Ads (728x90)

.

အရင်ဆုံးပြောချင်တာကNLDရဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီကိစ္စပါ။

သတ္တမအကြိမ် လွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့တာက
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ လေ့လားစုံစမ်းရေးကော်မရှင်ကို လွှတ်တော်မှာ ကိုယ်စားလှယ်ရထားတဲ့ ပါတီတွေရဲ့ခွဲတမ်း အလိုက်ပါဝင်တဲ့ ကိုယ်စားလှယ်တွေနဲ့ဖွဲ့ထားတာပါ။


အခုဟာကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီရယ် လို့ ရှိနေရပါသလဲ။
NLDဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီကအချက်ကိုးချက်ပါတဲ့ကြေညာချက် ကို ခပ်တည်တည်နဲ့ ပဲထုတ်ပြန်လိုက်တာကို သိပြီးဖြစ်မှာပါ။
အပိုဒ်(၁) ကိုလေ့လာကြည့်တော့
၂၀၁၂ ရွေးကောက်ပွဲဝင်ရာမှာမဲဆွယ်စည်းရုံးတော့ပြည်သူတွေကို ပေးခဲ့တဲ့ဂတိကိုအသားပေးဖေါ်ပြထားတယ်ဒါကဘာဆိုင်လို့တုံးကိုယ်မဲရဖို့မဲဆွယ်တာလေ။မဲနိုင်သွားပြီးတော့ ပြည်သူကိုပေးခဲ့တဲ့ကတိတွေတည်ရဲ့လားပြန်ပြီးသုံးသပ်ရမှာပါ။


အပိုဒ် (၂)ကို လေ့လာကြည့်တော့
(ဂ)မှာရေးထားတာကအခြေခံဥပဒေကိုသူတို့စိတ်တိုင်းကျမပြင်ပေးဘူးဆိုရင်စစ်မှန်သောပြည်ထောင်စုအတွက်အဟန့်အတားဖြစ်စေမယ်ဆိုတဲ့သဘော။

(ဆ)မှာရေးထားတာကအခြေခံဥပဒေကိုမပြင်ရင်၂၀၁၅မှာကျင်းပမယ့် ရွေးကောက်ပွဲကလွတ်လပ်မှုတရားမျှတမှုတွေကိုထိခိုက်သွားမယ်ဆိုတဲ့သဘောဆောင်နေတယ်။ဒါဆိုရင်၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာNLD တွေသိမ်းကြုံးစားသွားတုံးကဘက်လိုက်မှုတွေ၊တရာမမျှတမှုတွေနဲ့အနိုင်ရသွားသည်လို့ဘဲရိုးရိုးလေးတွေးလိုက်ချင်တယ်။
အပိုဒ်(၃) မှာတော့
တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံးဆွေးနွေးပြီး ရခဲ့တဲ့ရလဒ်က ဖွဲ့စည်းပုံကို ပြင်ဆင်ခြင်း သို့မဟုတ် အသစ်ပြန်လည်ရေဆွဲခြင်း နဲ့ ပြည် တွင်းငြိမ်းချမ်းရေးတို့ က တဆက်တစပ်တည်းရှိနေရမယ် တညီတညွတ် တည်းဆုံးဖြတ်သည်တဲ့။

ကဲအဲဒီမှာစတာပဲ
လက်ရှိအစိုးရကတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တွေ့ဆုံးဆွေးနေပြီး နိုင်ငံတော်သမ္မကြီးကလည်း၂၀၁၅မတိုင်ခင် ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်နေတာလဲအားလုံးအသိအခြေခံဥပဒေကို ပြင်ဆင်ကြဖို့ ကော်မတီဖွဲ့စည်းပေးထားတာလဲအားလုံးအသိဗျာ

လွှတ်တော်ကဖွဲ့စည်းပေးထားတဲ့ ကော်မတီက လေ့လာမှုတွေပြုလုပ်ပြီး ပြင်သင့်တဲ့အချက်တွေကို စုစည်းပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြကြမယ်လေ အဲဒီအခါ မှာ ပြည်ထောင်စုလွှတ်က ကြားနာမှာပေါ့။

တိုင်းရင်းသားနိုင်ငံရေးပါတီတွေက တညီတညွတ်တည်း ဆုံးဖြတ်သည် ဆိုတဲ့ အချက်ကလဲ အငြင်းပွား စရာ ဖြစ်ရပါပြီ။

တိုင်းရင်းသားနိုင်ငံရေးပါတီတွေကိုဖိတ်ထားတာအားလုံးမတက်ရောက်ကြတာလဲ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီးပြီ တက်တဲ့သူနဲ့ပဲလုပ်တော့မယ် သူတို့ကိုဖိတ်တာ အချိန်နီးကပ်နေလို့ မလာနိုင်ကြတာပါတဲ့

ကောင်းရောဗျာ နိုင်ငံတဝှမ်းနဲ့ပါတ်သက်တဲ့အလုပ်ကြီးအကိုင်းကြီးလုပ်နေပါတယ်ဆိုသူတွေက ကိုယ် ဖိတ်ကြားလိုတဲ့ အဖွဲ့အစည်းကို အချိန်နီးကတ်မှ ဖိတ်ရတယ်လို့ဗျာ ရိုးရော ရိုးကြရဲ့လားလို့ တွေးမိပါတယ်။
စဉ်းစားဖို့က အခြေခံဥပဒေပြင်ဖို့ကိစ္စကို လွှတ်တော်မှာ အဆိုတင်တာက NLD မဟုတ်ဘူးနော်။

Ko Than Tun(NNDP)
 
Ref ; http://www.oppositeyes.info/2013/09/nld_29.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...