Ads (728x90)

" အနီရောင် " ကိုက်ခဲမှု
****************

ငါတို့ဟာ အနီရောင် မဟုတ်ခဲ့ဘူး ။ သို့ပေမယ့် အနီရောင်ကို အားပေးခဲ့တယ် ။
ယုံကြည်ခဲ့တယ် ။ အားကိုးခဲ့တယ် ။ မြတ်နိုးခဲ့တယ် ။ မျှော်လင့်ခဲ့တယ် ။ လေး
စားခဲ့တယ် ။

ဇူလိုင် ၁၉ မှာ သွေး မျက်ရည် သွန်းဖြိုး ၊ စနစ်ဆိုး တစ်ခုအောက်မှာ တိမ်မြုပ်ခဲ့
လေတဲ့ အနီရောင်မျိုးဆက် ပေါ်ထွက်ခဲ့ပြီ ဆိုသတဲ့လေ။ အတွေးနုနု စိတ်ဓါတ်
တွေ ပြန်လည်တက်ကြွချိန်မှာ အနှစ်သုံးဆယ်ကျော် ချောင်ပိတ်ခံထားရတဲ့ ပုံစံ
ခွက်တစ်ခု ပုံသဏ္ဍာန်ပြောင်းလဲတော့မယ့်အသွင်နှင့် အနီရောင် မျှော်လင့်ချက်
တွေ ထုံမွှမ်းခဲ့တယ်။ အနီရောင်တိုက်ပွဲခေါ်သံတွေ အနောက်မှာ ငါတို့ရပ်တည်
ထောက်ခံပေးခဲ့ရတယ် ။

သခင်စိတ်မှန် ရှင်သန်အောင် သွင်းပေးခဲ့တဲ့ တချိန်က ရဲရဲတောက် အနီရောင်
တဖန်ရှင်သန်ခဲ့လေလား ထင်မှတ်မှားပြီး အနီရောင်ရဲ့ဖမ်းစားမှုအောက် ငါတို့
ဘဝတွေ ပျောက်ချင်ပျောက်စေတော့လို့ ဆုံးဖြတ်ချက်ချ ရဲဝင့်စွာ အနီရောင်ရဲ့
အနောက် လိုက်ခဲ့တယ် ။ (ဒါပေမယ့် ငါတို့ အနီရောင် ရယ်လို့ မခံယူထားဘူး)

အစိမ်းရောင် ခြံစည်းရိုးအနောက် အနီရောင်ရောက်ရပြန်လေတော့လည်း ဂရု
ဏာတွေထား ၊ ဒေါမနဿတွေပွားလို့ ဘာတွေပဲလာလာ မျက်မှန်စိမ်း တပ်ပြီး
မစားဖူးခဲ့ရတဲ့ အနီရောင်အသီး မျှော်လင့်တကြီးနှင့် သစ္စာကြီးစွာ တမ်းတခဲ့ရ
ပြန်တယ် ။

သမိုင်းတစ်ဆစ်ချိုးမှာ ရွှေဝါအရောင် ရှေ့ဆောင်လာတဲ့ အခါ အစပထမ အနီ
ရောင်တွေ ငြုပ်လျှိုးလို့ ပေါ်မလာခဲ့ပါဘူး ။ ပွဲပြီးလို့ မီးသေလောက်တဲ့ အချိန်မှ
ကျောင်း နံရံ တစ်ဝိုက် အနီအရောင် အလံတွေ စိုက်ပြမယ် ဆိုပြီး ဖျားခင်း ကြ
ပြန်တော့လည်း ငါတို့တတွေ မေတ္တာမပျက် အနီရောင် ပြဇာတ် ထဲမှာ စီးမျော
လို့ သိဒ္ဓိဝင် အနီရောင် ရယ်လို့ စိတ်ကူးနှင့် ဖဲရိုက်ခဲ့ရပြန်တယ် ။

မျှော်တလင့်လင့် စောင့်စား လာခဲ့ရတဲ့ အနီရောင်တွေ စင်မြင့်ထက်အပေါ်မာန်
ပြန်ဝင့်လာနိုင်တော့လည်း မုဒိတာဝေဖြာ ခဲ့ရတယ် ။ မစားရ ဝခမန်း နှင့် ပဒေ
သာအပင်တွေ ငါတို့မြေမှာ မပေါက်လျှင် နေပါစေ အနီရောင်ရဲ့ ခမ်းနားမှုတွေ
စားသုံးရလျှင်ပဲ ကျေနပ်တယ်ဆိုတဲ့ အတွေးနှင့် ကခုန်မြူးတူးခဲ့ရပြန်တယ် ။

ခုတော့ ... အနီရောင် ရယ် !!!!

အသက်ရှူလျှင်တောင် အနီရောင် အငွေ့အသက်တွေ လိုက်ရှာခဲ့ရတဲ့ ငါတို့
တွေက " အမိမဲ့ - သား ရေနည်း - ငါး " တွေ ဖြစ်ရပါပကောလား ။

ငါတို့ မြတ်နိုးကိုးကွယ်ရာတွေ အစော်ကားခံခဲ့ရတာ ပရိယာယ်တွေတဲ့လား။
ငါတို့ ကျေးဇူးရှင် ရွှေဝါရောင် အချို့ ၊ လူမနည်းတဲ့ ငမဲတစ်စု လက်ချက်နှင့်
ဇီဝိန်လွင့်ကြွေခဲ့ရတာ ဥာဏ်ဆင်မှု တဲ့လား ။
ငါတို့ သွေးသားတွေ လောင်မီးကျ ခဲ့ရတာ လှည့်ကွက်တွေ တဲ့လား ။
ငါတို့ အခွင့်အရေး ငါတို့ ကာကွယ်တဲ့အခါ အကြမ်းဖက်သတဲ့လား ။

ဂုဏ်တော် ဦးထိပ်ထား သင်္ကေတ ဖော်ညွှန်းပြီး အကြမ်းဖက်မှုတွေကို မဖြစ်
ရအောင် ကိုယ့်စည်း ကိုယ်ဘောင် ဖော်ဆောင်တာဟာ မုတ်ဆိတ်ဖွားတွေ
အလိုကျ ပြောစကား နှင့် အကြမ်းဖက် ဂိုဏ်းအသွင်ဆောင် သတဲ့လား ။

သွေးသားညာယူ ၊ ရန်တုံ့မူပြီး ဓါးပြထက်ဆိုး ကာမသူခိုးတွေရဲ့ မျိုးဖောက်
အယုတ်တမာ ရန်ဘေး ကင်းဝေးစေအောင် ဥပဒေ ဖော်ဆောင် ပြန်တော့ -
လည်း ယဉ်ကျေးမှုနှင့် မယှဉ် ပြည့်တန်ဆာ ကြဉ်အင်လောက်တောင် အရေး
မထား ၊ အနီရောင် အဆီးအတားတွေနှင့် မုတ်ဆိတ်ဖွားတွေ အလိုတော်ကျ
ရှုံ့ချပြန်တယ် ။

ရုံးခန်းသစ်ဖွင့်ပွဲ ပန်းခင်းပြီး ကြိုဆိုခဲ့တယ် ဆိုတဲ့ မုတ်ဆိတ်ဖွားမှ အနီရောင်
ဘက်တော်သား သတ်မှတ် လေရော့သလား ။

လူ့အခွင့်အရေး ဆိုတာ မုတ်ဆိတ်ဖွားသီးသန့် ဖြစ်ရမယ်လို့ အနီရောင်တွေ
မှတ်ထင်ထား လေရော့သလား ။

ငါတို့ ထောက်ခံမှုတွေစားသုံး ၊ လူလုံးထွက်ပြတဲ့ လွှတ်တက် ပင်နီဝတ် အနီ
ရောင်ဟာ မုတ်ဆိတ်ဖွားဖွား ဖြစ်နေပါပေါ့လား ။

ရင်နာရတယ်အနီရောင်ရယ် ။ ငါတို့ ယုံကြည်မှုတွေကို ခဝါချ မုတ်ဆိတ်တွေ
အလိုတော်ကျ ပြည်ပမှာ ဖြည်ချခဲ့တာ ကိုယ့် ပေါင် ကိုယ်ပြန်လှန်ထောင်းတဲ့
အနီရောင် သူတော်ကောင်း ဂုဏ်တစ်ခုကို အရောင်တင်ဖို့ အတွက်လား ။

ခုတော့ သဘောပေါက်လိုက်ပါပြီ အနီရောင် ရယ် !!!

ငါတို့တွေ မျက်နှာမွဲ နင်းပြားမို့ ၊ အရင်းအနား ကိုသာ တိုးလို့ ဖိကြိတ် ခံရပြန်
ပြီ ထင်ပါရဲ့ ။

ဘူးသီးကြီးလာလို့ ၊ အရီး လို့ လာခေါ်သူတွေရဲ့ ဖိနပ်အောက် ငါ့တို့ ကို တွန်း
ပို့နေပြီး တစ်ကိုယ်တော် မိုးလုံဖို့ ကြိုးစား နေတာမျိုး မဖြစ်ပါစေ နှင့် လို့ပဲ ဆု
တောင်းလိုက်ရတယ် အနီရောင် ရယ် ။

ဦးယဉ်ကျေး ။ ။
၂၇၊၉၊၁၃။ ****************

၂၇၊၉၊၁၃။
 
Share By :
Angle Black Angle

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...