Ads (728x90)



Official: ဆွမ်ဆီးကွင်းလယ်လူ ဂျိုးအလန် ပေါင် ၁၅ သန်းဖြင့် လီဗာပူးကို ရောက်ပြီ။
Official: ဆွမ်ဆီးကွင်းလယ်လူ ဂျိုးအလန် ပေါင် ၁၅ သန်းဖြင့် လီဗာပူးကို ရောက်ပြီ။
၂၂ နှစ်အရွယ် ဂျိုးအလန်သည် လက်ရှိ လီဗာပူးနည်းပြ နှင့် ဆွမ်ဆီးနည်းပြဟောင်း ဘရန်ဒန်ရိုဂျာရှိရာသို့ လာရောက်ပူးပေါင်းပြီး နှစ်ရှည် စာချုပ်တစ်ခုကို ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါဆွမ်ဆီးကစားသမားမှ ယခုအပြောင်းအရွှေ့နှင့်ပါတ်သက်ပြီး မယုံနိုင်စရာပါပဲ ဟု ၀မ်းသာကြောင်း ပြောကြားခဲ့သည်။ ကစားသမားသည် လီဗာပူး၏ မဲလ်ဝုဒ် လေ့ကျင့်ရေးကွင်းတွင် ဆေးစစ်မှုအောင်မြင်ပြီးနောက် တစ်ပါတ်လစာ ၄၅၀၀၀ နှင့်အတူ  လာရောက် ပြောင်းရွှေ့သည့်အတွက် ပေါင် ၂ သန်း Sign-on Fee အဖြစ် ရရှိပြီး ပြောင်းရွှေ့ကြေးမှာမူ ပေါင် ၁၅ သန်းဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့်လက ရိုးမားအသင်းမှ ဘိုရီနီရောက်ရှိလာပြီးနောက် ယမန်နှစ် ကဆွမ်ဆီးအတွက် ခြေစွမ်းပြကစားခဲ့သော အလန်သည် လီဗာပူးအသင်း၏ ယခုအပြောင်းအရွှေ့ရာသီအတွက် ဒုတိယခေါ်ယူမှုဖြစ်သည်။

" မယုံနိုင်စရာပဲလို့ ခံစားရပါတယ်။ လူတိုင်းက ဒီကလပ်အသင်းရဲ့ သမိုင်းကြောင်းကိုသိပါတယ်။ ဒီကလပ်ဟာ ကြီးမားတဲ့ ကလပ်အသင်းကြီးပါ။ အခုလို ပြောင်းရွှေ့ရောက်ရှိလာတာ ကျေနပ်ပျော်ရွှင်ပါတယ်၊ လီဗာပူးရဲ့ ရောက်ရှိလာမယ့် ကြီးကျယ်ခမ်းနားတဲ့ နှစ်တွေ အတွက် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ရဖို့ ကျနော် ရည်ရွယ်ပါတယ်" ဟု အလန် မှ ပြောကြားသွားခဲ့သည်။

အလန်သည် ဗြိတိန်အိုလံပစ်အသင်းတွင် ပြီးခဲ့သည့် သတင်းပါတ်များက ပါဝင်ကစားခဲ့သူလည်းဖြစ်သည်။

"ဂျိုးအလန်အနေနဲ့ ကျနော်တို့နဲ့ လာရောက်ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာကို တကယ်ပဲ ကျေနပ်ပျော်ရွှင်မိပါတယ်။ ကျနော်တို့ လက်ရှိရှိပြီးသားလူတွေရဲ့ စိတ်ကူးစိတ်သန်း ကျနော်တို့ကစားချင်တဲ့ ပုံစံနဲ့ လုံးဝ အံကျကိုက်ညီတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ ကွင်းထဲမှာ အောင်မြင်မှုရဖို့ ကြိုးစားတဲ့အခါမှာ သူ့ရဲ့ စွမ်းဆောင်ရည်ဖြစ်တဲ့ ဘောလုံးကို ထိန်းချုပ်ပြီး ကိုင်ကစားနိုင်မှုက အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းမှာ ဂျိုး အနေနဲ့ အံ့သြဖွယ် လေ့လာဆည်းပူးမှုတွေရှိခဲ့ပြီး အခုတော့ သူဟာ စိတ်လှုပ်ရှားစရာ ကစားသမားဘ၀ တစ်ခုကို နောက်တစ်ခန်း ဆက်သွားရတော့မှာဖြစ်ပါတယ်။ သူအကောင်းဆုံးလုပ်နိုင်ပါစေလို့ ကျနော်ဆန္ဒပြုပြီး လီဗာပူးအသင်းမှာ သူ့ရဲ့ ကစားသမားဘ၀ဟာ ကြာရှည်ပြီး တောက်ပ မယ်ဆိုတာကို တော့ ကျနော် သေချာပါတယ်" ဟု အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရော်ဂျာမှ ပြောကြားသွားကြောင်းသိရသည်။
Translated by : ထာဝရ


www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။

 Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...