Ads (728x90)

×××××××××××××××××××××××××××××××××××××××××
၂၈.၉.၂၀၁၃
---------------------
သုံးဘီးဆိုင်ကယ် တက္ကဆီယဉ်မောင်းတစ်ဦးအား မြို့နယ်ခန်းမ အနီးနေ ငပလီရောင်းဝယ်ရေး ပိုင်ရှင် ဘင်္ဂလီ ကျော်ဇံလှ မှ
ဆဲရေးတိုင်းထွာမှုဖြစ်ပွါးခဲ့ပါသည် ။ တက္ကဆီတွင် သာသနာ့အလံ ထောင်ထားခြင်းအပေါ် စကားအစရှာပြီး ၎င်းအိမ်ရှေ့
ယဉ်ရပ်နားခြင်းမပြုရန် ပြောခြင်းမှစကာ ဘ၈င်္လီကျော်ဇံလှမှာ တိုက်အိမ်ထဲက ထွက်လာပြီး ယဉ်မောင်းအား ငါ့ကိုဘာကောင်
ထင်သလဲကွ မင်းသေချင်လား ကြိမ်းမောင်းကာ ထိုးမည် ကြိတ်မည် တကဲကဲ ပြုမှုသဖြင့် ယဉ်မောင်းမှ ရဲစခန်းသို့ ၁၀ နာရီ
ခန့်တွင် သွားရောက် တိုင်တန်းခဲ့ပါသည်။
တိုင်တန်းခဲ့ပါသော်လည်း ရဲစခန်းမှ အရေးယူခြင်းတစုံတရာ မရှိခဲ့ပါသဖြင့် သံတွဲမြို့ရခိုင်များနှင့် အမျိုးဘာသာ သာသနာ
စောင့်ရှောက်ရေးအဖွဲ့ သားများ ရဲစခန်းရှေ့တွင် ညနေ ၃နာရီခွဲအထိ (လူ ၂၀၀) ခန့် စုရုံးခဲ့ကြပါသည်။
၃နာရီခွဲ အချိန်အထိ ရဲစခန်းမှ အရေးယူမှု မပြုလုပ်သည့်အတွက် ဘင်္ဂလီကျော်ဇံလှနေအိမ်သို့ လူ ငါးဆယ်ခန့် မကျေနပ်ကြောင်း
ပြောဆိုရန် ထွက်လာခဲ့ကြပါသည်။ ဘင်္ဂလီကျော်ဇံလှ နေအိမ် သို့ မြို့သားများ ရောက်ရှိချိန် ရဲတပ်ဖွဲ့နှင့်တပ်မတော်သားများ
ကတားဆီးနေစဉ် အမျိုးဘာသာ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မှ သံဃာတော်များကြွရောက်လာခါ အကြမ်းဖက်မှု
များ မဖြစ်စေရန် ထိမ်းသိမ်းခဲ့ကြပါသဖြင့်လူစု ကွဲခဲ့ပါသည်။
ညနေ ၄နာရီခွဲခန့်တွင် ဘင်္ဂလီကျော်ဇံလှအား ရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ဘင်္ဂလီကျော်ဇံလှအားဖမ်းဆီး ပြီးနောက်ပိုင်း
မကျေမနပ်ဖြစ်နေကြသည့် လူများမှာလည်း လူစုခွဲခဲ့ကြောင်းသိရှိရပါသည်။
...................................................................................................
သတင်းပေးပို့သူ -- သံတွဲသားတစ်ဦး
 
ထူးမြန်မာ

 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...