Ads (728x90)


ထူးဖောင်ဒေးရှင်းနာယက ဦးတေဇ၏ လာမည့် ဇူလိုင်လ (၁၈)ရက်နေ့တွင်ကျရောက်မည့် အသက် (၅၂) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ထူးကုမ္ပဏီများအုပ်စုနှင့် HTOO Zoo and Gardens ၏ Business Unit မှ ၀န်ထမ်းများစုပေါင်းကာ ယနေ့ ဇူလိုင်လ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို လှော်ကားဥယျာဉ်အတွင်းရှိ သစ်တော ဦးစီးဌာနပိုင် သစ်တောမြေတွင် စိုက်ပျိုး ခဲ့ခြင်းဖြစ်ပြီး ကျွန်းပျိုးပင်ပေါင်း (၅၂၀)ကို စိုက်ပျိုးခဲ့ပါသည်။ ၄င်းသစ်ပင်စိုက်ပျိုးပွဲကို ထူးကုမ္ပဏီများ အုပ်စုနှင့် HTOO Zoo and Gardens ၏ Business Unit မှ ၀န်ထမ်း များသာမက သစ်တောဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များလည်း လာရောက်ခဲ့ကြပါသည်။

ယခုစုပေါင်းစိုက်ပျိုးသည့် နည်းစနစ်မှာ တစ်ပင်စိုက်တစ်ပင်ရှင်သန်နိုင်သည့် နည်းစနစ်ဖြစ်ကြောင်း သစ်တော ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ၏ပြောကြားချက်အရ သိရှိရပါသည်။ ထို့အပြင် အကြောင်း အမျိုးမျိုးကြောင့် အဆိုပါစိုက်ပင်များ ပျက်စီးခြင်းရှိပါကလည်း အစားထိုးစိုက် ပျိုးမည့်အပင်များကို အသင့် ပြင်ဆင်ထားပါကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဦးစိုးတင့်မှ ပြောကြားခဲ့ပါသည်။

ထို့ကြောင့် ယခုစိုက်ပျိုးမှုသည် သစ်တောဦးစီးဌာနမှ သတ်မှတ်ထားသည့်
နည်းစနစ်များနှင့် ကိုက်ညီမှုရှိသည့်အပြင် ရေရှည်တည်တံနိုင်ရေးနှင့် သစ်တောထိန်းသိမ်းရေးအတွက် အထောက်အပံ့ဖြစ်စေမည်မှာ မလွဲဧကန်ဟု ဆိုရပါမည်။

ယခုကဲ့သို့ နာယကဦးတေဇ၏မွေးနေ့ အထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်စေနိုင်မည့် သစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ခြင်းအပေါ် ထူးဖောင်ဒေးရှင်းအနေဖြင့် များစွာဝမ်းမြောက် မိပါသည်။ ထို့အပြင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်ဆင်နွဲခဲ့ကြသော ထူးကုမ္ပဏီများ အုပ်စုနှင့် HTOO Zoo and Gardens ၏ Business Unit မှ ၀န်ထမ်းများနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ကို ကျေးဇူးတင်ရှိ ပါကြောင်း လေးစားစွာဖြင့် ဖော်ပြအပ်ပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...