Ads (728x90)

Photo: အသက် ၁၅ နှစ် သို့သော် ကမ္ဘာ့ အတော်ဆုံး ကင်ဆာ သုတေသန ပညာရှင် - Jack Andraka

အခုတော့ အသက် ၁၆ နှစ် ရှိ သွားပြီ။ လွန်ခဲ့တဲ့ တစ်နှစ် တိတိက သူ ဘာလုပ် ခဲ့လဲ ဆိုတာကို သိ ရင် လက်ရှိ သူ ဘာလုပ်မယ် ဆိုတာကို လူတိုင်း ခန့်မှန်း ကြည့် နိုင်ပါတယ်။ အမည် က Jack Andraka လို့ အမည် ရပါတယ်။

ငယ်ငယ်လေး ကတည်း ကနေ သူ သတိထား မိ လာတာ တစ်ခုက လူ အတော် များများ ဟာ ကင် ဆာ ကြောင့် ကွယ်လွန် ခြင်းပါ။ အိမ်နီးနား ချင်း တွေ အပြင်၊ ဆွေမျိုး သားချင်းတွေ အထိပါ ကင် ဆာ ကြောင့် အသက် ဆုံးရှုံး သွားရတာ တွေ မြင်ရတော့ နာကျည်း စိတ် တစ်ခု ရလိုက် သလို ပါပဲ။ အသဲ၊ အစာ အိမ် နဲ့ ဂလင်း မှာ အခြေ တည်ပြီး ဖြစ်တဲ့ ပန်ကရိယ ကင်ဆာ ( ဂလင်းကင်ဆာ ) ဟာ သူ့ အတွက် ရန်သူ တစ်ကောင် ဖြစ်လာ ပါတယ်။ အကြောင်း ကတော့ စစ်ဆေး လို့ အဖြေ မပေါ်ပဲ အချိန် လွန်ပြီး လူတွေ သေနေ ကြရ လို့ပါ။ ဒီတော့ မီးဖိုချောင် ဟာ သူ့အတွက် ဓာတ်ခွဲခန်း တစ်ခု အလား ဖြစ်လာ ပါတယ်။

အသက် ၁၃ နှစ် အရွယ် ကစလို့ Google ကနေ ရှာပြီး ပန်ကရိယ ကင်ဆာ အကြောင်း တွေ ရှာ ဖတ် နေပြီ။ လက်ရှိ အသုံးပြု နေတဲ့ ရှာဖွေ စစ်ဆေး စက်ပစ္စည်း က လွန်ခဲ့တဲ့ နှစ် ၄၀ က ဟာ ကိုပဲ မပြောင်း ပဲ အသုံးပြု နေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကင်ဆာ ဆဲလ်တွေ့ ရှိနိုင်ချေ က ၁၀ ပုံပုံ ၁ ပုံေ တာင် မရှိ ပါဘူး။ ဆီ ထုတ်ထုတ် တဲ့ Dipstick တစ်ချောင်း ရယ်။ ဆေးဆိုင် က ဝယ်ယူ တဲ့ ပရိုတိ န်း တစ်မျိုး ( Mesolthelin ) ဆေးရည် နဲ့ အခြားသော ဆေး ပစ္စည်း အစုံအလင် က သူ့အတွက် သုေ တသန ပြု စရာ ပစ္စည်း များ ဖြစ်လာ ပါတော့ တယ်။ အီလက်ထရွန် ဓာတ် အပြည့်အဝ စီး ဆင်း စေမယ့် Paper sensor တစ်မျိုး ကို စတင် ပြုလုပ် ပါတယ်။ လူတွေရဲ့  ဆီး၊ သွေး ကို ယင်း စာရွက် ပေါ် တင်ပြီး မှန်ပြောင်းနဲ့ လေ့လာ ရုံ၊ ကွန်ပြူတာ နဲ့ Scan ဖတ် လိုက်ရုံ နဲ့ ပန်ကရိယ ကင် ဆာ ရှိမရှိ အလွယ် တကူ စစ်ဆေး နိုင်မယ့် နည်းပညာ နဲ့ ပစ္စည်း ဖြစ်ပါတယ်။

လက်ရှိ အသုံးပြု နေတဲ့ ပန်ကရိယ ကင်ဆာ စစ်ဆေးရေး စက် ထပ် အာရုံခံ နိုင်မှု စွမ်းအား က အစ ၄၀၀ တောင် ကွာ ပြီး ဈေးနှုန်း အားဖြင့် က လည်း အစပေါင်း ၂၆၀၀၀၀ သက်သာ နေ ပါတယ်။ အကြောင်း ကတော့ အဲ့ အတွက် ၁ဒေါ်လာရဲ့   ၁၀ ပုံပုံ ၁ပုံ ( 1 cent ) ပဲ ကုန်ကျ လို့လေ။ ကင် ဆာ ရောဂါ စမ်းသပ် စက် ပစ္စည်း ကြီး များ နဲ့ ကြိုးစား လုပ်ဆောင် နေ တဲ့ ဓာတ်ခွဲခန်း နဲ့ ပညာရှင် များ ကို အရှက်ခွဲ လိုက် သလိုပါပဲ။ စမ်းသပ် မှု ပြီးမြောက် ဖို့ အနည်းငယ် အလို မှာ ဓာတ်ခွဲခန်းေ တွ ကို စာပို့ ပါတယ်။ အမေရိကန် နိုင်ငံ အတွင်း က ကင်ဆာ သုတေသန ပြုလုပ် နေကြတဲ့ ဓာတ် ခွဲခန်း ပေါင်း ၂၀၀ ကျော် ကို သူ့ရဲ့  သုတေသန စာတမ်း များ ပို့လိုက် ပါတယ်။ ၂၀၀ မှာ ၁၉၉ ခုေ သာ ဓာတ်ခွဲ ခန်းက ငြင်ဆန် ပြီး John Hopkins တက္ကသိုလ် က ဒေါက်တာ Anarban Maitra က တော့ ခွင့်ပြု ပေးလိုက် ပါတယ်။ အဲဒီမှာ စမ်းသပ်ပြီး ၂၀၁၂ အမှီ မှာ အောင်မြင် မှု ရရှိ သွားတာ ပါပဲ။

အဲ့ နောက်ပိုင်း အမေရိကန် ကရော၊ ကမ္ဘာ က ပေးအပ် တဲ့ ဆုတံဆိပ် အမျိုးမျိုး ရရှိပြီး လူသိများ တဲ့ သုတေသန ပညာရှင် တစ်ဦး ဖြစ်လာ ပါတော့တယ်။ လက်ရှိ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁သိန်း ကျော် ရရှိ ထားပြီး အခြားသော သုတေသန များ ပြုလုပ်ဖို့ အတွက် ငွေကြေး ထောက်ပံ့မှု ကိုလည်း အပြည့်အဝ ရရှိ ထား ပါတယ်။ 2013 Social God Summit မှာ တက်ရောက် ဟောပြော ခွင့် ရပါတယ်။ ကမ္ဘာ မှာ ၁ ရာခိုင်နှုန်း မျှသာ ရှိတဲ့ သုနေတန ပညာရှင် လူဦးရေ ထဲကို ပါဝင် လာ တဲ့ ထူးချွန် ပညာရှင် တစ်ဦး မို့ပါ။ သူ့ရဲ့  နောက် ထပ် ခြေလှမ်း များက အခြား သော ကင်ဆာ အမျိုး အစားနဲ့ HIV တို့ လို ရောဂါ တို့ကို ရှာဖွေ ဖော်ထုတ်မယ့် သုတေသန ဖြစ်ပါတယ်။

Social Good Summit မှာ သူပြောခဲ့ တဲ့ စကား အချို့ ကို အောက်ပါ အတိုင်း ကောက်နု တ် ပေး လိုက် ရပါတယ်။

"Science shouldn't be a luxury, and knowledge shouldn't be a commodity,"
“သိပ္ပံ ပညာရပ် ဟာ ဇိမ်ခံ ပစ္စည်း မဟုတ်ဘူး။ ပညာ ဆိုတာ လူတိုင်း ရသင့် ရထိုက် တဲ့ အသုံး အဆောင် ပစ္စည်း တစ်ခု ဖြစ်တယ်”

"Imagine if we lived in a knowledge democracy. It should be a basic human right."

“ကျနော် တို့ဟာ တရား မျှတ တဲ့ ပညာရေး စနစ် ( ပညာ ဒီမိုကရေစီ စနစ် ) မှာ နေထိုင် တယ်လို့ ယူဆ ကြည့်ပါ။ ဒါဟာ တစ်ကမ္ဘာ လုံး အတွက် အခြေခံ အကျဆုံး လူ့ အခွင့်အရေး တစ်ခုပဲ ဖြစ် ပါတယ်။” 

အောင်ခမ်း ( TSJ Team )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...