက်လေ့ရှိခဲ့တယ်။ ကျွန်တော့်အဖေက ဒါကို မကြိုက်ပါဘူး။ကျွန်တော်ဟာ ဘဝမှာ သာယာယစ်မူးနေခဲ့တယ်လို့ အဖေတွေးခဲ့တယ်။ အဖေနဲ့ ကျွန်တော် ခြောက်လလောက် စကားမပြောဖြစ်ခဲ့ကြဘူး။ ကျွန်တော်တို့နှစ်ယောက်ဟာ တစ်ထေရာတည်းကို တူလွန်းခဲ့တယ်။ ... > ဆက်လက်ဖတ်ရှုရန် Read More ကိုနိုပ်ပါ
 ကျွန်တော် အသက် ဆယ့်လေးနှစ်အရွယ်မှာ စကော့တလန်က အကြီးဆုံးအပျော်တမ်းဘောလုံးအသင်းဖြစ်တဲ့ Drumchapel Amateurs မှာ စတင်ကစားခဲ့တယ်။ ဒီအသင်းကို သဘောင်္လုပ်ငန်းပိုင်မိသားစုက လူချမ်းသာတစ်ယောက်ဖြစ်တဲ့ ဒေါက်ကလပ်စ် စမစ် ပိုင်ဆိုင်တာဖြစ်ပါတယ်။ သူဟာ ဂလပ်စကို မြို့လယ်ကReid’s tea room နဲ့ ချိတ်ဆက်ထားတဲ့အတွက် ကစားသမားတွေဟာ နေ့လည်စာကို အခမဲ့ စားသောက်နိုင်ပါတယ်။ သူက ၁၈နှစ်အောက်၊ ၁၇နှစ်အောက်၊ ၁၆နှစ်အောက်၊၁၅နှစ်အောက်နဲ့ ၁၄နှစ်အောက်ဆိုပြီး အသင်းငါးသင်းဖွဲ့ပါတယ်။ ပိတ်ရက်တိုင်း ကျွန်တော်တို့ကို ဂလပ်စကိုမြို့ပြင် သာသာလောက်က ဒန်ဘာတွန်ရှိုင်းယားမှာရှိတဲ့ သူ့ခြံကို ခေါ်သွားလေ့ရှိတယ်။ အဲဒီမှာ သူ့ဝက်မွေးခြံထဲ လမ်းလျှောက်စေပြီး မြက်ခင်းစိမ်းပေါ်မှာ ကျွန်တော်တို့ကို ငါးယောက်တစ်ဖက်နေတဲ့ ကစားနည်းတွေကို ကစားစေခဲ့ပါတယ်။ သူ့အသင်းတွေထဲက တစ်သင်းသင်းရှုံးပြီဆိုရင် သူ့မျက်နှာထားတင်းသွားပြီး သိသိသာသာ ဒေါသထွက်လာတော့တာပါပဲ။ သူဟာ အတော်ကို စည်းကမ်းကြီးပြီး နိုင်လိုစိတ်နက်ရှိုင်းတဲ့သူတစ်ဦးဖြစ်ပါတယ်။
စည်းကမ်းဟာ ကျွန်တော် စိန့်မီရန်အသင်းကို တာဝန်ယူတဲ့ ပထမဆုံးနေ့ကတည်းက အရေးကြီးတဲ့အချက်တစ်ခုဖြစ်လာခဲ့တယ်။ စိန့်မီရန်အသင်းကို ကျွန်တော် ၁၉၇၄ကနေ ၁၉၇၈အထိ တာဝန်ယူကိုင်တွယ်ခဲ့တယ်။ ကျွန်တော်ပထမဆုံးရောက်လာတဲ့အခါတုန်းက နယ်ခံသတင်းစာတစ်စောင်ဖြစ်တဲ့ The Paisley Daily Expressကနေ အသင်းနဲ့ မန်နေဂျာအသစ်တွဲရိုက်ထားတဲ့ပုံကိုယူဖို့ ဓာတ်ပုံဆရာတစ်ယောက်ကို လွှတ်လိုက်တယ်။ နောက်တစ်နေ့ မနက် သတင်းစာမှာတော့ အသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ လမ်ရေးဒ် က ကျွန်တော့်နောက်မှာ ရပ်နေပြီး လက်ကို ယုန်နားရွက်တစ်စုံပုံစံ လုပ်နေဟန်နဲ့ ဓာတ်ပုံပါလာခဲ့တယ်။ ကောင်ဒန်ဘိသ်ကိုရှုံးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပထမဆုံးကစားပွဲအပြီး တနလာင်္နေ့မနက်မှာ ရေးဒ်ကို ကျွန်တော့်ရုံးခန်းထဲ ခေါ်ခဲ့တယ်။ သူကတော့ ဒီယုန်နားရွက်ပုံစံလုပ်တာက ဟာသသက်သက်တစ်ခုပါလို့ပြောပေမယ့် ကျွန်တော်ကတော့ ဒီအပြုအမူဟာ ကျွန်တော့်အကြိုက် ဟာသတွေလိုမဟုတ်ဘူးလို့ ပြန်ပြောခဲ့တယ်။ ဂျွန် မိုဝက်တ် ဆိုတာ ကျွန်တော် ကွင်းတွင်းကစားပုံ ညွှန်ကြားစဉ်မှာ စပြီး ပြန်မေးတတ်တဲ့ တော်တဲ့ ကစားသမားငယ်တစ်ယောက်ပါ။ ရေးဒ်နဲ့ မိုဝက်တ်နှစ်ယောက်လုံးရဲ့အကြောင်းကို ကျွန်တော့်ရဲ့ စာအုပ်ထဲမှာမှတ်ထားခဲ့တယ်။ နောက်ပြီး သူနဲ့ သူ့ချစ်သူက ပေါ့ပ်ဂီတဖျော်ဖြေပွဲသွားဖို့ လက်မှတ်ရထားလို့ လေ့ကျင့်ရေးလာမဆင်းနိုင်ဘူးဆိုပြီး ပြောတဲ့ ကစားသမားတစ်ယောက်လည်း ရှိပါသေးတယ်။ တကယ်လို့ နှစ်တစ်နှစ်ရဲ့ ညတိုင်းမှာ ဖျော်ဖြေပွဲရှိလားလို့ ကျွန်တော် သူ့ကို ပြန်မေးခဲ့တယ်။ သူက ဒါဟာ အဓိကမဟုတ်ဘူးလို့ ပြန်ဖြေတော့ ဖျော်ဖြေပွဲသွားချင်လား၊ရတယ်။ဒါပေမယ့် ပြန်မလာခဲ့နဲ့ လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။ ကစားသမားတွေအားလုံးနဲ့ စာရင်းမရှုပ်ချင်လို့ သူတို့နဲ့ပတ်သတ်လာရင် ကျွန်တော် တော်တော် ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ချင်ရုံသက်သက်ပါပဲ။ နောက်ဆုံး သူတို့ သင်ခန်းစာရသွားကြပါတယ်။
ကျွန်တော် မန်နေဂျာဖြစ်လာတဲ့ အချိန်မှာလည်း စည်းကမ်းသိအောင်သင်ပေးဖို့က ကျွန်တော်ရဲ့ တာဝန်တွေထဲက တစ်ခုဖြစ်လာခဲ့တယ်။ စိန့်မီရန်မှာတုန်းက အသင်းက အချိန်ပိုင်းကစားသမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကစားပွဲတွေဆီကို တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွားခဲ့ကြတယ်။ တစ်ခုသော စနေနေ့မှာ ကစားသမားတွေထဲက တစ်ယောက်က East Fife အသင်းကိုပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော် အဝတ်လဲခန်းထဲမှာ သူ့ခြေထောက်တွေက ဖိနပ်ထက်အရမ်းကြီးလွန်းနေလို့ ပွဲမစခင် သူ့ကို ဆူပူခဲ့တယ်။ ပြီးတော့ သူ့ကို အဲဒီနေ့ကစားမယ့်ပွဲမှာ ပါစရာမလိုဘူးလို့လည်း ပြောခဲ့တယ်။ သူ့နေရာကို အစားဝင်မယ့် အရန်ကစားသမားမရှိတာ ကျွန်တော်နောက်မှ သိလာခဲ့တာကြောင့် စည်းကမ်းတစ်ပိုင်းတစ်စဟာ အဝေးကို လွင့်စင်သွားခဲ့တယ်။
ဂလပ်စကို ထက် ပိုတည်ငြိမ်တဲ့နေရာဖြစ်တဲ့ အဘာဒင်းအသင်းကို ကျွန်တော်ရောက်သွားတဲ့အခါ အသင်းထဲကို ဂလပ်စကိုသားတွေရဲ့ စိတ်အားထက်သန်မှုနဲ့ စည်းကမ်းရှိမှုကို ရိုက်သွင်းပေးဖို့ လိုတယ်ဆိုတာ ကျွန်တော် သိလာခဲ့တယ်။ကျွန်တော်ဟာ မြင်းတွေကို အရန်မထားချင်ဘူး။ကျွန်တော်ဟာ နိုင်လိုစိတ်ပြင်းပြပြီး အကျိုးမျှော်တတ်တာကြောင့် ဘယ်သူမှ နှစ်သက်မှာ မဟုတ်မှန်း သံသယရှိပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ ကစားသမားတွေကို တကယ့်လူတွေဖြစ်လာစေပြီး သူတို့ရဲ့ ကိုယ်ရေးရာဇဝင်ကိုပါ မြင့်မားလာစေခဲ့ပါတယ်။
အဘာဒင်းအသင်းမှာတော့ ကျွန်တော့်အထင် ငြိုငြင်ရလောက်တဲ့ ကစားသမား သုံးယောက်ရှိခဲ့တယ်။ သူတို့ဟာ လေ့ကျင့်ရေးကိုတောင် ကြိုးကြိုးစားစားနဲ့ လုံလုံလောက်လောက် မလုပ်ခဲ့ကြဘူး။ ဒါကြောင့် သူတို့ကို နေ့လည်ခင်းတိုင်း လေ့ကျင့်ခန်းထပ်လုပ်စေခဲ့တယ်။သူတို့ကို သီးသန့်အသင်းထဲမှာ ပစ်ထားလိုက်ပြီး အဂါင်္နဲ့ ကြာသပတေးနေ့တွေမှာဆိုရင် ပီတာဟက်ဒ်လို အေးခဲနေတဲ့နေရာတွေမှာ ကစားဖို့ပို့လိုက်တယ်။နောက်ဆုံးတော့ သူတို့အားလုံးကို ကျွန်တော် စွန့်ပစ်ခဲ့တယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက အသင်းတွေ အပြောင်းအလဲလုပ်ချင်တဲ့ ပုံစံတွေရှိခဲ့မယ်ဆိုရင် ဒီထဲက လုပ်သင့်တာတစ်ခုက စည်းကမ်းတွေအကြောင်း သင်ပေးသင့်တာပါပဲ။ အထူးသဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွင်း ခုံတန်းပေါ်မှာ အရန်ကစားသမား ခုနှစ်ယောက်ကိုတွေ့ရတဲ့အခါ ဒါဟာ ယုံကြည်ဖို့ခက်ခဲပါတယ်။အဲ့ဒီ အရန်ကစားသမားတွေကို ၁၉၆ဝနှစ်လယ်လောက်မှာ ပထမဆုံးခွင့်ပြုခဲ့တာပါ။
ဘ၀ရဲ့ ငယ်ရွယ်ချိန်မှာ ကျွန်တော်ဟာ အမြဲလိုလို အလွန်အမင်းစည်းကမ်းတင်းကျပ်တဲ့သူ တစ်ယောက်ဖြစ်ခဲ့ပြီး နောင်တရခဲ့တဲ့ ကိစ္စတွေကိုလည်း လုပ်ခဲ့မိပါတယ်။သာဓက ပြရမယ်ဆိုရင် ၁၉၈၃ခုနှစ် အဘာဒင်းအသင်း ဥရောပဖလား ပြိုင်ပွဲ အနိုင်ရဖလားနဲ့အတူ ဆွီဒင်ကနေ အိမ်ပြန်ခဲ့ပြီးနောက် ရုံပြည့်ရုံလျှံဖြစ်နေတဲ့ကျွန်တော်တို့အိမ်ကွင်း Pittodrieကွင်းထိ အောင်ပွဲခံလာခဲ့တယ်။ ပရိသတ်အားလုံးတွေက ကစားသမားတွေကို ကွင်းပတ်လည်မှာ ဆုဖလားသယ်လာတာမြင်ချင်ခဲ့တယ်။ နောက်ပြီး အဘာဒင်း ရှေ့တန်းကွင်းလယ်လူ မက်ခ် မက်ဂီးဟာလည်း ဆုတံဆိပ်ကို ပြသဖို့ စိတ်အားထက်သန်နေခဲ့တယ်။ သို့သော်ငြားလည်း ကျွန်တော် သူ့ကို အလွန်အမင်းအောင်ပွဲခံနေခဲ့တယ်လို့ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် သူ့ကို ဆူပူခဲ့ပြီး ဆုဖလားသယ်ဆောင်ခွင့် တားမြစ်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူ့အမေက အဝတ်လဲခန်းကို ရောက်လာခဲ့ပြီး ဒါဟာ ကျွန်တော့်ကို မရိုးဖြောင့်သလိုခံစားစေခဲ့တယ်။ ဒါကြောင့် နောက်တစ်နေ့မနက်မှာပဲ မက်ဂီးကို ဆက်သွယ်ခဲ့ပြီး တောင်းပန်ခဲ့တယ်။ နောက်ပြီး သူ့ကို ဂိုသန်ဘက်ဂ်က လှေစီးပြန်လာတဲ့ ပရိသတ်တွေဆီ သူနဲ့ ကျွန်တော် ဆုတံဆိပ်ကိုပြသခဲ့တဲ့ ဆိပ်ကမ်းကို ဆင်းလာခဲ့ဖို့ တောင်းဆိုခဲ့တယ်။ ဒီဖြစ်ရပ်နဲ့ အလားတူ ဖြစ်ရပ်မျိုး ကျွန်တော်ထပ်မဖြစ်စေချင်ခဲ့ဘူး။
စည်းကမ်းရဲ့ အခန်းကဏ္ဍဟာ ကျွန်တော်ရဲ့ အသက်မွေးဝမ်းကျောင်းဘဝတစ်လျှောက် ဆက်စပ်နေခဲ့တယ်။ ၁၉၈၆ နိုဝင်ဘာလ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပူးပေါင်းဖို့ကမ်းလှမ်းချက်ကို မလက်ခံခင် မာတင် အက်ဒ်ဝဒ်နဲ့ ပြောဖြစ်ခဲ့တဲ့ စကားတွေမှာ သူဟာ တချို့ကစားသမားတွေ အလွန်အကျွံသောက်လေ့ရှိတာကို သွယ်ဝိုက်ပြီးပြောခဲ့တယ်။မန်ချက်စတာ ယူနိုက်တက် အသင်းက ကျွန်တော့်အပေါ် စိတ်ဝင်စားတဲ့ အချက်တွေထဲက တစ်ခုဟာ ကျွန်တော်ဟာ စည်းကမ်းထိန်းသိမ်းတဲ့နေရာမှာဂုဏ်သိက္ခာကြီးတဲ့ မန်နေဂျာတစ်ယောက်ဖြစ်ပြီး ညံ့ဖျင်းတဲ့ အပြုအမူမျိုးကို သည်းမခံပေးတတ်တာပါပဲလို့ မာတင်က ပြောပြခဲ့တယ်။
ကျွန်တော် ယူနိုက်တက်ကို ရောက်တဲ့အချိန်မှာဆိုရင် ကိစ္စအတော်များများမှာ စည်းကမ်းပိုင်းဆိုင်ရာ လျော့ရဲနေတာကို တွေ့ခဲ့ရတယ်။ ကစားသမားတွေ ကစားပွဲသွားချိန်ဝတ်တဲ့ အဝတ်အစားတွေအပါအဝင်ပေါ့။သူတို့တွေဟာ Reebok, Puma, Adidasတို့လို စပွန်ဆာ ကုမ္ပဏီတွေက အားကစားဝတ်စုံတွေကို ဝတ်လေ့ရှိတယ်။ ဒါဟာ တော်ဝင်အရှုပ်တစ်ခုပဲ။ ကျွန်တော် ချက်ချင်းပဲ ကစားသမားတွေကို ဖလန်နယ်ထည်၊ အသင်းဂျက်ကတ်နဲ့ လည်စည်းပဲဝတ်ရမယ်လို့ တရားဝင်ထုတ်ပြန်ခဲ့တယ်။ မိုနာကို ဂိုးသမား ဖာဘီယန် ဘာသက်ဇ် ကျွန်တော်တို့ဆီ ပြောင်းရွေ့လာတဲ့ ၂ဝဝဝခုနှစ်မှာ ကျွန်တော်တို့ရဲ့ အဝတ်အစားစီမံမှုတွေနဲ့ ပြန်ညှိခဲ့ရတယ်။ ဖာဘီယန်ဟာ ကစားပွဲကိုသွားနေတဲ့ ဘတ်စကားပေါ်မှာ အ၀တ်လဲတတ်တဲ့သူ။ ကစားပွဲပြီးတဲ့နောက် အသင်းရဲ့ကိုယ်စားပြုအနေနဲ့ ရှေ့ပြန်ထွက်တဲ့အချိန်မှာတောင် ဖာဘီယန်ဟာ သူရဲ့ ဂျက်ကတ်၊ ဘောင်းဘီနဲ့ လည်စည်းကို ကျွန်တော်တို့ရဲ့ ထိန်းသိမ်းသူ အဲလ်ဘတ် မော်ဂန်ဆီ အပ်ခဲ့ရပါတယ်။ မြို့တော်ခန်းမမှာ ပြုလုပ်တဲ့အသင်းအတွက် ကြီးမားတဲ့ လူထုတွေ့ဆုံပွဲ အခြေအနေတစ်ခုမှာအဲရစ်ကန်တိုနာဟာ အကျီင်္ီကုတ်နံပါတ်ကို ဖျက်ပစ်ခဲ့တယ်။ သူဟာ ပန်းဖွားရှည် တွေပါပြီး အမေရိကန်အင်ဒီယန် စားဖိုမှူးတစ်ယောက်ပုံကျောမှာပါတဲ့ သားရေအပျော့စား ဂျက်ကတ်ကို ဝတ်ပြီးပေါ်လာခဲ့တယ်။ နောက်တစ်နေ့မှာ အဲရစ် ကျွန်တော့်ကို အမှန်တိုင်းဝန်ခံခဲ့တယ်။ သူဒီအခြေအနေကို သမားရိုးကျဖြစ်စဉ်လို့ပဲ တွေးခဲ့ပြီး ပြင်သစ်မှာ ဘယ်လိုပြုမူရမလဲဆိုတဲ့ အခြေအနေလည်းဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်။
ကစားသမားတွေဟာ မန်နေဂျာတွေကို ကြာပွတ်ထုတ်ဖို့ မြောက်များစွာသော အခွင့်အရေးတွေပေးတတ်တယ်။ဒါကြောင့် ဒီအချက်ဟာ တဒင်္ဂအချိန်တွေကို ရွေးချယ်ကောက်နုတ်နိုင်မယ့် အကောင်းဆုံးတစ်ခုဖြစ်ပါတယ်။လူတိုင်းကို သင်ခန်းစာရအောင်လို့ မကြာခဏဆုံးမပေးဖို့ မလိုအပ်ပါဘူး။ဥပမာအနေနဲ့ ကစားသမားတွေဟာ လေ့ကျင့်ရေးဆင်းဖို့နောက်ကျရင် သူတို့ကို ကောင်းမွန်တဲ့ကစားသမားတွေလို့ ဘယ်တော့မှ မထင်ပါဘူး။ မန်ချက်စတာမြို့ဝန်းကျင်မှာ အထူးသဖြင့် ဆောင်းတွင်းဘက်မှာဆို မတော်တဆမှု သို့မဟုတ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေရှိရင် လမ်းတွေက မြန်မြန်ပိတ်တတ်တယ်။ ကစားသမားတွေက တခါတရံ ယာဉ်တန်းမှာ ပိတ်မိနေပြီး နောက်ကျမှရောက်တတ်တယ်။ ဒီလိုနောက်ကျတာ တစ်ခါ၊နှစ်ခါဆို ကျွန်တော် မမှုပါဘူး။သို့ပင်ငြား အကယ်၍ တစုံတယောက်ဟာ အမြဲလိုလို နောက်ကျတတ်သူဖြစ်နေခဲ့ရင် သူ့အိမ်ကနေ ဆယ်မိနစ်စောထွက်ဖို့ အကြံပြုပြီး သူအဲ့လိုနောက်ကျနေရင် ကစားဖော်တွေ စိတ်ပျက်မှုကို ခံရလိမ့်မယ်ဆိုတာ သိအောင်လုပ်မှာပါ။ ဘယ်ကစားသမားမှ ဒီလို မလုပ်ချင်ပါဘူး။ လေ့ကျင့်ကွင်းကို နောက်ကျမှရောက်တတ်တဲ့အပြုအမူတွေမှာ စံတင်ရလောက်တဲ့ ကစားသမားကတော့ အမြဲနောက်ကျတတ်တဲ့ ဂိုးသမားမာခ့်ဘိုနစ်ရှ်သာဖြစ်တယ်ဆိုတာ ကျွန်တော် မှတ်မိပါတယ်။ တချို့ကစားသမားတွေရဲ့ ကိုယ်ရေးကိုယ်တာလို့စဉ်းစားကြတဲ့ ဆံပင်ပုံစံနဲ့ လက်ဝတ်ရတနာတွေနဲ့ပတ်သတ်ပြီး စွက်ဖက်ဖို့ အားမနာတတ်ပါဘူး။လျင်မြန်ပြီး သွက်နိုင်သလောက်သွက်အောင် အစွမ်းကုန်အားထုတ်နေရချိန်မှာ ဆံပင်ရှည်ထားချင်တဲ့ ကစားသမားတွေကို ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဆံပင်လေးနည်းနည်းထူလာတယ်ဆိုရင်တောင် လေ့ကျင့်မှုလုပ်တဲ့နေရာမှာ ပြဿနာရှိလာပါပြီ။ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး ကစားသမားနဲ့ဖြေရှင်းခဲ့ရတာကတော့ ၁၉၉၆ခုနှစ် မန်ချက်စတာယူနိုက်တက်ကို ဆလားဗီးယား ပါရာဂွေးအသင်းးကနေ ကာရယ် ပိုဗိုစကီ ပြောင်းလာချိန်ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်အသင်းထက် Led Zeppelinအသင်းအတွက်ကစားပေးဖို့လာခဲ့ပုံပေါ်ပါတယ်။ သူ့ရဲ့ ဆံပင်တွေကို ပါးပစ်ဖို့ ကျွန်တော် ကြိုးစားပြီး ဆွဲဆောင်ခဲ့ပေမယ့် ပါးပစ်ပြီးတာတောင် ကျွန်တော့်အတွက် ရှည်နေတုန်းပါပဲ။ တချို့ကစားသမားတွေကတော့ ဂျေရုဆလင်က Via Dolorosaကဘုရားဖူးတွေသယ်လာတဲ့ လက်ဝါးကပ်တိုင်တွေထက်တောင် လေးလံပုံပေါ်တဲ့ လက်ဝါးကပ်တိုင်တွေနဲ့ ဆွဲကြိုးတွေ ဆွဲတတ်ကြပါသေးတယ်။ ဒါပေမယ့် တက်တူးတွေအတွက်တော့ ကျွန်တော် ဘာမှ မလုပ်ပေးနိုင်ပါဘူး။သူတို့ဘယ်လောက်အလေးချိန်ကို ပေါင်းထားလဲဆိုတာ ငြင်းခုံဖို့ကျွန်တော့်အတွက်တောင် ခက်ခဲလို့ပါ။ အဲ့ရူးသွပ်မှုကို အဲရစ်ကန်တိုနာက စလုပ်ခဲ့ပါတယ်။ တစ်ခုသော မနက်ခင်းမှာ သူ့ရဲ့ဘယ်ဘက်ရင်အုံ ပေါ်မှာ မိတ္တူကူးထားသလို အမေရိကန် အင်ဒီယန်စားဖိုမှူးခေါင်းပုံနဲ့ ရောက်လာခဲ့တယ်။အဲရစ်ဟာ အသင်းဖော်တွေရဲ့ လေးစားမှုခံရသူဖြစ်တာကြောင့် အခြားကစားသမားတော်တော်များများဟာလည်း သူ့လို လိုက်လုပ်ခဲ့ကြတယ်။ ကျွန်တော်ဟာ ခရစ်စတီယာနို ရိုနယ်ဒိုအနေနဲ့ သူ့ခန္ဓာကိုယ်ပေါ် ဘယ်တော့မှ တက်တူးမထိုးတဲ့အချက်ကို အမြဲကျေနပ်နေခဲ့ရတာပါ။ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်စည်းကမ်းနဲ့ပတ်သတ်ပြီး အများကြီးသက်ဆိုင်ပါတယ်။
ခေါင်းဆောင်တွေဟာ မတူညီတဲ့ ကြေညာချက်တွေ ထုတ်ပြန်နိုင်ပါတယ်။ အတွေ့အကြုံနုပြီး ရှက်ရွံ့တတ်တဲ့ခေါင်းဆောင်တွေဟာ မကြာခဏဆိုသလို အက်ကွဲကြောင်း သို့မဟုတ် အဓိကအတိုက်အခံဖြစ်စေမယ့် အရာမျိုးတွေလုပ်ဖို့ ရည်ရွယ်မိပါလိမ့်မယ်။ သင်လူတစ်ယောက်နဲ့ အချိတ်အဆက်ရသွားပြီး လုပ်ဆောင်ချက်တွေကို အကုန်စူးစမ်းတာကလွဲရင် ဒါဟာ အားလုံးကောင်းပါတယ်။ ကျွန်တော်ဟာ “အပြစ်ပေးမှုနဲ့ ရာဇဝတ်မှုကို ထိန်းခွင့်ပေးပါ” ဆိုတဲ့ စာစုရဲ့နောက်က အသိပညာကို နားလည်စပြုလာခဲ့တယ်။ နောက်ပြီး တရားသူကြီး၊ဂျူရီလူကြီးနဲ့ အမှုဆောင်ချုပ်လို ကျွန်တော့်ရဲ့ စွန့်ပစ်မှုထဲမှာ များစွာသော ပြဠာန်းချက်တွေရှိပါတယ်။ ရိုးရှင်းပေမယ့် အတော်ထိရောက်တဲ့ နည်းလမ်းကတော့ ဆိတ်ဆိတ်နေခြင်းဖြစ်ပြီး ကျွန်တော် မကြာခဏ သုံးတတ်ပါတယ်။ဒါဟာ လူထုရှုတ်ချမှုတွေ၊နှုတ်စွာမှုတွေမလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်းက အသိညဏ်မရှိပုံပေါ်ရင်တောင် ကျွန်တော့်ရဲ့တိတ်ဆိတ်စွာ ဆက်ဆံမှုကို လက်ခံရသူဟာ မီးလင်းဖိုထဲရောက်နေသလို ခံစားရပါလိမ့်မယ်။ကျွန်တော်ဟာ ကစားသမားတွေကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ဒဏ်ကြေးများများကောက်ပြီး အသင်းအပေါ်အာရုံစိုက်လာအောင် ကြိုးစားခဲ့ပါတယ်။ဒီလို ဒဏ်ပေးမှုတွေက သူတို့ရဲ့ အသုံးမကျတဲ့အပြုအမူကြောင့် အနီကတ်သို့မဟုတ် သတိပေးချက်ထိတဲ့အခါတွေအတွက်ဖြစ်ပါတယ်။ ဒိုင်လူကြီးတွေကနေ အပြစ်ပေးခံရတာ သို့မဟုတ် ရက်စက်တဲ့ ဘောလုံးအပေးခံရမှု သို့မဟုတ် ကွင်းပြင်မှာ မသင့်လျော်တဲ့ အပြုအမူတွေကြောင့် အပြစ်ပေးခံရတာမျိုးတွေမှာ ဖြစ်နိုင်ပါတယ်။ ဒီနံပါတ်တွေဟာ ပရီးမီးယားလိဂ်ပွဲတွေမှာ ဘောလုံးပေးလိုက်ရလေလေ အစဉ်လိုက်တိုးလာလေလေပါပဲ။ ဒါပေမဲ့ ဒဏ်ကြေးရဲ့ သဘာဝအရတော့ တစ်ပတ် သို့မဟုတ် နှစ်ပတ်လုပ်ခဟာ ပုံသေပါပဲ။ ၂ဝဝ၇ခုနှစ်တွင်း အတော်ဆိုးရွားတဲ့ ခရစ်စမတ်ပါတီအပြီးမှာ ပထမဆုံးအနေနဲ့ တစ်သင်းလုံးကို တစ်ပတ်လုပ်ခဒဏ်ကြေးကောက်ခဲ့တယ်။ဆိုင်းငံ့ခံရခြင်းနဲ့ အပြောင်းအရွေ့ဆိုတဲ့ ပြစ်ဒဏ်တွေကတော့ အပြင်းထန်ဆုံးပါ။ ဒုတိယပြစ်ဒဏ်က အကြမ်းတမ်းဆုံးလို့ သင်ထင်ကောင်းထင်မိနိုင်တယ်။ ဒါပေမဲ့ ဒီအတွေးဟာ ကျွန်တော်မြင်သလိုတော့ မဟုတ်ပါဘူး။
ကစားသမားကိုပြောင်းဖို့တစ်ကြိမ်ဆုံးဖြတ်တိုင်းမှာ ဒါဟာ ယူနိုက်တက်နဲ့အဲ့ကစားသမား ရေရှည်မကိုက်ညီတော့တဲ့ အခါမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။ သို့မဟုတ် ၊ ဥပမာ ခရစ်စတီယာနို ရိုနယ်ဒိုလို မျိုး အချို့ကိစ္စရပ်တွေမှာ ကျွန်တော်တို့ဟာ ကတိကိုလေးစားရတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ကျွန်တော့်ဘက်ကနေကြည့်မယ်ဆိုရင် ဆိုင်းငံ့ပြစ်ဒဏ်က အနာကျင်ရဆုံးဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြစ်ဒဏ်ဆိုတာ ကစားသမားအတွက်ရော အသင်းအတွက်ပါ ရောက်ရှိလာတာမျိုးပါ။ ၁၉၉၅ ဇန်နဝါရီ အဲရစ်ကန်တိုနာဟာ ယူနိုက်တက်အသင်းအနေနဲ့ ရာသီကုန်လေးလအပြင် အက်ဖ်အေပွဲရာသီအတွက် နောက်ထပ်လေးလအတွက်ပါ ဆိုင်းငံ့ပြစ်ဒဏ် ကျခဲ့ရပါတယ်။
ကစားသမားတိုင်းဟာ အသင်းကနေ အဖယ်ခံရတဲ့ ခံစားချက်ကို မနှစ်မြို့ကြပါဘူး။နောက်ပြီး အဲ့ဒီ စိတ်ပျက်မှုဟာ ကစားသမားအရွယ်အလိုက် ကြီးထွားလာပြီး သူတို့အကောင်းဆုံးကစားနိုင်တဲ့နေ့ရက်တွေဟာ သူတို့နောက်မှာ ရှိနေတယ်ဆိုတဲ့ အချက်ကို ချိတ်ဆက်လာမိအောင် စတင်လာခဲ့ပါတယ်။သို့သော် ကျွန်တော်ရဲ့ အသင်းရွေးချယ်မှုအပေါ် ခြယ်လှယ်လာနိုင်တဲ့ အတွေးအမြင်တွေကို လုံးဝခွင့်မပြုပါဘူး။ အထူးသဖြင့် ပွဲကြီးတွေအတွက် ဆိုပိုမှန်ပါလိမ့်မယ်။ ၁၉၉၄ခုနှစ်မှာ အက်ဖ်အေဖလားဗိုလ်လုပွဲအတွက် အသင်းကနေ ဘရိုင်ယန် ရော့ဘ်ဆန်ကို ဖြုတ်ခဲ့တယ်။ ဘရိုင်ယန်ဟာ ယူနိုက်တက်မှာ ကစားခဲ့တဲ့ ၁၃နှစ်တာ ကာလရဲ့ အဆုံးသတ်ကို ရောက်ရှိလာခဲ့တယ်။ လေးကြိမ်မြောက် အက်ဖ်အေဖလားကို ရရှိဖို့ ကြိုးစားမှုတစ်ခုလုပ်တယ်ဆိုတာ သူ့အတွက် ဘယ်လောက်အရေးကြီးခဲ့သလဲဆိုတာ ကျွန်တော် လျှော့တွက်မိခဲ့တယ်။ ပြန်တွေးကြည့်မယ်ဆိုရင် ကျွန်တော် သူ့ကို အသင်းထဲမှာ ဆက်ထားပြီး သူ့ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် ပေးကစားမိလိမ့်မယ်။
သို့သော်လည်း ကျွန်တော့်ကစားသမားတွေကောင်းကောင်းသိသလို ကျွန်တော်ဟာ လွယ်လွယ်နဲ့ပေါက်ကွဲတတ်တဲ့လူမျိုးမဟုတ်ပါဘူး.။ ကျွန်တော့်ဒေါသဟာ ပေါက်ကွဲလွယ်တဲ့ သက်ရောက်မှုမရှိပါဘူး။ ဒါဟာ ကွင်းတွင်း ကိုယ်ပိုင်ထိန်းချုပ်နိုင်မှုနဲ့ ကိုယ်ပိုင်စည်းကမ်းတွေကို စွန့်ပစ်ခဲ့တဲ့ ကစားသမားတွေအတွက်တော့မဟုတ်ပါဘူး။အကယ်၍ သူတို့ဟာ အဝါကတ် သို့မဟုတ် အနီကတ်ရခဲ့တယ်ဆိုရင် ဒါဟာ အသင်းအတွက် ခါးသီးတဲ့ အကျိုးဆက်တွေရလာစေနိုင်ပါတယ်။ လူဆယ်ယောက်တည်းနဲ့ ကစားရတဲ့အခါမျိုးတင်မကပဲ ကစားသမားတစ်ယောက် ဆိုင်းငံ့ခံရချိန်မှာ သူ့စွမ်းဆောင်မှုကို ဆုံးရှုံးသွားတဲ့အခါမျိုးဖြစ်တတ်ပါတယ်။ ပီတာ ရှမိုက်ကယ်၊ ပေါလ်အင့်စ်၊ ဘရိုင်ယန် ရော့ဘ်ဆင်၊ ရွိုင် ကိန်း၊ မာခ့်ဟာ့ဂ်ျ နဲ့ အဲရစ် ကန်တိုနာတို့ဟာ တကယ့်တိုက်ခိုက်ရေးသမားတွေပါ။ အဲဒါဟာ ကျွန်တော်တို့ဖြစ်စဉ်အပေါ် ဘာမှ အကူအညီပေးမှာမဟုတ်ပါဘူး။
စည်းကမ်းပိုင်းအားနည်းပုံပေါ်တဲ့ လူအချို့ရှိပါတယ်။ အာဂျင်တီးနား ကွင်းလယ်လူ ဂျူယန် ဆန်ဘေးရှန့် ဗဲရွန်လည်း အဲ့လိုပါပဲ။ ကျွန်တော် ကြိုးစားခဲ့ပေမယ့် သူ့ကို ကျွန်တော်တို့စနစ်ထဲကိုက်ညီအောင် မလုပ်နိုင်ခဲ့ဘူး။ သူဟာ ကြီးမားတဲ့ စွမ်းရည်နဲ့ အလွန်ဆန်းကြယ်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် အရိုင်းတစ်ယောက်လိုပါပဲ။ကျွန်တော် သူ့ကို ကွင်းလယ်မှာထားရင် ညာတောင်ပံမှာ ရပ်သွားပြီး ညာတောင်ပံထားကစားရင် ဘယ်တောင်ပံကို ရောက်နေပါလိမ့်မယ်။ ရိုးသားစွာပဲ သူဟာ ရှိသင့်တဲ့ကိုယ်ပိုင်စည်းကမ်းတောင်မရှိပါဘူး။ ဒါကြောင့် ၈၂ပွဲကစားအပြီး နှစ်နှစ်အကြာမှာ သူ့ကို ရောင်းထုတ်လိုက်ရတယ်။ အသင်းတစ်သင်းကို သတိမမူ၊လွတ်လပ်တဲ့ စိတ်ဓာတ်တွေနဲ့ မတည်ဆောက်နိုင်ပါဘူး။
စာအုပ်ကြီးအတိုင်း ညွန်ကြားမှုတွေကို လိုက်နာတတ်တဲ့ ကစားသမားအချို့လည်း ရှိပါတယ်။ တောင်ကိုရီးယားကွင်းလယ်လူ ပက်ဂျီဆန်ဟာ အဲ့လိုလူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူ့ကို ကျွန်တော် ညွှန်ကြားလိုက်ပြီဆိုတာနဲ့ အရိုးရသွားတဲ့ ခွေးတစ်ကောင်လိုပဲ ဘယ်ကိုမှ မသွားတော့ဘူး။အေစီမီလန်နဲ့ကစားခဲ့တဲ့ ၂ဝ၁ဝ ချန်ပီယံလိဂ်ပွဲစဉ်မှာ သူတို့ဘက်က ဖန်တီးအားကောင်းတဲ့ ကွင်းလယ်လူ အန်ဒရီယာ ပီယာလို ကို ထိန်းဖို့ ပတ်ဂျီဆန်ကိုပြောခဲ့တယ်။ ပီယာလိုက မီလန်အတွက်ပွဲစဉ်တစ်လျှောက်ကစားပေးခဲ့ပေမယ့် ဂျီဆန်က ထိထိရောက်ရောက်ပိတ်ဆို့နိုင်ခဲ့တယ်။
အချက်တွေအားလုံးရဲ့အပေါ်မှာ စည်းကမ်းကို ထားပြီး အဲ့အချက်က ကျွန်တော်တို့ကို ခေါင်းစဉ်အမျိုးမျိုးပေးနိုင်ပါတယ်။ ကိစ္စရပ်တွေကို ပြန်ကျော့ရမယ်ဆိုရင် တူညီတာပဲပြန်ပြောမိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့စည်းကမ်းကို တစ်ကြိမ် ခွဲခွာနှုတ်ဆက်ပြီးတာနဲ့ အောင်မြင်မှုကို အပြီးအပိုင်နှုတ်ဆက်မိနေပြီး အထိန်းအကွပ်မဲ့အခြေအနေကို ရောက်သွားပါလိမ့်မယ်။ ၂ဝ၁၁ခရစ်စမတ် အပြီးမှာ ယူနိုက်တက်ကစားသမား သုံးယောက်ဟာ ဘောက်ဆင်ပွဲနေ့ကို သွားအားပေးပြီး နောက်တစ်နေ့လေ့ကျင့်ရေးလာဆင်းချိန်မှာ ဆိုးဆိုးရွားရွား ဝတ်စားလာတာကို သတိထားမိခဲ့တယ်။ ဒါကြောင့် သူတို့အားလုံးကို အပိုချိန်ထပ်လေ့ကျင့်ဖို့ အမိန့်ပေးခဲ့ပြီး ဘလက်ဘန်းရိုဗာ အသင်းနဲ့ ကန်မယ့်ပွဲမှာ သူတို့တွေကို ဖယ်ထားခဲ့တယ်။ကျွန်တော်တို့ဟာ ထိခိုက်မှုအတော်များခဲ့ပြီး ဒီဆုံးဖြတ်ချက်ဟာ အတော်အားလျော့စေမယ်လို့ထင်ခဲ့ပေမယ့် ဒါဟာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခုလို့ ကျွန်တော်ခံစားရတယ်။ဘလက်ဘန်းကို ၃-၂နဲ့ တန်ဖိုးရှိတဲ့ သုံးမှတ်ပေးလိုက်ရာကနေ ရှုံးနိမ့်သွားခဲ့ပြီး နောက်ဆုံးမှာ မန်ချက်စတာစီးတီးအသင်းကို ဂိုးရလဒ်ကွာခြားချက်အရ ရှုံးနိမ့်ခဲ့တယ်။အစောပိုင်း နှစ်ပေါင်းများစွာ၊ ၁၉၉၅ခုနှစ်က အဲရစ်ကန်တိုနာကို ခရစ်စတယ်ပဲလေ့အသင်းက ထွက်ခွာပြီးနောက် ပရိသတ်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် ရာသီလက်ကျန်ဆိုင်းငံပြစ်ဒဏ်ပေးလိုက်ခြင်းဟာ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားနှစ်ခုလုံးမှာ ကျွန်တော်တို့အတွက် သက်ရောက်စေခဲ့တယ်။အဲရစ်ကို ဆိုင်းငံ့ထားချိန်(အက်ဖ်အေဖလားမှာပိုမိုပြင်းထန်ပါတယ်) မှာ ကျွန်တော်တို့ဟာ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းမှာရောက်နေခဲ့ပြီး သူဟာလည်း ရာသီကုန်မှာကစားနေခဲ့တယ်။ ဘလက်ဘန်းကို တစ်မှတ်သာမယ့်အစား ကျွန်တော်တို့ဟာ ဆယ်မှတ်နဲ့နိုင်လိမ့်မယ်လို့ အကောင်းဘက်က ကျွန်တော်မြင်ခဲ့တယ်။ရေရှည်လုပ်ဆောင်ချက်မှာတော့ စည်းမျဉ်းတွေဟာ လျင်မြန်တဲ့ဆောင်ရွက်ချက်တွေထက် အရေးပါတယ်ဆိုရုံသာပါပဲ။
လေ့ကျင့်ရေးကာလအတောအတွင်း အာရုံကောင်းစွာစူးစိုက်နိုင်တဲ့ အရည်အချင်းရှိ ကစားသမား ၁၁ယောက်ကို အသင်းအဖြစ်စုစည်းနိုင်မယ်ဆိုရင် သူတို့ရဲ့ အစားအသောက်၊ခန္ဓာကိုယ်တွေကို ဂရုစိုက်ပေးရမယ်။ လုံလောက်စွာအိပ်စေရမယ်။အချိန်မှန်နိုးထစေရမယ်။ ဒါမှ သင်ဟာ ဆုဖလားရဖို့ လမ်းတစ်ဝက်ကို ရောက်နေမှာဖြစ်တယ်။ဘောလုံးအသင်းဘယ်နှသင်းဟာ အဲ့လိုမလုပ်နိုင်ကြလဲဆိုတာ အမြဲအံ့သြဖွယ်ဖြစ်ပါတယ်။ ၁၉၉၆ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မှာ လီဗာပူးလ်ကို ၁-ဝနဲ့မနိုင်ခင် ကျွန်တော်တို့ဟာ ကွင်းတွင်း အကြို သုံးသပ်ချက်အတွက်ပေါ်လာတဲ့ တစ်ဘက်အသင်းရဲ့နည်းလမ်းအရ နိုင်လိမ့်မယ်လို့ခံစားမိတယ်။ မန်နေဂျာနဲ့လက်ထောက်ရဲ့မျှော်လင့်မှုတွေနဲ့လီဗာပူးလ်တစ်သင်းလုံးဟာ ဖက်ရှင်ဒီဇိုင်နာတစ်ဦးက ပံ့ပိုးပေးထားတဲ့ အဖြူရောင်ဝတ်စုံတွေနဲ့ ထွက်ပေါ်လာခဲ့တယ်။ ကျွန်တော့်အတွက်ကတော့ ဒါဟာ စည်းကမ်းပျက်မှုတစ်ခုဖြစ်ပြီး အဲ့အသင်းဟာ မသင့်လျော်တဲ့ပြပွဲတစ်ခုလို ပြိုကွဲနေတာကို ပြသနေတာပါပဲ။ဒီအချက်ကို ထိန်းသိမ်းရေးမန်နေဂျာ နော်မန် ဒေဗီကို ကျွန်တော်ပြောပြခဲ့ပြီး ကြိုတင်ခန့်မှန်းမှုမှန်ကန်တယ်ဆိုတာကို နောက်ဆုံးခရာတွတ်အပြီး အဲရစ်ကန်တိုနာအမှတ်ယူနိုင်ခဲ့ချိန်မှာ သက်သေပြနိုင်ခဲ့ပါတယ်။ အခြားဥပမာတစ်ခုအနေနဲ့ ၁၉၈၅ စက်တင်ဘာလ အစ်ရော့ပါ့ခ်ကွင်းမှာ တစ်ဘက်အသင်းကစားသမားထဲက နှစ်ယောက်ဟာ ပထမပိုင်းမှာ ထွက်သွားခဲ့ရပြီးနောက်အဘာဒင်းက ရိန်းဂျားအသင်းကို ၃-ဝနဲ့ နိုင်သွားခဲ့တယ်။ ရိန်းဂျားအသင်းက ကျွန်တော်တို့ကို အနိုင်ကျင့်ဖို့ ကြိုးစားခဲ့ပြီး အံ့အားသင့်ကုန်တဲ့ ပရိသတ်တွေနဲ့အတူ သူတို့အာရုံတွေကို ထိန်းချုပ်နိုင်စွမ်းတွေ ပျောက်ဆုံးလာတယ်။ဒါဟာ တကယ့်ဆူပူမှုတစ်ခုဖြစ်လာပြီး ရဲတွေက သွေးကြွနေတဲ့ ပရိသတ်တွေကို လူစုခွဲနေတုန်း ကျွန်တော်တို့ဟာ ဒုတိယပိုင်းမှာ အဝတ်လဲခန်းကို လုံခြုံရေးအရ ခပ်သုတ်သုတ်ပြေးဝင်ခဲ့ရတယ်။ဒါဟာ ကျွန်တော်တို့ရဲ့ဆန့်ကျင်ဘက်အသင်းသားတွေဟာ သူတို့ကိုယ်သူတို့ ဖျက်ဆီးခဲ့တဲ့ ဂန္တဝင်ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အောင်မြင်မှုဟာ စည်းကမ်းကို အကျိုးရှိရှိအသုံးချခဲ့တဲ့ ပြယုဂ်လို့ အမြဲခံစားရတယ်။ဒီလို အောင်မြင်မှုတွေဟာ မဖြစ်နိုင်တဲ့ အကျိုးဆက်တွေကို ဖယ်ရှားတာ သို့မဟုတ် ကြိုးစားလုပ်ဆောင်တာကနေ ရခဲ့တာမဟုတ်မှန်းသိခဲ့ရတာဟာ အတော် ဆန်းကြယ်လှပါတယ်။ကျွန်တော်ဟာ ဇန်နဝါရီလမှာထိုင်နေပြီး ရာသီကုန်အတွင်း အသင်းနဲ့ အဓိက ပြိုင်ဘက်တွေကို ထိန်းညှိပေးဖို့စောင့်ကြည့်လေ့ရှိပါတယ်။အသင်းတိုင်းရနိုင်မယ်မှန်းထားတဲ့ အမှတ်ထက် ထိပ်ပိုင်းမှာ ဦးဆောင်နိုင်ရမယ်။ကျွန်တော်ဟာ ဘယ်တော့မှ ဝေးဝေးမတွေးပါဘူး။ဒီအလေ့အကျင့်ဟာ စိတ်ဝင်စားဖွယ်မကောင်းတဲ့ ၁-ဝရလဒ်တွေကို ထုတ်နိုင်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ မီးမောင်းထိုးပြလိုက်သလိုပါပဲ။ ဒီလိုကစားနည်းမျိုးတွေမှာ ကျွန်တော်တို့ဟာ ကွင်းလယ်ကို ထိန်းနိုင်ဖို့ နဲ့ ဘာမှမရစေဖို့ အာရုံစိုက်ရမှာဖြစ်တယ်။ ကျွန်တော့်အတွေးထဲဝင်လာတဲ့ ကစားပွဲတစ်ခုကတော့ ၂ဝဝ၇မတ်လမှာဟဲလ်ဆင်းဘော့ဂ်ကနေ ဆွီဒင်တိုက်စစ်မှူး ဟင်နရစ်ခ် လာဆင်ကို ငှားခဲ့တဲ့ သုံးလတာ ကာလအတွင်း ကျွန်တော်တို့မစ်ဒယ်ဘရော့ကို သွားခဲ့တယ်။ သူရဲ့တိုက်စစ်စွမ်းရည်ကိုစွန့်လွှတ်ပြီး ကွင်းလယ်ကိုပြန်ရောက်လာတဲ့ ရလဒ်ကို တူးဆွနေရုံ တကယ်ကို ဖိအားများနေချိန်မှာ သူနဲ့ ပတ်သတ်ပြီး ဘာမှ မမေးလိုက်နိုင်ခဲ့ဘူး။ ပွဲအပြီး အဝတ်လဲခန်းမှာ ဟင်နရစ်ခ်ပေါ်လာတဲ့အခါ ကစားသမားတွေနဲ့ ဝန်ထမ်းအားလုံးဟာ မတ်တပ်ရပ်ပြီး သူ့ရဲ့ကစားနေကြနေရာမဟုတ်တဲ့ ကဏ္ဍကနေ နက်ရှိုင်းတဲ့ အားထုတ်မှုအပေါ် ရုတ်ချည်း လက်ခုပ်သြဘာပေးကြခဲ့ကြပါတယ်။ ရာသီအကုန်မှာတော့ ဟင်နရစ်ခ်ဟာဆုရဖို့လိုအပ်တဲ့ ကစားပွဲဆယ်ပွဲမကစားရသေးပေမယ့် ကျွန်တော်တို့ဟာ ဟင်နရစ်ခ်အတွက် နောက်ထပ် ပရီးမီးယားလိဂ် အနိုင်ရဆုတံဆိပ်ကို တောင်းခံခဲ့တယ်။

Ref : http://www.fiveeaglesports.com/leading-by-sir-alex-ferguson/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...