Ads (728x90)



ဘရာဇီးရဲ့ ကျောနံပါတ် ၁၀ကို အပိုင်သိမ်းချင်နေတဲ့ အိုလံပစ်စတား ချယ်ဆီးလူသစ်လေး အော်စကာ
ဘရာဇီးရဲ့ ကျောနံပါတ် ၁၀ကို အပိုင်သိမ်းချင်နေတဲ့ အိုလံပစ်စတား ချယ်ဆီးလူသစ်လေး အော်စကာ
ချယ်ဆီးအသင်း၏ လူသစ် ကွင်းလယ်ကစားသမားလေး အော်စကာသည် ဘရာဇီးအသင်း၏ ကျောနံပါတ် ၁၀ ကို ၄င်း၏ အနာဂတ်ကျောနံပါတ်အဖြစ် သိမ်းပိုက်ဖို့ လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်လျက် ရှိနေသည်။

ယခုနှစ်နွေရာသီတွင်း စတန်းဖို့ဒ်ဘရစ်သို့ ရောက်ရှိလာသော လူငယ်ကွင်းလယ် ကစားသမားလေးသည် လက်ရှိတွင် လန်ဒန်အိုလံပစ်ပြိုင်ပွဲဝင် ဘရာဇီးအသင်းနှင့်အတူ တိုက်ပွဲဝင်နေပြီး မက္ကဆီကိုအသင်းနှင့် ဖိုင်နယ်ပွဲ ကစားရဖို့ ရှိနေသည်။

ဘရာဇီးလက်ရွေးစင်အသင်းအတွက် အော်စကာသည် ၆ ပွဲတိတိပါဝင် ကစားပေးထားခဲ့ပြီး ယခုအခါတွင် လက်ရှိကျောနံပါတ် ၁၀ကို ပိုင်ဆိုင်ထားသော ဂန်ဆို၏ နေရာကို မျှော်လင့်နိုင်လျက် ရှိနေပြီ ဖြစ်သည်။

“အသင်းကို အများကြီး ကူညီပေးနိုင်ခဲ့တယ်ဆိုတာ ကျွန်တော်ကိုယ် ကျွန်တော်သိပါတယ်။ အသင်းဖော် ဘော်ဒါတွေကြားမှာ ကိုယ့်ကိုကိုယ်လည်း High Level အဆင့် ပြသနိုင်ဖို့ လိုအပ်နေပါသေးတယ်။ ပြီးတော့လည်း စီနီယာအသင်းရဲ့ နံပါတ် ၁၀ ဂျာစီကို ၀တ်လာနိုင်သူဖြစ်ဖို့ အရည်အသွေးတွေ ရလာပြီဆိုတာကိုလည်း သက်သေပြရအုံးမယ်လို့ ထင်ပါတယ်။”ဟု အော်စကာက ပြောကြားသွားခဲ့သည်။

အော်စကာသည် ၂၀၁၁ အသက် ၂၀အောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခဲ့သလို ဖိုင်နယ်ပွဲတွင် ဟတ်ထရစ်ပါ ရရှိခဲ့ကာ ဖလားရခဲ့သည်။ ထိုစဉ်က ကိုလံဘီယာတွင် ကစားခဲ့ရပြီး ကျောနံပါတ် ၁၁ကို ၀တ်ဆင်ခဲ့သည်။
Written by : မှူးသခင်  


www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။

Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...