Ads (728x90)



နောက်ဆုံးရ အပြောင်းအရွှေ့ ကောလဟာလများ အနှစ်ချုပ်
နောက်ဆုံးရ အပြောင်းအရွှေ့ ကောလဟာလများ အနှစ်ချုပ်
ဆွမ်ဆီး ကစားသမား ဂျိုးအလန်သည် ယခုသတင်းပါတ် အကုန်တွင် လီဗာပူးသို့ပြောင်း ရွှေ့ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း သတင်းများမှဆိုသည်။

မိုဒရစ်အား ရီးရဲမှ ၀ယ်ယူရန် ရီးရဲအနေဖြင့် ကာကာ ကိုအရင်ရောင်းမှ ဖြစ်နိုင်မည်ဟု သတင်းများကဆိုသည်။

လီဗာပူးမှ ဒန်နီအဂါအား မန်စီးတီးသို့ ရောင်းချရမည်ဆိုလျှင် ပေါင် ၂၃ သန်းနှင့် အဒမ် ဂျွှန်ဆင်ကိုပါ အငှားခေါ်ယူခွင့်ပေးရမည်။ မန်စီးတီး အသင်းမှာ အဂါအတွက် နှစ်ကြိမ်တိုင် ကမ်းလှမ်းခဲ့ပြီးဖြစ်ပြီး လီဗာပူးမှ ငြင်းပယ်ခဲ့ကြောင်းသိရသည်။

အဲလက်စ်ဆောင်းအား ခေါ်ယူမည့် သတင်းများနှင့် ပါတ်သက်ပြီး မေးမြန်းရတွင် ဘာစီလိုနာမန်နေဂျာ ဗီလန်နိုဗာမှ အသင်း၏ကစားသမား လူစာရင်းထဲတွင် မပါဝင်သေးသော ကစားသမားအကြောင်းအား အခြားကလပ်အသင်းများကိုလေးစားသည့်အနေဖြင့် ပြောဆိုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လေဗာကူဆင် ကစားသမား Andre Schurrle အားချယ်ဆီးမှ ပိုမိုကောင်းမွန်သော တန်ကြေးဖြင့်ထပ်မံကမ်းလှမ်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန်စီးတီးအသင်းသည် ဘရာဇီးတိုက်စစ်မှုး လန်ဒရို ဒါမီရို အားစိတ်ဝင်စားနေကြောင်းသိရကာ စပါးအသင်းမှလည်း အဒီဘာရော နှင့် စာချုပ်ရန် အဆင်မပြေမှုကြောင့် အဆိုပါကစားသမားအား စိတ်ဝင်စားနေသည်။

နာပိုလီအသင်းမှ ချယ်ဆီး ကစားသမား ရာအူးမီယာလက်စ်အား စိတ်ဝင်စားနေသည်။ ချယ်ဆီးအသင်းမှ ရောင်းချနိုင်ပြီး၊ McEachran အားလည်း ဘလက်ဘန်းနှင့် ဘော်တန်တို့မှ အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းသိရသည်။

ဝက်စ်ဟမ်းအသင်းသည် ပြင်သစ်အသင်းကစားသမား နှင့် လီဗာပူးကွင်းလယ်လူဟောင်း ဒီရာရာ (Alou Diarra) အား ခေါ်ယူရန် မာဆေးနှင့် သဘောတူညီမှုရပြီဟုသတင်းများထွက်ပေါ်ကြောင်းသိရသည်။

ဘက်ဆီတတ်ကစားသမား ကွာရက်စ်မာ သည် စပါးသို့မဟုတ် ဆန်းဒါးလန်းသို့ ပြောင်းရွှေ့ရန်ချိတ်ဆက်နေကြောင်းသိရသည်။ ကွာရက်စ်မာသည် အသင်း၏ ယခုနှစ်အစီအစဉ်များတွင် ပါဝင်ခြင်းမရှိကြောင်း အသင်းတာဝန်ရှိသူမှပြောကြားခဲ့ပြီး သူ့အတွက် ကလပ်အသင်းရှာဖွေလိုကြောင်းဆိုခဲ့ကြောင်း တူရကီမှ လာသောသတင်းများအရသိရသည်။

ဂျူဗီတပ်စ်ကွင်းလယ်ကစားသမား ဖိလစ်ပီ မယ်လိုသည် ဂါလာတာစာရေးနှင့် ဆေးစစ်မှုခံယူရန် တူရကီသို့ထွက်ခွါသွားကြောင်းသိရသည်။

မန်စီးတီးအသင်းမှ ကိုလာရော့အား ကလပ်အသင်းနှစ်သင်းကြားသဘောတူညီမှုရပါက ဂျူဗင်တပ်စ်သို့ပြောင်းရွှေ့နိုင်ကြောင်း အီတလီ ရှိသတင်းများမှဆိုသည်။

ချယ်ဆီးတိုက်စစ်မှုး လူကာကူသည် ဖူဟမ်အသင်းသို့ အငှားဖြင့်ပြောင်းရွှေ့မည်မဟုတ်ကြောင်း ကစားသမား၏ အေးဂျင့်မှ ပြောကြားခဲ့သည်။

ရော်နယ်ဒိုအနေဖြင့် ကာကာအား ရီးရဲမှ မထွက်ခွါစေလိုကြောင်းသိရ။ " ကာကာအနေနဲ့ အသင်းကနေထွက်ခွါတာ မထွက်ခါတာက သူ့ရဲ့ ဆုံးဖြတ်ချက်ပါ၊ ကျနော်ကတော့ သူဆက်နေမယ်ထင်ပါတယ်။ ကျနော့်အတွက်တော့ သူဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ယောက်ပါပဲ။ အကောင်းဆုံးဘောလုံးသမားတွေဟာ ရီးရဲမှာရှိနေရမယ်" ဟု ပြောကြားခဲ့ကြောင်းသိရသည်။

စတီဗင်ဖလက်ချာသည် ၀ုဖ်အသင်းမှ ထွက်ခွါခွင့်တောင်းဆိုလိုက်ပြီးနောက် အက်စတွန်ဗီလာနှင့် ဆန်းဒါးလင်းတို့မှ ခေါ်ယူနိုင်ရန်ကြိုးစားနေကြောင်း သိရသည်။

ရီးရဲမက်ဒရစ် ကွင်းလယ်ကစားသမား ဒီမာရီယာသည် အသင်းနှင့် ၂၀၁၈ အထိ စာချုပ်သက်တန်းတိုးချုပ်ဆိုလိုက်ပြီဖြစ်သည်။

ဖီအိုရင်တီးနားအသင်းသည် ရိုးမားအသင်းမှ ဒေးဗစ်ပီဇာရိုအား စာချုပ်ချုပ်ခေါ်ယူပြီးကြောင်း ကြေငြာခဲ့သည်။

ဘရန်ဒန်ရိုဂျာအနေဖြင့် ဂျိုးအလန် အား သောကြာနေ့တွင်အပြီးသတ် ပေါင် ၁၅ သန်းဖြင့် အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်မည်ဟု မျှော်လင့်နေကြောင်းသိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ဘီဘာအို တိုက်စစ်မှုး လောရန်တေးအား ယူရို သန်း ၂၀ ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်းသိရသည်။
Translated by : ထာဝရ   


www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။

Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...