Ads (728x90)



ကာကာအား ရောင်းရန်ရှိသည်။ အလကားပဲတင်းမဟုတ် (မော်ရင်ဟို)
ကာကာအား ရောင်းရန်ရှိသည်။ အလကားပဲတင်းမဟုတ် (မော်ရင်ဟို)
နာမည် = ကာကာ
အသက်= ၃၀နှစ်
ကလပ်= ရီးယဲမက်ဒရစ်
နိုင်ငံ= ဘရာဇီး
ရောင်းဈေး = မြင့်မားသောညှိနှိုင်းဈေး

အသက် ၃၀ အရွယ်ရှိ ဘရာဇီးကြယ်ပွင့် ကာကာသည် ၂၀၀၉ ခုနှစ်တုန်းက အင်္ဂလန်မှ မန်ချက်စတာစီးတီးအသင်းထက် ရီးယဲမက်ဒရစ်ကသာ ပိုပြီး သူ့အတွက် သင့်လျော်မည်ဟု ယူဆပြီး ပေါင်သန်း၁၀၀ဖြင့် ကမ်းလှမ်းမှုကို ငြင်းဆန်ကာ အေစီမီလန်မှနေ စပိန်ကလပ် ရီးယဲမက်ဒရစ်ထံသို့ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်သည်။

စပိန်ကလပ် ရီးယဲမက်ဒရစ်တွင် သုံးနှစ်ခွဲဆိုသည့် ကာလတစ်ခုကို ကျော်ဖြတ်ပြီးသည့်နောက် ဆာပေါ်လိုကစားသမားဟောင်း ကြယ်ပွင့်သည် လာလီဂါလမ်းဆုံကို ရောက်ရှိနေပြီး မန်နေ၈ျာဖြစ်သူ ဂျိုးစ်မော်ရင်ဟိုကလည်း အသင်းမှ ထွက်ခွာစေလိုလျက် ရှိနေသော်လည်း ၄င်းတို့အတွက် သင့်တင့်မှန်ကန်သော ဈေးနှုန်းကိုလည်း ရယူလိုလျက် ရှိနေကြသည်။

“ကာကာက နေလည်း ကျွန်တော် သဘောကျမှာဘဲ သူထွက်သွားချင်လည်း ကျွန်တော် သဘောကျမှာဘဲ ဘောလုံးဆိုတာ ကစားသမား တစ်ယောက်အတွက် ဘယ်မှာဘဲ ကစားကစား ပုံမှန်ပါဘဲ”ဟု မော်ရင်ဟိုက စပိန်သတင်းစာအေဆက်စ်သို့ ပြောခဲ့သေးသည်။ ထို့အပြင် ...

“သူဟာ သိပ်ကိုတော်တဲ့ ဘောလုံးသမား တစ်ဦးပါ အမြင့်ဆုံအဆင့်အတန်းမှာ ဖြစ်နေဖို့ ကြိုးစားနေလာခဲ့ရတာပါ သူ့အနေနဲ့ နေအုံးမယ်ဆိုရင်တော့ အကောင်းဆုံးပါဘဲ ဒီလိုမှမဟုတ် သွားမယ်ဆိုရင်လည်း အကောင်းဆုံး ဖြစ်မှာပါဘဲ ဒါပေမဲ့ သူ့ကို အလွတ်ကြီးတော့ ကျွန်တော်တို့က ပေးမသွားပါဘူး။ သူ့အတွက် ရသင့်တာကို ကျွန်တော်တို့ အလိုရှိပါတယ်”ဟု ဆက်လက် ပြောသွားခဲ့သည်။

စပယ်ရှယ်ဝမ်းဆိုသည့် မော်ရင်ဟိုသည် အပြောင်းအရွှေ့ဈေးကွက်အတွက် ဆရာတစ်ဆူ ဖြစ်ပြီး ကာကာအတွက် ပိုက်ဆံ မရရင်တော့ ရီးယဲဘက်က ဆက်လက် ထိန်းချုပ်ကာ ထားဦးမည်ဟု မှတ်ချက်ပြုသွားခြင်းလည်း ဖြစ်သည်။

သတင်းများအရ မော်ရင်ဟိုသည် နောက်ထပ် လူသစ်အတွက် စောင့်ကြည်မှုများ ပြုလုပ်နေသော်လည်း ပေါင် သန်း ၃၀နှင့် ၃၅ကြား ပေးရဖွယ်ရှိသည့် လူကာမိုဒရစ်ကိုတော့ ဈေးသက်တောင့်သက်သာဖြင့် ရနိုင်ဖို့ မရှိချေ။

မည်သို့ပင်ဆိုစေကာမူ ပြီးခဲ့သည့် ညက အေစီမီလန်အသင်းကို အမေရိကန်ယန်ကီးကွင်းကြီးတွင် ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူခဲ့သည့် ရီးယဲမက်ဒရစ်အသင်းဘက် ကာကာသည် အကောင်းဆုံး ၂ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။ ယခုအခါတွင်တော့ ကာကာနှင့် ရီးယဲတို့ကြား သဘောတူညီမှု အဆင့်ကိုရောက်ရှိသွားပြီ ဖြစ်ရာ ပရီးမီးယားလိဂ်များအနေဖြင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းကောင်းကြီးတစ်ခု ရှိနေပြီဟု ဆိုရပေမည်။

ထို့ကြောင့် ကာကာ မင်းဘယ်အသင်းမှာ ကစားချင်လဲ ဟု မေးလိုက်သလို ဖြစ်နေပေသည်။
Written by : မှူးသခင်  


www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။

 Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...