Ads (728x90)

Photo: မန်ယူနည်းပြ မဖြစ်ခဲ့ရ၍ အော်ဟစ်ငိုကြွေးခဲ့ရသော မော်ရင်ဟို

လက်ရှိချယ်လ်ဆီးအသင်း၏ နည်းပြ ဖြစ်သူ မော်ရင်ဟိုသည် ရီးရဲလ်မက်ဒရစ် အသင်း၌ ရှိနေခဲ့စဉ်က မန်ယူနည်းပြ ရာထူးကို အဲဗာတန်အသင်းမှ နည်းပြ ဖြစ်သူ ဒေးဗစ်မိုရက်စ်က ရယူတော့မည်ဟု့ သတင်းကို ကြားရပြီးနောက် အော်ဟစ်ညည်းတွားခဲ့ကြောင်း Mirror သတင်းအရ သိရသည်။

မော်ရင်ဟိုသည် ဖာဂူဆန် ခေတ်လွန် မန်ယူနည်းပြ ရာထူးအဖြစ် ကိုင်တွယ်ရန်အတွက် များစွာ စိတ်အားထက်သန်ခဲ့ကြောင်း၊ ထို့အတွက်ကြောင့် မန်ယူနှင့် ရင်းနှီးသည့် ဆက်ဆံရေး ကောင်းများ ရှိထားသည့် သူ၏ အေးဂျင့် ဂျော့မန်ဒက်မှ တစ်ဆင့် မန်ယူနည်းပြ ဖြစ်ရန် ကြိုးစားခဲ့ပြီး၊ မန်ဒက်ကလည်း မန်ယူကို မော်ရင်ဟို ကိုင်တွယ် နည်းပြစေရန်အတွက် များစွာ ကြိုးပမ်းပေးခဲ့ကြောင်း၊ သို့ပေမယ့်လည်း ဖာဂူဆန်က နောက်ဆုံးမှာ ဒေးဗစ်မိုရက်စ်ကိုသာ သူ၏နေရာ၌ ဆက်ခံမည့် နည်းပြအဖြစ် ရွေးချယ်ခဲ့လေသည်။

ရီးရဲလ်မက်ဒရစ် အသင်းနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူ တစ်ယောက်လည်းဖြစ်၊ ဥက္ကဌပီရက်စ်နှင့် ဂျော့မန်ဒက် တို့ကို အပြင်းအထန် ဝေဖန်ခဲ့ဖူးသူ တစ်ယောက်လည်း ဖြစ်ခဲ့သူ သတင်းထောက် ဒီယေဂိုတောရက်စ်က သူထုတ်ဝေခဲ့သည့် မော်ရင်ဟိုနှင့် ပတ်သက်သည့် စာအုပ်ထဲ၌ ရေးသားခဲ့သည့် အကြောင်းအရာ တစ်ချို့မှာ ….

“မော်ရင်ဟိုဟာ မန်ယူနည်းပြ ရာထူးကို ရယူဖို့အတွက် ဂျော့မန်ဒက်ရဲ့ ကုမ္ပဏီကို အဆက်မပြတ် ဆက်သွယ်ခဲ့ပါတယ်။ ဂျော့မန်ဒက် ကလည်း ကြိုးပမ်းပေးခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းက ဒေးဗစ်မိုရက်စ်ကိုသာ ရွေးချယ်လိုက်တဲ့အကြောင်း သိလိုက်ရတဲ့ အချိန်မှာ မော်ရင်ဟိုဟာ စိတ်အလွန် လှူပ်ရှားခဲ့ပြီး၊ မိုရက်စ်က ဘာမှ အောင်မြင်ခဲ့သူ တစ်ယောက် မဟုတ်ဘူးလို့ ပြောဆိုပြီး အော်ဟစ်ခဲ့ပါတယ်” ဟု့ ရေးသားဖော်ပြခဲ့သည်။

မော်ရင်ဟို၏ စရိုက်ကို မနှစ်သက်၍ မန်ယူနည်းပြဟောင်း ဆြာအဲလက်စ် ဖာဂူဆန် အပါအ၀င်၊ ဂုဏ်ထူးဆောင် ဒါရိုက်တာ ဆြာဘော်ဘီချာလ်တန်နှင့် မန်ယူဂန္တ၀င် ကစားသမား တို့ကလည်း မော်ရင်ဟိုကို ဆန့်ကျင်ခဲ့ပြီး၊ မိုရက်စ်ကိုသာ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

Admin Team

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...