၂၀၁၂
လန်ဒန်အိုလံပစ်ပြိုင်ပွဲကြီး၏ အမျိုးသားဘောလုံးပြိုင်ပွဲ တတိယဆုကို
ဂျပန်နှင့် တောင်ကိုရီးယားတို့ ကစားခဲ့ကြပြီး တောင်ကိုရီးယားအသင်းဘက်မှ
တိုက်စစ်မှူး ပက်နှင့် ကိုးတို့မှ တစ်ဂိုးစီ သွင်းယူကာ တတိယ ကြေးတံဆိပ်ကို
အာရှကိုယ်စားပြု ဆွတ်ခူးသွားနိုင်ခဲ့သည်။
အ၀ါကဒ် ခုနှစ်ကဒ်အထိ အပြခံခဲ့ရသည့် ထိုပွဲတွင် ဘရာဇီးအား ဆီးမီးဖိုင်နယ်ပွဲတွင် ၃-၀ ဖြင့် အရေးနိမ့်ခဲ့သည့် တောင်ကိုရီးယားအသင်းအတွက် အာဆင်နယ်မှ တိုက်စစ်မှူး ပက်ချူယောင်မှ ပွဲချိန် ၃၈ မိနစ်တွင် အဖွင့်ဂိုး စတင်သွင်းယူပေးသွားခဲ့ပြီး ပွဲချိန် ၅၈ မိနစ်တွင် အသင်းခေါင်းဆောင် ကိုးဂျချိုးက အနိုင်ပြတ်သားစေသည့် ဂိုးကို သွင်းယူပေးခဲ့သဖြင့် အာရှပြိုင်ဘက် ဂျပန်အား ၂ဂိုးပြတ်ဖြင့် အနိုင်ရကာ အိုလံပစ် ကြေးတံဆိပ်ကို ဆွတ်ခူးသွားနိုင်ခဲ့ကြသည်။ ဖိုင်နယ်ပွဲအဖြစ် ဘရာဇီးနှင့် မက္ကဆီကိုတို့သည် မနက်ဖြန်ခါတွင် ဆက်လက် ယှဉ်ပြိုင်သွားကြမည် ဖြစ်သည်။
Played
August 10, 2012 7:45 PM BST Millennium Stadium — Cardiff (Caerdydd) Referee: R. Irmatov 38′ Chu-Young Park |
|
|
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။
Copy By : PunkGhost
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။