Ads (728x90)

Photo: ဘုရားကြီးမြို့အနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
=======================

ပဲခူးတိုင်းဒေသကြီး၊ဘုရားကြီးမြို့အနီး မယင်းကျေး၇ွာနားမိုင်တိုင်အမှတ် ၅၇/၇တွင် (၂၈.၉.၂၀၁၃)နေ့ နံနက်(၁၀း၃၀)အချိန်ခန့်က ယာဉ်တိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့
သည်။ဖြစ်စဉ်မှာ ပဲခူးမြို့မှ ညောင်လေးပင်မြို့ဘက်သို့ ယာဉ်မောင်း ဇင်မျိုးအောင်(ခ)
ဂျပု၊အသက်(၃၂)နှစ်၊(ဘ)ဦးအောင်သိုက်၊ကတုတ်ဘုရားကြီးကျေးရွာ ဒိုက်ဦးမြို့နေသူ
မောင်းနှင်လာသည့် ယာဉ်အမှတ် ၈က/xxxxxx ပဲခူးညောင်လေးပင် အမှတ်(၅)လိုင်း
ဟိုင်းလတ်အပြာရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ကားလမ်း၏ယာဘက်ခြမ်းသို့
ထိုးကျတိမ်းမှောက်သွားခဲ့ရာ ခရီးသည် ကျား(၈)ဦး၊မ(၇)ဦးအား ပဲခူးဆေးရုံတွင် အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူလျှက်ရှိပြီး အမျိုးသမီးတစ်ဦးသာ စိုးရိမ်ရကြောင်း
နှင့် ဘုရားကြီးရဲစခန်းမှ ယာဉ်(ပ)၃၂/၂၀၁၃၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇-၃၃၈/၂၀၂
အရ အမှုဖွင့်အရေးယူထားပြီး ယာဉ်မောင်း ဇင်မျိုးအောင် ထွက်ပြေးတိမ်းရှောင်နေသဖြင့် လိုက်လံဖမ်းဆီးလျှက်ရှိကြောင်းသတင်းရရှိသည်။

Burmese Treasure

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...