Ads (728x90)



================================
နိုင်ဂျီးရီးယားနိုင်ငံ အေ၇ှ့မြောက်ပိုင်းမှာရှိတဲ့ ကောလိပ်တစ်ခုထဲက အဆောင်တစ်ခုမှာ ကျောင်းသားတွေ အိပ်နေတုန်း သေနတ်ကိုင် လူတစ်စုက ၀င်ရောက်လာပြီး ပစ်ခတ် သတ်ဖြတ်တဲ့အတွက် ကျောင်းသား ၄၀ လောက် သေဆုံးသွားတယ်လို့ Skynews.com မှာ ဖတ်လိုက်ရပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာက Boko Haram ဆိုတဲ့ မွတ်ဆလင် စစ်သွေးကြွ အုပ်စုဖြစ်ကြောင်းလဲ သိရပါတယ်။ အဲ့ဒီ အဖွဲ့ဟာ နိုင်ဂျီးရီးယား နိုင်ငံကို အစ္စလမ်းမစ် နိုင်ငံအဖြစ် ပြောင်းလဲစေရေးအတွက် ဖွဲ့စည်းထားတဲ့ မွတ်ဆလင် စစ်သွေးကြွ အုပ်စုဖြစ်ပြီး အဲ့ဒီအဖွဲ့ ဦးတည် တိုက်ခိုက်လေ့ရှိတာက စာသင်ကျောင်းတွေဖြစ်ပါတယ်။

စာသင်ကျောင်းတွေဟာ အနောက်နိုင်ငံ ပညာရေးကို သွတ်သွင်းတဲ့ နေရာဖြစ်တယ် ဆိုတဲ့ အယူအဆကြောင့် အခုလို ကျောင်းတွေကို ဦးတည် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

အစ္စလမ်းမစ် နိုင်ငံ ထူထောင်ရေးက အပစ်မဲ့ ကျောင်းသူ ကျောင်းသားတွေ အစုလိုက် အပြုံလိုက် သတ်ရလောက်အောင် အရေးကြီးသလားဗျာ...

(ဇော်လွင်ဝင်း)
Zaw Lwin Win added a photo from September 29, 2013 to his timeline.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...