Ads (728x90)

Photo: အာရှ ယူ၁၆ ခြေစစ်ပွဲတွင် အိမ်ရှင် တရုတ်ကို မြန်မာအသင်း (၂-၁)ဂိုးဖြင့် အရေးနိမ့်

ပွဲစဉ်တစ်ပွဲဖြစ်သောမြန်မာအသင်းနှင့်တရုတ်အသင်းတို့သည် စက်တင်ဘာ ၂၇ ရက် နေ့မြန်မာစံတော်ချိန်ညနေ(၆)နာရီ(၅)မိနစ်တွင် တရုတ်နိုင်ငံ ၀ူဟန်းမြို့၌ ယှဉ်ပြိုင် ကစားသွားခဲ့သည်။

အဆိုပါ ပွဲစဉ်တွင်မြန်မာအသင်းသည်တရုတ် အသင်းကို ကစားကွက်အသာ၊ဘောလုံးပိုင်ဆိုင်မှူ အသာဖြင့်ကစားခဲ့နိုင်သော်လည်း ဂိုးကံခေမှုကြောင့် အိမ်ရှင်အား အရှုံးပေးခဲ့ရသည်။ ပထမပိုင်း(၃) မိနစ်တွင် မြန်မာအသင်းကွင်းလယ်လူ ဥက္ကာဗိုလ်ဖြတ်တင်ပေးလိုက်သော ဘောလုံးကို တိုက်စစ်မှူး စအောင်ပြည့်ကို ရင်ဘတ်နှင့် တစ်ချက်ထိန်းကာမြေမကျဘော ကန်သွင်းခဲ့သော်လည်း ဂိုးတိုင်ထိထွက်သွားခဲ့သည်။

ပထမပိုင်း(၂၂) မိနစ်တွင်တရုတ်အသင်းမှဦးဆောင်ဂိုးရရိုသွားခဲ့သည်။ အဆိုပါဂိုး မှာမြန်မာ အသင်းနောက်ခံလူများပေါ့စခြင်းကြောင့်ပေးလိုက်ရခြင်းဖြစ်သည်။တရုတ် ကွင်းလယ် ကစားသမား နီမန်း မြန်မာ နောက်ခံလူတွေ ကြားထဲ ဖြတ်ပေးသောဘောလုံး ကိုတိုက်စစ်မှူးလီရူအိုဖန်က ဂိုးသမားနှင့်ရင်ဆိုင် ကန်သွင်းယူသွားခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင်မြန်မာအသင်းသည်တိုက်စစ်ဖွင့်ကစားပြီးတရုတ်အသင်းကိုအကောင်းဆုံးဖိအားပေးနိုင်ခဲ့သည်။ထိုကြောင့်လည်း တိုက်စစ်မှူးရွှေကိုက ပွဲကစားချိန်(၆၁)မိနစ်တွင် မြန်မာ အသင်းအတွက် ချေပ ဂိုးသွင်း ယူနိုင်ခဲ့သည်။

ဒုတိယပိုင်းမိနစ်(၈၀)တွင်မြန်မာအသင်းဦးဆောင်ဂိုးပြန်ပေးလိုက်ရသည်။ တရုတ်အသင်း ထောင့်ကန်ဘောကန်တင်ရာမှကျလာသောဘောလုံးကိုမြန်မာအသင်းနောက်ခံလူများဖြတ်ထုတ်ပုံမသေသပ်မှုမှ တိုက်စစ်မှူး ဒန်လီယုက သွင်းယူသွားခြင်းဖြစ်သည်။ထိုနောက်မြန်မာ အသင်း ဆက်တိုက်ဖိအားပေးနိုင်ခဲ့ပေမယ်လည်းဂိုးကံခေခြင်း၊ အဆုံးသတ်ပိုင်းအားနည်းခြင်း တို့ကြောင့် အိမ်ရှင် တရုတ် ယူ၁၆ အသင်းကို ပွဲအပြီးတွင် (၂- ၁)ဂိုးဖြင့် အရှုံးပေး လိုက်ရခြင်းဖြစ်သည်။

မြန်မာ ယူ၁၆ အသင်းသည် ပထမ ပွဲစဉ်တွင် မြောက်ကိုရီးယား အသင်းအား (၃-၀) ဂိုးဖြင့် အရေးနိမ့် ခဲ့ပြီး နောက်ဆုံး ပွဲစဉ်အဖြစ် စက်တင်ဘာ ၂၉ ရက်နေ့တွင် မြောက်မာရီယားနားစ် ကျွန်းစု အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ခြေစစ်ပွဲ အုပ်စုတွင် မြောက် ကိုရီးယား အသင်းက ၆ မှတ်၊ တရုတ် အသင်းက ၆ မှတ် ရရှိထားကြပြီး မြန်မာနှင့် မြောက်မာရီယားနားစ် ကျွန်းစုအသင်းတို့မှာ အမှတ်မရရှိသေးပေ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...