Ads (728x90)



ချယ်ဆီး နှင့် မန်စီးတီးတို့ ကွန်မြူနတီဒိုင်းပြိုင်ပွဲအဖြစ် လာမည့်တနင်္ဂနွေတွင် ယှဉ်ပြိုင်ကစားမည်။
ချယ်ဆီးနှင့် မန်စီးတီးတို့သည် ကွန်မြူနတီဒိုင်းပြိုင်ပွဲအဖြစ် လာမည့် သြဂုတ် လ ၁၂ ရက်နေ့တွင် ဘာမင်ဂမ်မြို့နယ် ဗီလာပါ့ခ်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ဂျူအန်မာတာသည် အိုလံပစ်တွင် ပါဝင်ကစားခဲ့ပြီးနောက် ချယ်ဆီးအသင်းအတွက် ပွဲထွက်ကစားမည် မှာ မသေချာပေ။ ဒီမာတီယိုသည် ၄-၃-၃ ကစားကွက်ဖြင့် ပွဲထွက်လာဖွယ်ရှိပြီး ကွင်းလယ်တွင် ရာအူးမီယာလက်စ်၊ လမ်းပတ် နှင့် မီခေး တို့အားထားကစားဖွယ်ရှိသည်။
ရာမီးယက်စ်နှင့် ဟာဇက် တို့မှာ တောရက်စ်နှင့်အတူ တိုက်စစ်တွင် ပွဲထွက်လာဖွယ်ရှိပြီး ကာဟေးနှင့် ဒေဗစ်လူးဝစ်စ်မည်သူ့ကို အသုံးပြုမည်ကို ဒီမာတီယို အနေဖြင့်ဆုံးဖြတ်ရမည် ဖြစ်သည်။

မန်စီနီမှာမူ ပထမအသင်းလိုင်းအပ် အပြည့်ဖြင့် ရာသီကြိုခြေစမ်းပွဲများတွင် ကစားခြင်းမရှိသေးသောကြောင့် အနည်းငယ်ခန့်မှန်းရခက်နေသည်။ ယူရို ကစားခဲ့သည့် နာဆရီနှင့် ဒီဂျောင်တို့မှာ ကြံ့ခိုင်မှုပြည့်မပြည့် မသေချာပေ။ ကွန်ပနီမှာ ဒဏ်ရာမှ သက်သာလာသော်လည်း မစွန့်စားလောက်ပဲ ကိုလိုတိုရေးကိုသာ အသုံးပြုမည်ဟုထင်ရသည်။ ဆေးဗားနှင့် ဘာလိုတယ်လီတို့မှာ ယူရိုဖိုင်နယ်အထိ တတ်ရောက်စားခဲ့သောကြောင့် အရန်ခုံတွင်သာထိုင်မည်ဟု ခန့်မှန်းပြီး ယာယာတိုရေး၊ အဂူရိုနှင့် တီဗက်စ် တို့မှာမူ ရာသီကြိုပွဲစဉ်များတွင် ပွဲတော်တော်များများ ပါဝင်ကစားခဲ့ပြီးနောက် ပွဲထွက်စာရင်းတွင် ပါဝင်လာစရာရှိနေသည်။ ဂါရတ် ဘယ်ရီမှာ ဒဏ်ရာရနေပြီး ရစ်ချက်မှာ အိုလံပစ်ကစားထားသောကြောင့် ပါဝင်မည်မဟုတ်ချေ။
ဖြစ်နိုင်ချေ လူစာရင်းခန့်မှန်းချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

CHELSEA

Cech
Ivanovic, Cahill, Terry, Cole
Lampard, Mikel, Meireles
Ramires, Torres, Hazard

MANCHESTER CITY

Hart
Zabaleta, K Toure, Lescott, Kolarov
Y Toure, De Jong
A Johnson, Tevez, Nasri
Aguero

- မန်စီးတီးအသင်းသည် မနှစ်က ကွန်မြူနတီဒိုင်းပွဲစဉ်တွင် မန်ယူအသင်းအား ၃-၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ သူတို့သည် ၁၉၃၇၊ ၁၉၆၈၊ နှင့် ၁၉၇၂ တို့တွင် အဆိုပါဒိုင်းအား သုံးကြိမ်ရရှိခဲ့ဖူးသည်။

- ၀င်ဘာလေကွင်းသည် လန်ဒန်အိုလံပစ်ပြိုင်ပွဲအတွက် အသုံးပြုထားသဖြင့် ယခုနှစ်အတွက် ပွဲစဉ်ကို အက်စတွန်ဗီလာ အိမ်ကွင်း ဗီလာ ပါ့ခ်တွင် ယှဉ်ပြိုင်ကြမည်။

- ၁၉၇၃ တွင် စီးတီး၏ အိမ်ကွင်းဖြစ်ခဲ့သည့် Maine Road ကွင်းတွင် နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့ပြီးနောက်ပိုင်း ယခုကွန်မြူနတီ ပွဲစဉ်သည် အမျိုးသား အားကစားကွင်း များဖြစ်ကြသည့် အင်္ဂလန်နိုင်ငံ ၀င်ဘာလေ နှင့် ဝေလနိုင်ငံ မယ်လီနီယံ အားကစားကွင်းတို့ တွင်မကစားသည့် ပထမဆုံး ဒိုင်းပြိုင်ပွဲစဉ် ဖြစ်လာမည်ဖြစ်သည်။

- Maine Road တွင် အဆိုပါပွဲကို ငါးကြိမ်လက်ခံကစားဖူးပြီး။ ချယ်ဆီး၏ စတန်းဖို့ဒ်ဘရစ်သည် ၀င်ဘာလေ ကွင်းပြီးနောက် အခြားပရီးမီးယားလိဂ်အသင်းတို့၏ ကွင်းများထက် အဆိုပါ ဒိုင်းပွဲစဉ်ကို ပိုမိုလက်ခံကစားခဲ့သည်။

- ချယ်ဆီသည် မနှစ်က ပရီးမီးယားလိဂ်တွင် အိမ်ကွင်းမှာ မန်စီးတီးအား အနိုင်ရရှိခဲ့ပြီး စီးတီးအိမ်ကွင်းတွင်မူ တူညီသောရလဒ် ၂-၁ ဂိုးဖြင့်ပင်ရှုံးနိမ့်ခဲ့သည်။

- တွေ့ဆုံခဲ့သမျှအားလုံးတွင်မူ ချယ်ဆီးမှ ၅၅ ပွဲနိုင် မန်စီးတီးမှ ၄၃ ပွဲနိုင်ပြီး သရေကျသောပွဲ ၃၆ ပွဲရှိခဲ့ကာ ချယ်ဆီးမှ အသာရနေသည်။

- ချယ်ဆီးသည် ကွန်မြူနတီဒိုင်းကို ၁၉၅၅၊ ၂၀၀၀၊ ၂၀၀၅ နှင့် ၂၀၀၉ တို့တွင် စုစုပေါင်း လေးကြိမ်ရရှိခဲ့သည်။

- ရော်ဘက်တို ဒီမာတီယိုသည် ချယ်ဆီးအသင်းအတွက် အယ်ဆယ်လော့တီ ၊ ရေနီရာရီ၊ နှင့် ဗီယာလီ တို့ပြီးနောက် စတုထ္ထမြောက် အီတလီလူမျိုး နည်းပြဖြစ်သည်။
Translated by : ထာဝရ


www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။

Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...