Ads (728x90)



ယူရိုပါလိဂ် ရှုံးထွက်ပြိုင်ပွဲ လီဗာပူး ၃ - ၀ အက်ဖ်စီဂိုမယ်လ် (နှစ်ကျော့ပေါင်း ၄ - ၀ ) ဖြင့် လီဗာပူး နောက်တစ်ဆင့် တတ်ရောက်
ယူရိုပါလိဂ် ရှုံးထွက်ပြိုင်ပွဲ လီဗာပူး ၃ - ၀ အက်ဖ်စီဂိုမယ်လ် (နှစ်ကျော့ပေါင်း ၄ - ၀ ) ဖြင့် လီဗာပူး နောက်တစ်ဆင့် တတ်ရောက်
အန်းဖီးလ်တွင် ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင် လီဗာပူးသည် ခြေစွမ်းအသာဖြင့် ၃-၀ ဖြင့်အနိုင်ရကာ ယူရိုပါလိဂ် နောက်တစ်ဆင့်သို့ တတ်ရောက်သွားခဲ့ကြောင်းသိရသည်။ ဘရန်ဒန်ရိုဂျာ စာချုပ်ချုပ်ဆို ခေါ်ယူခဲ့သည့် ဖာဘီယို ဘိုရီနီသည် ကလပ်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့သည်။ ပထမပိုင်းမပြီးခင်တွင် စတီဗင်ဂျာရတ်မှ ဒုတိယဂိုးကို သင်းယူပေးခဲ့ပြီး ဒုတိယပိုင်းတွင် ဂလင်းဂျွှန်ဆင်မှ ဂိုးဧရိယာ ထိပ်မှ တတိယဂိုးကို သွင်းယူပေးခဲ့သည်။

ပွဲစစချင်းတွင် လီဗာပူးသည် ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သော်လည်း အခွင့်အရေးများမဖန်တီးနိုင်ဖြစ်ခဲ့သည်။ သို့ရာတွင် ဆွာရက်စ်၏ ဂိုးစည်းတစ်လျှောက် လှပစွာ ဆွဲလာပြီး နောက်ပြန် မတင်ပေးလိုက်သည်ကို ရိုးမား ကစားသမားဟောင်း ဘိုရီနီမှ ဂိုးသမား၏ ဘယ်ဘက်ထောင့်ကျဉ်းသို့ အပြင်းကန်သွင်းယူခဲ့ပြီး ပထမဂိုးရရှိခဲ့သည်။ လူးကပ်စ်နှင့် ရှယ်လ်ဗီမှာ လီဗာပူးကွင်းလယ်တွင် ကောင်းစွာ ကစားအားအတင်အချ ကစားသွားခဲ့ပြီး ဂျာရတ်မှာ တိုက်စစ်သို့ လိုက်ပါကစားနိုင်ခဲ့ပြီးနောက် ဆွာရက်စ်၏ ညာဘက်ဂိုးဧရိယာ အတွင်း ဆွဲလာရာ ဂိုးသမားမှ ထွက် လုရန် ကြိုးစားသောကြောင့် အလယ်တွင် အသင့်စောင့်နေသော ဂျာရတ်အားထိုးပေးပြီးနောက် ဂျာရတ်မှာ လူမရှိသော ဂိုးပေါက်ထဲသို့ အသာအယာ ကန်သွင်းယူပြီး ဒုတိယဂိုးရရှိခဲ့သည်။ ဒုတိယပိုင်း ၇၂ မိနစ်တွင် ဂလင်းဂျွှန်ဆင်မှ ဘောလုံးကို ရင်ဘက်နှင့် တစ်ချက်ထိန်းပြီး မြေမကျဘော ကို ကိုက်သုံးဆယ် အကွာမှ ဘယ်ခြေဖြင့် လှလှ ပပ အပြင်း ဗော်လီ ကန်သွင်းယူခဲ့ပြီးနောက် လီဗာပူးမှ ၃ - ၀ ဖြင့်အနိုင်ရရှိသွားခဲ့ခြင်းဖြစ်သည်။
လီဗာပူးအသင်းတွင် - ရီနာ၊ အက်ဂါ၊ ဂျွှန်ဆင်၊ အန်ရီကေး၊ စကာတယ်၊ ရှယ်လဗီ၊ လူးကပ်စ်၊ ဒေါင်းနင်း၊ ဂျာရတ်၊ ဘိုရိုနီ နှင့် ဆွာရက်စ်တို့ ပွဲထွက်ကစားခဲ့ကြပြီး ကာရေဂါ၊ အဒမ် နှင့် စပီးယားရင်း တို့မှာ လူစားဝင် ကစားခဲ့ကြောင်း သိရသည်။
Translated by : ထာဝရ   


www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။

 Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...