Ads (728x90)



လီဗာပူးလ်ကွင်းလယ်ကို လာရောက်အားဖြည့်ပေးတော့မည့် ဆွမ်ဆီးမှ အလန်
ယနေ့ သောကြာနေ့တွင် ဆွမ်ဆီးကွင်းလယ်ကစားသမား ဂျိုးအလန်၏ လီဗာပူးလ်သို့ အပြောင်းအရွှေ့မှာ ပြီးပြတ်လိမ့်မည်ဟု မျှော်လင့်ရကြောင်း သတင်းများတွင် ဖော်ပြလျက်ရှိသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့ညက လီဗာပူးလ်အသင်းသည် အက်ဖ်စီဂိုမေအသင်းကို ၃-၀ ဖြင့် ဂိုးပြတ်အနိုင်ရကာ ယူရိုပါလိဂ်နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့သည့်ပွဲအား အလန်သည် အန်ဖီးကွင်းတွင်မှနေ လာရောက်ကြည့်ရှုသွားခဲ့သည်။

ကြိုးကြာနီအသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရိုဂျာစ်ကလည်း ဖြစ်လုဖြစ်အံဟု ပြောကြားသွားခဲ့သလို “ဆွမ်းဆီးနဲ့ တချို့သော ကိစ္စတွေကို ဆက်သွယ်ဆောင်ရွက်ခဲ့ပြီးတာကို သူကိုယ်တိုင်က ပြခဲ့ပြီးပါပြီ ၂၄ နာရီအတွင်း ပြီးပြည့်စုံလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ရပါတယ်”ဟု ဆက်လက်ပြောသွားခဲ့သည်။
Written by : မှူးသခင်


www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။

Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...