Ads (728x90)

 ပြည် ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်း ရေး ရရှိ ရန် ငြိမ်းချမ်းရေးညီလာခံ ကြီး အမြန်ဆုံးကျင်းပရန် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ က တောင်းဆို လိုက်ကြောင်းသိရ သည်။

တောင်ကြီးမြို့တွင် စက်တင် ဘာ ၂၁ရက်မှ ၂၃ရက်အထိ ကျင်းပပြုလုပ်သော ''ယုံကြည်မှု တည်ဆောက်ခြင်း''(ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည် နယ်) ဆွေးနွေးပွဲတွင် ယုံကြည်မှု တည် ဆောက်ခြင်းကော်မတီသို့ အမျိုး သားဒီမိုကရေစီအင်အားစုမှ စာ တမ်းတင်သွင်းတောင်းဆိုခဲ့ခြင်း ဖြစ် သည်။

လက်နက်ကိုင်အဖွဲ့အစည်း များ၊ လွှတ်တော်၊ အစိုးရ၊ အရပ် ဘက်အဖွဲ့ အစည်းများ၊ နိုင်ငံရေး ပါတီများ၊ တပ်မတော်နှင့် ပညာ ရှင်အဖွဲ့များ စုံစုံညီ ညီနှင့် နိုင်ငံရေး ပြဿနာများကို ဆွေးနွေးညှိနှိုင်း အဖြေရှာသော ညီလာခံ ကြီးတစ် ရပ် အမြန်ဆုံးကျင်းပနိုင်မှသာ ပြည်ထောင် စုကြီးတစ်ဝန်း လုံး ငြိမ်း ချမ်းရေးတံခါးပေါက်မှ အမှန် တကယ် ဖြတ်ကျော် ဝင်ရောက် နိုင် မည်ဖြစ် သည့်အတွက် အမျိုး သားဒီမိုကရေစီအင်အားစုပါတီ မှ တောင်းဆို လိုက်ခြ င်းဖြစ်သည်။

''လက်နက်ကိုင်အဖွဲ့အစည်း တွေ အပစ်ရပ်ရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ လက်နက်ကိုင်အဖွဲ့ အစည်းတွေကို စီးပွားရေးအခွင့် အလမ်းတွေ ထူထောင်ပေးရုံနဲ့လဲ ငြိမ်းချမ်းရေးမရနိုင်ပါဘူး''ဟု အမျိုးသားဒီမိုကရေစီ အင် အားစုပါတီ က ဆိုသည်။

ပြည်ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်းရေးရရှိရန် အခြေခံလို အပ်ချက်များအဖြစ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပြင် လူမျိုး ရေးနှင့် ဘာသာရေးနယ်ပယ်များ တွင် ခွဲခြားဆက်ဆံခံရမှုမရှိရေး၊ လူမျိုးစု အမျိုးသားရေးစိတ်ဓာတ် များ ရှိသော်လည်း စစ်မှန်သော တန်းတူညီမျှ ပြည်ထောင်စုဘဝ တွင် လူ့အခွင့် အရေးနှင့် ပြည် ထောင်စုနိုင်ငံသားအမျိုးသားရေး စိတ်ဓာတ် ကိုမွေးမြူရေး၊ အသစ် တည်ထောင်မည့် ပြည်ထောင်စု ကြီးတွင် လူမျိုး တစ်မျိုးတည်းက ကြီးစိုးထားသည့်အမြင်များ လက် တွေ့ဘဝတွင် မ ရှိစေရေးနှင့် လူမှု နိုင်ငံရေးနယ်ပယ်အတွင်း နာကျင် မှုများ နာကြည်းမှုများ အဆုံး သတ်နိုင်စေ ရန် လူသစ်၊ စိတ်သစ် ဖြင့် နိုင်ငံသစ်တည်ဆောက် နိုင် ရေး၊ နိုင်ငံသား အားလုံး၏အမျိုး သားအကျိုးစီးပွား၊ တစ်မျိုးသား လုံး လုံခြုံရေးနှင့် နိုင်ငံသား အား လုံးအတွက် ကာကွယ်ရေးဆိုင်ရာ ကိစ္စများသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဆိုသည့် စိတ်ထား ရှိနိုင်ရေးနှင့် လူမှုစီးပွားဘဝနှင့် တန်းတူ ညီမျှနိုင်ငံရေးအနှစ်သာ ရများကို ထူထောင်ပြီး တစ်မျိုးသားလုံး သွေးစည်းညီ ညွတ်ရေး ထာဝစဉ်ခိုင်မြဲရန် ပြည်ထောင်စု နိုင်ငံသား အမျိုးသားရေးစိတ် ဓာတ်နှင့်ထိန်းမတ်စေရေး စသည် တို့သည် ငြိမ်းချမ်းရေး ထာဝစဉ် ခိုင်မြဲစေရန် လိုအပ်ချက်များဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီက ဆိုထားသည်။

အဆိုပါစာတမ်းအား ပါတီ အတွင်းရေးမှူး ဦးကျော်သန်းက စက်တင်ဘာ ၂၂ရက်က ဖတ်ကြား တင်သွင်းခဲ့သည်။
''ငြိမ်းချမ်းရေးအတွက် ယုံ ကြည်မှုတည်ဆောက်ခြင်း''(ရှမ်း၊ မွန်၊ ကယား )ဆွေးနွေးပွဲကို အဖွဲ့အစည်းပေါင်း ၅ဝကျော်တက် ရောက်ခဲ့သည်ဟုသိရ သည်။

YMG

Ref ; http://www.oppositeyes.info/2013/09/ndf.html

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...