အိုလံပစ်
အားကစားကွင်းကြီးတွင် အူစိန်ဘော့သည် မီတာ ၂၀၀ ပြိုင်ပွဲတွင်
ရွှေထပ်မံရရှိခဲ့ပြိးနောက် အိုလံပစ်ပြိုင်ပွဲနှစ်ခုဆက်တိုက် မီတာ ၁၀၀
ပြိုင်ပွဲရော မီတာ ၂၀၀ ပြိုင်ပွဲတွင်ပါ ရွှေတံဆိပ်ရရှိသည့် ပထမဆုံး
အပြေးသမားဖြစ်လာခဲ့သည်။ ပရိတ်သက်ပေါင်း ၈၀၀၀၀ ခန့်မှာ " လွယ်လွယ်လေးပါ၊
လွယ်လွယ်လေးပါ " ဟု အော်ဟစ်အားပေးခဲ့ကြသည်။ အူစိန်ဘော့သည် မီတာ ၂၀၀ ကို
၁၉.၃၀ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ပြီး သူကိုယ်တိုင် တင်ထားခဲ့သည် ကမ္ဘာ့စံချိန်
၁၉.၁၉ စက္ကန့်ကိုတော့ မချိုးဖြတ်နိုင်ခဲ့ခြေ။ " ဒါကျနော် လိုချင်တဲ့အရာပါပဲ၊
ကျနော်ဂုဏ်ယူပါတယ်၊ ကမ္ဘာ့စံချိန်ထပ်ချိုးဖို့ဖြစ်နိုင်တယ် ထင်ခဲ့ပေမယ့်
ကျနော် မြန်ယုံပဲမြန်ပြီး ကြံ့ခိုင်မှု မပြည့်ဝခဲ့ပါဘူး " ဟု
ပြောကြားခဲ့သည်။ ဂျာမေကာ ကစားသမား နှစ်ယောက်သည်လည်း ဒုတိယ နှင့်
တတိယအသီးသီးရခဲ့သောကြောင့် နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ကြောင်းသိရသည်။
အူစိန်ဘော့သည် မန်ယူအသင်းတွင် လာရောက်စမ်းသပ်ကစားခြင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာ ဖာဒီနန်မှ တွတ်တာ မှတစ်ဆင့် အကြောင်းပြန်ခဲ့သည်။ " မန်ယူမှာ အစမ်းလာကစားချင်ရင် ငါ့ကို ပြောပါ၊ မန်နေဂျာကို ငါပြောပေးမယ်၊ မီတာ ၁၀၀ မှာ မင်းအကောင်းဆုံးလုပ်လိုက်နိုင်တယ်၊ မီတာ ၂၀၀ မှာလည်း လုပ်နိုင်ဖို့ စောင့်နေတယ်" ဟု ဖာဒီနန်မှ တွတ်တာတွင် အူစိန်ဘော့သို့ အဂါင်္နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အမြန်ဆုံးလူသားသည် မန်ယူကစားသမားများနှင့် ဆုံတွေ့ဖူးပြီး ၂၀၀၉ ခုနှစ်ကလည်း ဖာဂူဆန်နှင့် တွေ့ဆုံခဲ့ဖူးသည်။ ခရစ္စတီယာနို ရော်နယ်ဒိုကိုလည်း အပြေးမြန်စေရန် လေ့ကျင့်ကူညီပေးခဲ့သူဖြစ်သည်။ အူစိန်ဘော့မှ ဖာဒီနန်ကို ပြန်လည် ပြောကြားရာတွင် " အိုလံပစ် ပြီးရင် အဲဒီကိစ္စကိုလုပ်ကြမယ် LOL ကျေးဇူးပဲ ။" ဟု တွတ်တာတွင် ပြောခဲ့သည်။ ဖာဒီနန်မှ ထပ်မံပြန်ပြောရာတွင် " မင်းကို တိုက်စစ်မှာ ထားမယ်၊ နောက်တန်းလူတွေရဲ့ အနောက်ကိုကျော်ပြီးပြေးရမယ်၊ ပေါလ်စခိုးက မင်းဆီကို ဘောလုံးပို့ပေးလိမ့်မယ် ဒါပေမယ့် မင်း အဆုံးသတ် ဂိုးသွင်းနိုင် ရဲ့လား " ဟု တွတ်တာမှ ထပ်မံပြောခဲ့သေးကြောင်းသိရသည်။ သို့ရာတွင် မန်ယူတိုက်စစ်မှုး ၀ိန်းရွန်းနီမှမန်ယူအသင်း ၀က်ဆိုဒ်သို့ ထိုအကြောင်းအရာနှင့် ပတ်သက်ကာ ပြောကြားရာတွင်မူ "သူရှိရင်တော့ အသင်းရဲ့ အမြန်နှုန်းတတ်လာမှာ သေချာပါတယ်၊ ဒါပေမယ့် အပြေးနဲ့ ဘောလုံးဆိုတာ မတူညီတဲ့ အားကစားနည်း နှစ်ခုပါ၊ ကျနော်ထင်ပါတယ် အခုပုံစံအတိုင်းပဲ သူ့လမ်းကြောင်းမှာ သူနေသင့်တယ်" ဟု ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်း ဌာန အရသိရှိရသည်။ |
|
|
Advertiser
Related Posts
- Aung Kyaw Soe08 Aug 2016ပထမကစားသမားနေရာအတွက် ပေါ့ဂ်ဘာ တိုက်ပွဲဝင်ရလိမ့်မည်ဟု မော်ရင်ဟို ပြော
မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ပြင်သစ်ကွင်းလယ်ကစားသမားပေါ့ဂ်ဘာအနေဖြင့် အသင်းတွင် ပထမကစားသမားနေရာရ...
- Aung Kyaw Soe08 Aug 2016ဂျူဗင်တပ်စ်က ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို ဆေးစစ်ဖို့ သဘောတူခွင့်ပြု
(ဓာတ်ပုံ - အီးပီအေ) ကမ္ဘာ့စံချိန်တင် ...
- Aung Kyaw Soe08 Aug 2016အီဘရာဟီမိုဗစ်ရဲ့ ခေါင်းတိုက်အနိုင်ဂိုးနဲ့ မန်ယူအသင်း ကွန်မြူနတီဒိုင်း ဆွတ်ခူး
(ဓာတ်ပုံ - အီးပီအေ) မန်ချက်စတာယူနိုက...
- Aung Kyaw Soe08 Aug 2016ဘာကာနောက်တန်းလူ ဗာမယ်လန် ရိုးမားသို့ ပြောင်းရွှေ့
skysports ဘာစီလိုနာနောက်တန်းလူ ဗာမယ်လန်သည် ရိုးမားအသ...
- Aung Kyaw Soe08 Aug 2016ပေါ့ဂ်ဘာ မန်ယူတွင် ဆေးစစ်မှုခံယူ
Getty Images မန်ချက်စတာ - ဂျူဗင်တပ်မှ မန်ယူသို့ပြောင်းရွှေ့မှု...
- Aung Kyaw Soe08 Aug 2016အီရတ်ကို ထပ်မံသရေကျခဲ့၍ အိုလံပစ်အိမ်ရှင်ဘရာဇီးအသင်း ကိုယ့်ပရိသတ်များ၏ ပြန်လည်လှောင်ပြောင်ခြင်းခံရ
ရီယိုအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်ဘရာဇီးအသင်းသည် အီရတ်အသင်းနှင့် ဂိုးမရှိသရေက...
Subscribe to:
Post Comments (Atom)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။