Ads (728x90)


ငရမန်
-------
ဒီ နာမည်ဟာ မွန်အမျိုးသား တစ်ဦးရဲ့ နာမည်သာ ဖြစ်တယ်လို့ ခပ်ရှင်းရှင်းပဲ
ပြောရပါမယ် ။ ( ရမန် = ရာမန်ည = ရာမည ) မွန်တို့ ဋ္ဌာနီကို ဤသို့ ခေါ်ဆို
ပါကြောင်း ကျောက်စာ အထောက်အထားများအရ သိရပါတယ် ။ (ပုဂံမှာရေး
ထိုးထားတဲ့ ထိလိုင် မင်း၏ ရွှေစည်းခုံ ကျောက်စာ မှာ မွန်သူပုန် ထ သည့် အ
ကြောင်းကို အရိပ်အမွက်သာ ရေးထိုးထားပါတယ်။

ဦးကုလား ရာဇဝင် ၊ တွင်းသင်း ရာဇဝင် တို့တွင် "ငရမန်" ဟုသာ ဖော်ပြထား
ပြီး မှန်နန်း မှာတော့ ငရမန် " ကန်း" လို့ဖော်ပြထားပါတယ်။

မှန်နန်းမဟာ ရာဇဝင်တော်ကြီး လာ အရ -

" ငရမန် ကန်း မူကား နောက်လျှင် မြင်းကပါ အရပ်တွင် မခံဝံ့ ၍ နဝရတ် ရွှေ
ဖောင် နှင့် စုန်ပြေးလေ၏ ။ စုန်ပြေးကြောင်း ကျန်စစ်သား သိတော်မူလျှင် --

" မုဆိုးငစဥ့် " ကို လိုက်၍ လုပ်ကြံစေ၏ ။ မုဆိုးငစဥ့် လည်း ရွာသာ အောက်
တွင် မီ၍ ရေသဖန်းပင် ထက်သို့ တက်ပြီး သော် သာယာလှ စွာသော ငှက်၏
အသံကဲ့သို့ မြည်လေ၏ ။ ထိုအသံကို ငရမန်ကန်း ကြားလျှင် " ထူးထူးလည်
လည် သာယာသော အသံဖြင့် မြည်သည်ကား အဘယ် ဌက်နည်း " ဟူ၍ --
ရွှေဖောင် ပန်းတင်းကို လှစ်ဖွင့်ကြည့်သော် မုဆိုးငစဥ့်လည်း အသင့်ချောင်း၍
နေရာက လေးဖြင့် ငင်၍ ပစ်လေသည်။ မျက်စိ အကောင်း ကိုမှန်၍ " အနိစ္စ"
ရောက်လေ၏ ။ ထိုအရပ်ကိုလည်း 'ငစဥ့်ကူ' ဟူ၍ ယခုတိုင်အောင် တွင်၏ ။ "

ဤစာပိုဒ်တွင် ငရမန် သည် နဂိုကတည်းက မျက်လုံးတစ်ဖက် ကန်းနေသည်
ကို သိရပါတယ်။ ထို့ကြောင့် မှန်နန်းမဟာရာဇဝင်မှ မူလ ငရမန် ကိုသရုပ်ပေါ်
စေအောင် (ကန်း) ဆိုသည့် ဂုဏ်ပုဒ်တပ် ပေးထားတယ်လို့ မှတ်ယူရပါမယ် ။

ငရမန် ၏ ဂုဏ်ပုဒ် မျက်လုံးတစ်ဖက်ကန်းနေသည့် " ကန်း " ကို မွတ်ဆလင်
များပေးလေ့ရှိတဲ့ " Khan , ခံ " ဆိုသည်သို့ အသံဖလှယ် လိုက်ပုံက အတော်
လေး ရီစရာကောင်းပါတယ် ။ ဤသို့ဆိုလျှင် " ကူဗလိုင်ခန် "က အာရပ် ကြီး
များ ဖြစ်နေမလား ? ဂျင်ဂျစ်ခန် (ထိုစဉ်ဘာသာမဲ့) က အာရဗျီ နာမည် ပေး
ထားလေရော့ သလား ? မွတ်ဆလင်တွေ အနောက်မှာ " ခံ " ပေး တတ် သ
လို မျိုး မဟုတ်ပဲ အမှန်တကယ် "ငရမန်" ၏ နာမည် အနောက် က အဓိပ္ပါယ်
က " ကန်း " သာလျှင် ဖြစ်ပါတယ် ။ ရှေ့တွင် ထိုခေတ် နာမည် တွေ အရ
" င " ဆိုသော အက္ခရာရှေ့မှာ ထားတတ်ကြောင်း လေ့လာကြည့်နိုင်ပါသေး
တယ် ။

ထို့ကြောင့် - ရမန် = ရာမန် = ရာမည သည် " မွန် " လို့ အဓိပ္ပါယ်ရပါတယ်။
ငရမန် = င မွန် (သို့) မောင်မွန် (သို့) ကိုမွန် သာလျှင် ဖြစ်ပါလိမ့်မည် ။

-----------------------------------------------
ဗျဝိ ၊ ဗျတ္တ
-------------
အသံထွက် ဖလှယ်ခြင်းနဲ့ ဆင်တူသော အသံကို လိုရာဆွဲ ယူ သုံးသွားသော
သမိုင်းသစ် ထွင်သူကြီးများ အတွက် နီးစပ်ရာ ရှေးဟောင်းမွန်ခေါင်းလောင်း
စာ များထဲမှ ထိုညီနောင် ၏အမည် နာမနှင့် ကိုက်ညီသော စကားလုံး အချို့
တွေ့မိပါတယ် ။ သဘာဝကျကျပင် တွေးကြည့်လျှင် မွန်တို့ ဋ္ဌာနီကို သင်္ဘော
ပျက်ပြီး ရောက်လာသူ ကလေးငယ် နှစ်ဦးကို အလွယ်တကူ အမည်ပေးလျှင်
မွန် ဘာသာဖြင့်သာ ပေးလိမ့်ကြပါလိမ့်မည် ဟု ထင်မိပါတယ် ။

ဗျဝိ
-----
ေ ဗ္ကက် (bket) = သစ်စေး
ဖျဲ (phraoi) = အသွင် ဆောင်သော
သစ်စေး ကဲ့သို့ မည်းနက် ပြောင်လက်သော ။

ဗျတ္တ
-------
ေ ဗ္ကက် (bket) = သစ်စေး
ဗ္ဒတ် (padah) = ပြဒါး
(သို့သော် ဟိန္ဒူစကား ဖြင့် ညီ - အစ်ကို ကဲ့သို့
အဓိပ္ပါယ် တစ်မျိုးရှိကြောင်း သိရ )
သစ်စေးကဲ့သို့ မည်းနက် ပြောင်လက်သော ပုံစံရှိ ၊
( ညီအစ်ကို (သို့) အတွဲအဖက်)

ဖြစ်နိုင်ချေရှိတာကတော့ ဗျဝိ ၊ ဗျတ္တ ( သစ်စေး နှင့် ပြဒါး ) သို့ အသွင်
သဏ္ဍာန်ရှိသည်ကို တင်စားခေါ်ဝေါ်ခြင်း ဖြစ်ပေလိမ့်မည် ။

မယ်ဝဏ္ဏ
----------
ဝဏ္ဏ (vanna) ပါဠိ / မွန် = အဆင်း
ရုပ် လက္ခဏာ ထူးခြားသူ ။

မယ်ဝဏ္ဏ ဆိုတာ ပါဠိ အနက်ကို အဓိပ္ပါယ် ပြန်ရရင်ပဲ ရုပ်ရည် ရူပကာ ထူးခြား
သည့် အမျိုးသမီး ဟုသာ ပြန်နိုင်ပြီး မည်သို့ကြောင့် အကြီးအကဲ ဟု အဓိပ္ပါယ်
ရသွားသည်ကို မတွေးတတ်ပါ ။

ဆိုရင်ဖြင့် ထို ရှေးဟောင်းမွန် ခေါင်းလောင်းစာ များ၏ အဓိပ္ပါယ်ကိုပဲ အနီးစပ်
ဆုံး အဓိပ္ပါယ် ဖော်ကြည့်ရလျှင် ဗျဝိ ၊ ဗျတ္တ ဆိုတာ သစ်စေးနှင့် ပြဒါး ညီနောင်
ကဲ့သို့ ရည်ညွှန်း ခေါ်ဝေါ်ခြင်းအားဖြင့် ထိုညီအစ်ကို နှစ်ယောက်မှာ အသားအ
ရည် မည်းနက် သည့် အတွက် အာရပ်က သူကောင်း မျိုးရိုးနှင့် ဆွေမျိုး တော်
သည်ဟု အထောက်အထား မရှိသလို ကောက်ချက်ဆွဲလို့ မရနိုင်ပါ ။

ဘုန်းကြီးကျောင်းတွင်နေပြီး အမဲ ၊ ဆိတ်တွေကို လည်လှီးစားတယ်ဆိုတာဖြင့်
ပိုလို့တောင် မဖြစ်နိုင်ပါဘူး ။

ရွှေဖျဉ်း ညီနောင် (တွင်းသင်း ရာဇဝင်မှာတော့ ရွှေဖျင်း ညီနောင်)
-----------------------------------------------------------------
မြန်မာ့ ဝေါဟာရ အရ " ဖျင်း " ဆိုသော အသံထွက်နှင့် ဆင်သည့် အဓိပ္ပါယ်မှာ
" သိမ်ဖျင်း "သည် ။ " ညံ့ဖျင်း" သည်ဟု မှတ်ယူ နိုင်ပါသေး ၏ ။ ရွှေ ဟု တင်စား
သည်တွင် ကိုရွှေအ ၊ မရွှေအ ၊ ရွှေဘုတ် ၊ ရွှေမိ ၊ ရွှေစာ စသဖြင့် ၊ ရွှေ ဖျင်း ကြီး၊
ရွှေဖျင်းလေး ဟု ယခင် ကခေါ်ခဲ့ကြ သည်ဟုလည်း မှတ်ယူ နိုင်တာပဲ ။ ဥတည်
ဘွားကို ထုံးကွင်းပြီး ရန်ကို ကာကွယ်ပေး တယ်ဆိုသော အချက်ကလည်း ထိုရာ
ဇဝင် အရ အနော်ရထာမင်းက တရုတ်ပြည်သို့ စွယ်တော်ပင့်ဆောင်ရန် အလို့ငှာ
စစ်တိုက်ထွက်သည် ဟူ၏ ။ ကျေးဇူးရှင်ဟု အမည်တပ်လိုက်သော ကုလားလေး
နှစ်ယောက်က မည်သို့ ကယ်တင်လိုက်ပါသနည်း။ ရာဇဝင်ထဲတွင်ပင် ကယ်တင်
ခြင်း ဟု တစ်လုံးတစ်ပါဒ မှ မသုံးနှုန်း ထားပါဘူး ။

ကျော်စည် အရပ်မှာ ဘုရားတည်တယ် ။ သူတို့နှစ်ယောက်အတွက် အုတ်နှစ်ချပ်
လွတ်နေတယ် ။ ဒီနေရာကိုရောက်မှ မွတ်ဆလင် ဖြစ်ကြောင်း သက်သေပြဖို့ အ
တွက် တမင်ချန်ထားခဲ့တယ်ဆိုတော့ သူတို့ နတ်စိမ်းဖြစ်မှာ ကိုပင် ကြိုသိ နေသ
လိုလိုပင် ။ ရှေးက အနော်ရထာ မင်း တည်သမျှ ဘုရား စေတီ တွေမှာ ကတည်း
က မွတ်ဆလင် ဖြစ်ကြောင်း ဖော်ပြကြလျှင် စောစောစီးစီး နတ်စိမ်း တောင် ဖြစ်
နိုင်ကြပါသေးရဲ့ ။ မွတ်ဆလင်တွေရဲ့ တမလွန် အယူအဆ အရ ဘုရားတည်ရာ
မှာ အုတ်တော့ မစီနိုင်ဘူး ၊ နတ် အဖြစ်တော့ အပူဇော် ခံလို့ ရပါ သတဲ့ လား ?

ဝက်သားမစားရုံနဲ့ မွတ်ဆလင်လို့ သတ်မှတ်ရင် ဒီ ရွှေဖျင်း ညီနောင်က တမလွန်
က ဘာများ စားနိုင်သေးလို့လဲ ဆိုတာ သိချင်မိတယ်။ ဟိန္ဒူတွေ အများစု လည်း
ဝက်သားကို ရှောင်ကြပါတယ် ။ မြန်မာတွေ မှာလည်း သားကြီး ငါးကြီး မစားတဲ့
သူတွေ အများကြီးပါ ။ ဝက်သားစားတဲ့ မွတ်ဆလင်တွေ လည်း တွေ့ဖူး နေပြန်
တော့ ဝက်သားစားခြင်း ၊ မစားခြင်းက မွတ်ဆလင် ဖြစ်တယ် ၊ မဖြစ်ဘူး ဆိုတာ
တပ်အပ် ပြောဆိုဖို့ ခက်ပါတယ် ။

နိဂုံးအားဖြင့်တော့ မည်သည့် ရာဇဝင် ၊ မည်သည့် သမိုင်းတွင်မှာမှ ငရမန် ၊ ဗျဝိ၊
ဗျတ္တ ၊ ရွှေဖျင်း ညီနောင် တို့မှာ မွတ်ဆလင် ဖြစ်ကြောင်း ခိုင်မာသည့် သက်သေ
မရှိပါဘူး။ ငရမန်ကတော့ မွန်လူမျိုး ဖြစ်ပြီး ၊ ဗျဝိ - ဗျတ္တကတော့ ရေမျော ကမ်း
တင်လာသော ကုလားလူမျိုး ဖြစ်တယ်လို့သာ သတ်မှတ်လို့ ရပေမယ့် မွတ် ဖြစ်
ကြောင်း လုံးဝ (လုံးဝ) သတ်မှတ်၍ မရနိုင်ပါကြောင်း သမိုင်းဇာတ် ကလိမ်ခြုံဖို့
ကြိုးစားနေတဲ့ ပြည်တွင်း ပြည်ပ ဘင်္ဂလီလော်ဘီ မွတ်ကုလား ယောက်ဖတော်
တွေကို သိစေချင်ပါတယ် ။

ဦးယဉ်ကျေး ။ ။
၁၅၊၈၊၁၃။


By :
Rango Black shared ဦး ယဉ်ကျေး's photo.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...