Ads (728x90)

Photo: ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု များသည် ဒီမိုကရေစီ မလိုလား သူများ၏ အောက်တန်းစား နိုင်ငံရေးဖြစ်
 သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြော..

ပုဂ္ဂိုလ် ရေးဆိုင်ရာ တိုက်ခိုက်မှုများ သည် ဒီမိုကရေစီမလိုလား သူများ၏အောက်တန်း စားနိုင်ငံရေး 
လုပ် ခြင်းသာဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဝေဖန်ပြောကြားသည်။ 

စက်တင်ဘာ ၂၇ ရက်က နိုင်ငံခြားဘဏ်များတွင် အပ်နှံ ထားသည့် ၁၁ဘီလီယံနှင့်ပတ် သက်သော
ကိစ္စရပ်များတွင် ဝန် ကြီး ဦးစိုးသိန်း ပါဝင်သည်ဟူသော ပြောဆိုမှုများအပေါ် ရန်ကုန် တိုင်းမ်နှင့် ယ
နေ့တွေ့ ဆုံရာတွင် ယင်းကဲ့သို့ ဝေဖန်ပြော ကြားလိုက် ခြင်းဖြစ်သည်။

ဝန်ကြီးဦးစိုးသိန်းက ''၁၁ ဘီလီယံနဲ့ပတ်သက်ပြီး ကမ္ဘာ့ ဘဏ်ကကြေညာပြီးပြီပဲ။ အဲဒီ မှာ ကျွန်တော့်ကို
ဆွဲထည့်တာက ကျွန်တော့်ကို နိုင်ငံရေးအရသတ် တာပေါ့ဗျာ၊ သတ်လို့ဘာမှဖြစ်မှာ မဟုတ်ဘူး။ ကျွန်
တော်က သမ္မတ လဲဝင်မရွေးဘူး။ ဝန်ကြီး လဲဝင် ရွေးမှာမဟုတ်ဘူး။ လွှတ်တော် ကိုယ်စားလှယ်လဲ လုပ်
မှာမဟုတ် ဘူး။ နောက်အစိုးရမှာ အခုတိုင်း ပြည်ကောင်းအောင် ကျွန်တော် ကျရာနေရာက လုပ်ပေးနေ
တာ'' ဟု ပြောသည်။ ယင်းအပြင် ဝန်ကြီးအနေ ဖြင့် ပိုက်ဆံမ ရှိကြောင်း၊ လက်ရှိ ရွှေနံ့သာရှိ သစ်ခွခြံ
တွင်နေထိုင် ကြောင်း၊ ကျန်ရှိသောသူများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သိရှိ နိုင်မည်ဖြစ်ကြောင်း၊ ပိုက်
ဆံရှိ ပါက ကချင်ပြည်နယ်ရှိစစ်ပွဲများ၊ ရခိုင်ဒေသရှိ ဒုက္ခသည်စခန်းများ ကိုလှူဒါန်းသွားမည်ဟု ထပ်မံ 
ပြောသည်။

ဝန်ကြီးက''ဒီအစိုးရလက် ထက်မှာဝန်ကြီးဖြစ်ကတည်းက သမ္မတကြီးကို ပိုင်ဆိုင်မှုတွေပုံစံ တွေပေးထား
ရတယ်။ စိန်၊ ရွှေ ဘယ်လောက်ရှိတယ်။ ကား ဘယ် လောက်ရှိတယ်။ မြေဘယ်လောက် ရှိတယ် အားလုံး
ပေးထားရတယ်။ အိတ်ပိတ် ပြီး၊ အဲဒီ စာအိတ်ကို ဖွင့်ပြီးကြည့်လိုက် အရေးယူလို့ ရတယ်။ မဟုတ်တာ
တွေလာပြော တော့ ကျွန်တော်ကရယ်ချင်တယ်'' ဟု ပြောသည်။ ယင်းကဲ့သို့ဖြစ်ခြင်းမှာ မြန် မာများ၏ ဒီ
မိုကရေစီမရင့်ကျက် မှုနှင့် အောက်တန်းစားနိုင်ငံရေး လုပ်ခြင်း သာဖြစ်ကြောင်း ထပ်မံ ပြောသည်။

ဝန်ကြီးက''ပုဂ္ဂိုလ်ရေးတိုက် ခိုက်မှုတွေနဲ့ ဒီမိုကရေစီမရနိုင် ဘူး။ ကျွန်တော်တို့ တစ်ချိန်တုန်း က ဆန့်ကျင်
ဘက်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အဖွဲ့ တွေပေါ့။ ကျွန်တော် ပုဂ္ဂိုလ်ရေး ဘာမှမရှိဘူး။ အားလုံး
တိုင်းပြည် ကောင်းဖို့ပဲလုပ်နေတာ။ ဒေါ် အောင်ဆန်းစုကြည် ကျွန်တော် တို့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမရှိဘူး။ 
ပုဂ္ဂိုလ်ရေးနဲ့မပြိုင်ဘူး။ လုပ်မှုကိုင် မှုနဲ့ပဲပြိုင်မယ်။ ဝမ်းနည်းဖို့ကောင်း တာက ခင်ဗျားတို့ ဒီမိုကရေစီလို ချင်
တာလား။ ကျွန်တော့်ကိုတိုက် ခိုက်ချင် တာလား။ ကျွန်တော့်ကို တိုက်ခိုက်ရင် ကျွန်တော် ယုံကြည် တယ်။ 
ကျွန်တော်နဲ့ ဦးအောင်မင်း၊ ဦးခင်ရီတို့ကို လာတိုက်ခိုက်ရင် ခင်ဗျားတို့က ဟတ်လိုင်နာသွား ချင်တဲ့သူတွေ 
ဒီမိုကရေစီသွား ချင်တဲ့သူတွေ မဟုတ်ဘူးလို့ပြော ချင်တယ်။ တခိျု့က အုပ်စုရှိလား ဆိုတော့ ရှိတာပေါ့။ အ
ကြီးကြီး ပေါ့ဗျာ။ ကျွန်တော်မပြောချင် သေးလို့ အချိန်မတန်သေးလို့''ဟု ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဒီမိုကရေစီကိုမကြိုက်သည့် ယခင်စနစ်ကို နောက်ပြန်သွားချင်သူ များရှိနေကြောင်း၊ 
ယခုကြိုးပမ်း မှုများသည် နောင်လာနောင်သား များအတွက် ဒီမိုကရေစီအနှစ် သာရများကို ခံစားနိုင်ရန်အ
တွက် ဖြစ်ကြောင်း ပြောသည်။

သန်းနိုင်ဦး ၊ မောင်ပိုင်

Yangon Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...