Ads (728x90)



ဂျူဗင်တပ်စ်အသင်း၏ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီအား ပွဲပယ်ပြစ်ဒဏ် ဆယ်လ ချမှတ်။

မနှစ်က စီးရီးအေပြိုင်ပွဲတွင် ဂျူဗင်တပ်စ်အသင်းအား စီးရီးအေ ဖလားရရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သော ဂျူဗီအသင်းနည်းပြ အန်တိုနီယို ကွန်တီသည် ၂၀၁၀-၂၀၁၁ ဘောလုံးရာသီအတွင်း စီးရီးဘီတွင် ဆီနာအသင်း၏ နည်းပြအဖြစ်ရှိခဲ့စဉ်က ပွဲစဉ်နှစ်ပွဲတွင် လုပ်ပွဲကစားခြင်းတွင် ပါဝင်ပတ်သက်မှု ရှိခဲ့ကြောင်း စွတ်စွဲခံရပြီးနောက် ယခုအခါ ဆယ်လ ပွဲပယ် ခံရပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
ထိုနှစ်တွင် သူသည် ဆီနာအသင်းအား စီးရီးအေသို့ တန်းတတ်နိုင်ရန် စွမ်းဆောင်ခဲ့သူလည်းဖြစ်သည်။
၄၃ နှစ်အရွယ်နည်းပြသည် ဆီနာအသင်း ယှဉ်ပြိုင်ကစားခဲ့သည့် စီးရီးဘီ ပွဲနှစ်ပွဲဖြစ်သည့် နိုဗာရာ အသင်းနဲ့ကစားသောပွဲစဉ် အယ်လ်ဘီနိုလက်ဖ် အသင်းတို့နှင့် ကစားသော ပွဲစဉ်များ၏ ရလဒ်ကိုပြောင်းလဲစေမည့် လုပ်ပွဲကစားခြင်းများကို အထက်သို့ တင်ပြရန် ပျက်ကွက်ခဲ့သောကြောင့် အပြစ်ရှိသည်ဟု တွေ့ရှိခဲ့ရခြင်းဖြစ်ကာ အီတလီ ဘောလုံးအဖွဲ့ချုပ်မှ ယခုကဲ့သို့ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကွန်တီ၏ ယခင် ဆီနာအသင်းမှာရော ယခုဂျူဗီအသင်းမှာပါ လက်ထောက်ဖြစ်သူ အယ်လီဆီယိုသည်လည်း အလားတူ ရှစ်လ ပွဲပယ်ခံရကြောင်းသိရသည်။
လက်ချီနှင့် ဂရော့စ်ဆက်တို အသင်းများသည် စီးရီဘီမှ တန်းဆင်းခဲ့ရပြီး ကလပ်အသင်းနှစ်သင်း၏ ဥက္ကဌများသည် ဘောလုံးနှင့်ပါတ်သက်သော လုပ်ဆောင်ချက်အားလုံးမှ ငါးနှစ် ကင်းရှင်းနေရန် အပယ်ခံရကြောင်းသိရသည်။
အခြားစွပ်စွဲခံရသည့် ကစားသမားများဖြစ်သော ဘိုနူချီနှင့် ပီပီ တို့မှာမူ သက်သေခိုင်မာမှုမရှိသဖြင့် အရေးယူခြင်းမှကင်းလွတ်ခဲ့ကြောင်း သိရပါသည်။
Translated by : ထာဝရ


www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။

Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...