Ads (728x90)

မြန်မာနိုင်ငံ မိတ်ဆွေများ အဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာ မိတ်ဆွေများ အဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

တွေ့ဆုံပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ၏နိုင်ငံေ ရး
ပြုပြင် ပြောင်းလဲမှုများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်း ချမ်းရေး ဖော်ဆောင် အောင်မြင်မှုများနှင့် ပတ်သက်၍ ချီးကျူး ပြောကြား ခဲ့ကြောင်း သိရသည်။

၎င်းက ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း မြန်မာနိုင်ငံ၏  ထူးခြားပြောင်မြောက် လှသော ပြုပြင်ပြောင်းလဲ မှုများကို အသိ အမှတ် ပြုပါကြောင်း၊ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေ စီ ရေးနှင့် ဈေးကွက် စီးပွားရေး စနစ်ကို ဦးတည် ဖော်ဆောင် နေမှုများအတွက် ကြိုဆိုပါကြောင်း၊ မြန်မာ နိုင်ငံသည် ပိုမိုပွင့်လင်း မြင်သာသည့် ဒီမိုကရေစီ ခရီးလမ်းကို ဆက်လက်ချီတက်လျက် ရှိကြောင်း၊ ပွင့်လင်း မြင်သာမှု၊ တာဝန်ခံမှုနှင့် အားလုံး ပါဝင် နိုင်မှုတို့ကို အာမခံနိုင်ပြီး ပြည်သူနှင့် အစိုးရ တစ်သားတည်း ဖြစ်အောင် ဆောင်ရွက်ရာ တွင် လျင်မြန်စွာ ကြီးထွား တိုးတက် လျက်ရှိသော အရပ်ဘက် လူ့အဖွဲ့အစည်း များ၏ ကဏ္ဍသည် ပို၍အရေး ပါလျက် ရှိနေပါကြောင်း၊ လက်ရှိ အစိုးရ တာဝန် ထမ်းဆောင်ချိန် မှစတင်၍ လွတ်ငြိမ်းချမ်းသာခွင့် ဆယ်ကြိမ် ဆောင်ရွက် ပေးခဲ့ခြင်းနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က နိုင်ငံရေး အကျဉ်းသားများ ယခုနှစ်ကုန်တွင် မကျန်ရှိ ရအောင် ဆောင် ရွက်မည်ဟု ကတိပေး ခဲ့ခြင်းအပေါ် များစွာ ဝမ်းမြောက် မိပါကြောင်း ၊နိုင်ငံတော် သမ္မတကြီးနှင့် လုပ်ဖော်ကိုင်ဖက် များ သည် လူ့အဖွဲ့ အစည်းများ အကြားယုံကြည်မှုနှင့် ညီညွတ်မှု တည်ဆောက်ရန်အတွက်
အဓိကခြေလှမ်းများကို စတင်နေပြီဖြစ်ပါကြောင်း၊မြန်မာနိုင်ငံ၏ ဒေသတွင်း မိတ်ဖက်များ၊နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပိုမိုပွင့်လင်းထိရောက်စွာအပြု သဘောထိတွေ့ဆက်ဆံမှုများကိုလည်းကြိုဆိုပါကြောင်းပြောဆိုသည်။

ဆက်လက်ပြီးပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများတွင် ပြန်လည်တည် ဆောက်ရေးနှင့်တည်ငြိမ် အေး ချမ်းရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေ မှုကို အသိ အမှတ်ပြု ပါကြောင်း၊ ကုလသမဂ္ဂ အဖွဲ့သည် မြန်မာနိုင်ငံ အစိုးရကို တိုးမြှင့် ကူညီပံ့ပိုး သွားရန် အသင့်ရှိပါကြောင်း၊ အရေးကြီးသော ကိစ္စရပ် များဖြစ် သည့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ ကိစ္စ၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့် အရေး၊ လူသားချင်း စာနာထောက်ထားသော အကူအညီ များ ပေးရေး၊ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး၊ မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ အား ပြုပြင် ပြောင်းလဲရေး၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စ ရပ်များတွင်ပိုမိုကူညီပေးသွားရေးတို့အတွက်လည်းအသင့်ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။

၎င်းအစည်းအဝေးတွင် မြန်မာနိုင်ငံ မိတ်ဆွေများ အဖွဲ့အား မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများကို ထင်ဟပ် နိုင်ရန် အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးမှုနှင့် ဒီမိုကရေစီ မိတ်ဖက်အဖွဲ့ (Partnership Group for Peace,  Development and Democracy in Myanmar) အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ


Ref ; http://www.oppositeyes.info/2013/09/blog-post_29.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...