==========================
မနေ့ညကပွဲမှာ ချယ်လ်ဆီးအသင်းက တိုက်စစ်မှူးနဲ့ ကစားကွက် ရှာတွေ့သွားသလိုပဲ..
မော်ရင်းဟို ရောက်လာပြီးကတည်းက ရလဒ်ပိုင်းကို ဦးမတည်ပဲကစားသမား အတွဲအဖက်ကို သေချာ ပြင်ဆင်နေခဲ့တယ်။ ကစားသမား အတွဲအဖက် နဲ့ ကစားကွက်ကို လူစုံအောင် စမ်းသပ်ခဲ့တယ်။ နောက်တန်းမှာ နေရာခိုင်ခိုင်မာမာရတာဆိုလိ
မာတာကို ချန်လို့ ကွင်းလယ် နဲ့ တိုက်စစ်မှူးကိုလည်း မျိုးစုံစမ်းသပ်ခဲ့တယ်။ ကွင်းလယ်မှာ အော်စကာ နဲ့ ဟာဇတ်ကို အထိုင်ချလို့ ကျန်ကစားသမားအတွဲတွေ စမ်းသပ်ခဲ့တယ်။ တိုက်စစ်မှူး မပါပဲ ကွင်းလယ်သမားကြည့်ပဲ ကစားတာအထိပေါ့။
မနေ့ညက ပွဲ ဒုတိယပိုင်း တောရက်စ် နှစ်ဝါ တစ်နီနဲ့ မထွက်ရခင်အချိန်မှာတော့ မော်ရင်းဟိုတစ်ယောက် သူ့စိတ်ကြိုက် အကောင်းဆုံး ကစားသမား အတွဲအဖက်ကို ရလိုက်ပြီလို့ ယုံကြည်လိုက်မိတယ်။
ဒီပုံစံ အတိုင်းသာ ဆက်သွားမယ် ဆိုရင် တိုက်စစ်မှူးအဖြစ် တောရက်စ် တစ်ယောက်နေရာ ခိုင်ခိုင်မာမာ ပြန်ရလာနိုင်သလို မာတာ၊ ဟာဇတ်၊အော်စကာ ဆိုတဲ့ ချယ်လ်ဆီးအသင်း ပရိသတ်တွေ မြင်ချင်လှတဲ့ အတွဲကိုလည်း ပြန်မြင်ရဖို့ ဖြစ်သွားပါပြီ...
မီခေးလ် တစ်ယောက်ကတော့ ဘောလုံးအသင်းရဲ့ မြန်နှုန်း Delay ဖြစ်လွန်းတာမို့ အချို့အသင်းနဲ့ ပွဲတွေမှာသာ အသုံးကျနိုင်တော့တယ် ထင်တာပါဘဲ... သူ့နေရာမှာ မာတာ ၀င်လာတာနဲ့ ကစားကွက် ပြန်ကောင်းသွားတာ သတိပြုမိလိုက်တယ်။ အရင်မာတာ ပုံစံမျိုးနဲ့ပေါ့..
ချယ်လ်ဆီးအသင်းက လူအခင်းအကျင်း နဲ့ ကစားကွက် တည်မိအောင် ကြိုးစားနေချိန်မှာ မန်ယူအသင်း နည်းပြသစ် မိုယက်စ်ကတော့ ရှိပြီးသား လူအခင်းအကျင်း နဲ့ ကစားကွက်ကို ဖျက်နေသလိုပဲ...
နည်းပြသစ်အောက်မှာ မန်ယူရုန်းကန်နေရတယ်။ သူရုန်းကန်နေရတာက ကစားကွက် ရှာနေတာ မဟုတ်ဘူး။ နည်းပြသစ်က ဖိအားမရှိအောင် ရလဒ်ပိုင်းကောင်းဖို့ ပိုဦးစားပေးပြီး သူထင်တာကို သူစွတ်လုပ်နေတာ ဖြစ်နေတယ်လို့ ထင်တယ်။
ဥပမာ မနေ့ညကပွဲမှာ သူ့ရှေ့က ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ပွဲမှာ ကစားခဲ့တဲ့ ကစားသမား ၇ ယောက်လောက်အထိ အပြောင်းအလဲ လုပ်ပြီး ပွဲထွက်လာတယ်။ ကစားသမား နဲ့ ကစားကွက် ခိုင်ခိုင်မာမာ ရှိအောင် လုပ်နေတာထက် ကစားသမားတွေကိုပဲ အနားပေးနေသလိုလိုနဲ့ တစ်နေ့ တစ်မျိုးကစားနေတယ်။ ပင်မ ကြောရိုးတစ်ခု ခိုင်ခိုင်မာမာရှိအောင် လုပ်နေတာမျိုး မရှိဘူး။
ကစားသမား နဲ့ ကစားကွက် အသားကျမှု ဆိုတာထည့်မတွက်တော့ နောက်တန်းကစပြီး တိုက်စစ်မှူးအထိ ကြုံသလိုတွဲဖက် ကစားတဲ့ ကစားကွက် ဖြစ်လာတယ်။
တကယ်တော့ မန်ယူအသင်းရဲ့ ကစားကွက် အနှစ်သာရ အစစ်က " ဘောလုံးဆုံးရှုံးသွားချိန်မှ
အခုမန်ယူက ချယ်လ်ဆီးအသင်း အမြဲတမ်းကစားနေသလို " ဘောလုံးဆုံးချိန်မှာ နေရာလွတ်တွေဖြည့်ပြီး လူကပ် ဘောလုံးအပေးမှားကနေတဆင့် ဘောလုံးပြန်လုတဲ့ပုံစံလိုလိ
အဆိုးဆုံးကတော့ အသင်းနဲ့ အံမ၀င်သေးတဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီကို စွပ်သုံးနေတာပါပဲ.. ချယ်လ်ဆီးက မီခေးလ်ကြောင့် အသင်းလိုက် ဘောလုံးကစားကွက် Delay ဖြစ်သွားသလိုပဲ ဖယ်လ်လိုင်နီ လဲ ဖြစ်နေတာ မြင်ရတယ်။
ဖယ်လိုင်နီရောက်လာပြီးပြီးခ
ဒီပုံစံအတိုင်း ဆက်သွားနေရင်တော့ မန်ယူအသင်း အမှောင်လမ်းမှာ စမ်းတ၀ါးဝါး ဖြစ်နေအုံးမယ်လို့ သုံးသပ်မိသလို ချယ်လ်ဆီးအသင်းကတော့ ကစားကွက်ပိုင်း အချိတ်အဆက်ကောင်း ရှာတွေ့သွားပြီလို့ သုံးသပ်မိပါကြောင်း...
(ဇော်လွင်ဝင်း)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။