Ads (728x90)



ဗန်ပါစီအပြောင်းအရွှေ့နှင့် ပတ်သက်ပြီး ရွန်းနီ ပြောစကား
ဗန်ပါစီအပြောင်းအရွှေ့နှင့် ပတ်သက်ပြီး ရွန်းနီ ပြောစကား
ဆာအဲလက်စ်ဖာဂူဆန်သည် ဗန်ပါစီအတွက် ကမ်းလှမ်းထားကြောင့် ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်။ အာဆင်နယ်သည် ပရီးမီးယား ပြိုင်ဘက် အသင်းထံသို့ ရောင်းချလိုခြင်း ရှိပုံမရသော်လည်း စောင့်ကြည့်နေရဆဲဖြစ်သည်။

ဗန်ပါစီအပြောင်းအရွှေ့ နှင့် ပါတ်သက်ကာ ရွန်းနီ မှ ပြောကြားရာတွင် " သူက ကျနော် အမြဲ လေးစားရတဲ့ ကစားသမားပါ၊ နှစ်ပေါင်းများစွာ အာဆင်နယ်အတွက် သူအကောင်းဆုံး ကစားပေးနိုင်ထားပါတယ်၊ ပြီးခဲ့တဲ့ ရာသီကတော့ အကောင်းဆုံးဖြစ်နိုင်ပါတယ်၊ သူဂိုးတွေအများကြီးသွင်းခဲ့ပါတယ်၊ သူသာ မန်ယူကို လာမယ်ဆိုရင် ကျနော်တို့ လူစာရင်းအတွက် ကြီးမားတဲ့ ပေါင်းထည့်မှုဖြစ်မှာပါ" ဟု ရွန်းနီမှ ဆိုသည်။

ဗန်ပါစီနှင့် လိုက်ဖက် ညီစွာ ကစားနိုင်မည် လား ဟုမေးမြန်းရာတွင်မူ ရွန်းနီမှ ပြုံးကာ " ကျနော်အဲဒီလို ထင်မြင်ချင်ပါတယ် ဒါပေမယ့် ခင်ဗျားအနေနဲ့ မန်နေဂျာကို မေးရမှာပါ ကျနော်တို့အသင်းမှာ ကျနော်ရယ် ၀ဲဘက်ရယ် ချီချာရီတိုရယ် ဘာဘာတော့ ရယ် နဲ့ တိုက်စစ်မှုးတွေ အများကြီးရှိနေပြီးသားပါ။ အဲဒီတော့ နေရာရဖို့အတွက် တိုက်ပွဲဝင်နေရတာပါ၊ " ဟု ပြောကြားခဲ့သည်။

ရွန်းနီမှ ဆက်လက်ပြီး ယခုနှစ် အတွက်ရည်မှန်းချက်မှာ အိမ်နီးချင်း မန်စီးတီးသို့ ဆုံးရှုံးသွားသည့် ချန်ပီယံဆုကို ပြန်လည်ရယူရန်ဖြစ်ကြောင်း ပြောကြားခဲ့ရာတွင် " ကျနော်တို့အတွက် ခုချိန်က ပြန်ပြီး အနိုင်ယူဖို့ အခွင့်အရေးပါပဲ၊ ကျနော်တို့ဟာ အသင်းကောင်း တစ်သင်းဖြစ်ပြီး ပြန်လည် ဖလားရနိုင်တယ်ဆိုတာ ပြဖို့ အခွင့်အရေးပါ၊ ဒါဟာ ကျနော်တို့ရဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်ပါပဲ"  ဟု ပြောကြားခဲ့ကြောင်းသိရသည်။
Translated by : ထာဝရ


www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။

 Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...