Ads (728x90)



မြို့ခံပြိုင်ဘက်အပေါ် နည်းနည်းမှ လျှော့မတွက်သည့် မန်စီနီရဲ့ ယူနိုက်တက်ဖလား
မြို့ခံပြိုင်ဘက်အပေါ် နည်းနည်းမှ လျှော့မတွက်သည့် မန်စီနီရဲ့ ယူနိုက်တက်ဖလား
မန်ချက်စတာစီးတီးအသင်း နည်းပြဖြစ်သူ ရော်ဘတ်တိုမန်စီနီသည် လာမည့်ရာသီသစ်အတွက် ပရီးမီးယားလိဂ်ဖလား ရေပန်းစားသည့်အသင်းမှာ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် လို့ပင် ထင်မြင်ကြောင်း ပြောသွားခဲ့သည်။

ပြီးခဲ့သည့်ရာသီတုန်းက နောက်ဆုံးပွဲစဉ်အထိ ထိပ်တိုက်ရင်ဆိုင်ကာ ကျူပီအာအား အချိန်ပို ၉၅ မိနစ်အရောက်တွင် ဆာဂျီယိုအာဂူရို၏ သွင်းဂိုးဖြင့် ပရီးမီးယားလိဂ် ဖလားကြီးကို မန်ချက်စတာစီးတီး အသင်းသည် သိမ်းပိုက်သွားနိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အီတလီသား နည်းပြကြီးသည် ဆာအဲလက်စ်ဖာဂူဆန်၏ အသင်းကို ၄င်း၏ ပြိုင်ဘက်ထဲမှ ထုတ်ပယ်မထားနိုင်ယူ ယုံကြည်ထားဆဲဖြစ်သည်။

“ဒီနှစ်တော့ ယူနိုက်တက်ဟာ ရေပန်းစားမယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ ကျွန်တော့် ကစားသမားတွေကိုလည်း ကျွန်တော် ယုံကြည်ပါတယ် ဘာကြောင့်လည်းဆိုရင် လိဂ်ဖလားကို အောင်နိုင်ထားလို့ပါ ပြီးတော့လည်း ပြီးခဲ့တဲ့ ရာသီတုန်းက ယူနိုက်တက်လို အံဖွယ်အသင်းကို အနိုင်ယူထားနိုင်လို့လေ။ ဒါပေမဲ့ နေရာတိုင်းမှာ အဆင့်တွေက တက်နေအောင် လုပ်ဖို့ လိုပါတယ် ကျွန်တော်တို့ အသင်းဟာ ငယ်ရွယ်တဲ့ အသင်း ဒါကြောင့် ဒီထက်ပိုပြီး ကောင်းအောင် လုပ်ပြဖို့ လိုတယ် လတိုင်း နှစ်စဉ်တိုင်းပေါ့။”ဟု မန်စီနီက ပြောသွားခဲ့သည်။

ထို့နောက် ချယ်ဆီးနှင့် ရင်ဆိုင်ရမည့် ကွန်မြူနတီဒိုင်းပွဲအတွက် မာရီယိုဘာလော့တယ်လီနှင့် ဒေးဗစ်ဆေးလ်ဗားတို့ကို လိုအပ်ချက်ကြောင့် အနားပေးထားမည် ဖြစ်သလို ဂျရတ်ဘယ်ရီနှင့် မိုက်ကယ်ရစ်ချက်တို့မှာလည်း ပါဝင်ဖို့ မသေချာသေးကြောင်း ဆက်လက် ပြောသွားခဲ့သည်။

“မာရီယိုဘာလော့တယ်လီနဲ့ ဒေးဗစ် ဆေးလ်ဗားတို့ကတော့ နွေရာသီအားလပ်ရက်မှာ အလုပ်များနေခဲ့ကြပါတယ် သူတို့ဟာ အနားပိုယူဖို့ လိုနေပါတယ် သေချာတာကတော့ အရံခုံမှာပေါ့။ ရစ်ချက်ကျတော့ ဒီပွဲမှာ မပါလောက်ဘူး ထင်ပါတယ် ခြေကျင်းဝတ်မှာ အသေးစားဒါဏ်ရာ ရထားတယ်လေ ဂရတ်ဘယ်ရီကတော့ မသိရသေးဘူး ၂ ပတ် ၃ပတ်လောက်နဲ့ သူပြန်လည်ကောင်းလာပါစေ ဒါမှမဟုတ် ၁ လလောက်နဲ့ပေါ့ ဒါပေမဲ့ ကျွန်တော်လည်း သေချာတော့ မသိသေးဘူး”ဟု ဆက်လက် ပြောသွားခဲ့သည်။
Translated by : မှူးသခင်


www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။

 Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...