Ads (728x90)



ချယ်ဆီးက ဒရော့ဘာလက်သစ် လူကာကူကို ၀က်စ်ဘရွန်းသို့ အဌားချထား
ချယ်ဆီးက ဒရော့ဘာလက်သစ် လူကာကူကို ၀က်စ်ဘရွန်းသို့ အဌားချထား
ဒရော့ဘာလက်သစ်ဟု နာမည်ရထားသည့် ဘယ်လ်ဂျီယံသား လူငယ်တိုက်စစ်မှူး ရိုမီလူ လူကာကူအား တစ်ရာသီစာ အဖြစ် ၀က်စ်ဘရွန်းအသင်းသို့ ချယ်ဆီးမှ အဌားချထားလိုက်ပြီ ဖြစ်သည်။

ရာသီကြိုပွဲစဉ်များတွင် ဂိုးများ သွင်းယူနိုင်ခဲ့သော လူကာကူသည် ယခင်ကလပ်ဟောင်း အန်ဒါလက်ခ်ျအသင်းတွင် ပွဲပေါင်း ၉၈ပွဲကစားပြီး ၄၁ ဂိုးတိတိ သွင်းယူပေးနိုင်ခဲ့ရာ ဒီဒီယာဒရော့ဘာ လက်သစ်အဖြစ် အမည်နာမတွင်သွားခဲ့သည်။

ပေါင် ၁၃သန်းဖြင့် ပြီးခဲ့သည့် နွေရာသီတုန်းက ချယ်ဆီးသို့ ရောက်ရှိလာခဲ့သော်လည်း အပြာရောင်တို့၏ ပထမပွဲထွက်စါရင်းတွင် ပါဝင်နိုင်ဖို့မှာ မဖြစ်နိုင်သေးသဖြင့် ယခုလို ၀က်စ်ဘရွန်းသို့ အဌားချထားခြင်း ခံရခြင်းလည်း ဖြစ်သည်။

ဝက်စ်ဘရွန်းအသင်းမှ နည်းပြဖြစ်သူ စတိဗ်ကလပ်ခ်ကလည်း “ကျွန်တော်တို့ ကလပ်ဆီကို ရိုမီလူကို ခေါ်ယူလိုက်နိုင်တဲ့အတွက် အများကြီး ကျေနပ်မိပါတယ်။ သူဟာ သန်မာတောင့်တင်းတယ် လူငယ်သလောက်ကို ကွင်းလယ်နဲ့ တိုက်စစ်ကို ပါဝါအပြည့် ကစားနိုင်တယ် စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သူကိုယ်တိုင်ကလည်း ဒီကို လာကစားဖို့ သဲသဲမဲမဲပါဘဲ။ အန်ဒါလက်ခ်ျကနေ ချယ်ဆီးကို ပြောင်းရွှေ့ကြေးကြီးကြီးနဲ့ ပြောင်းလာကတည်းက သူ့ကိုလိုချင်တဲ့ ဥရောပကလပ်တွေ အများကြီးပါတယ်။ ဒီလိုဘဲ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ်တွေကလည်း သူ့ကို အဌားခေါ်ဖို့ အလိုရှိနေကြပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က သူ့ကို ရဖို့ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တာပါ။ ချယ်ဆီးမှာက တကယ့်ထိပ်တန်းအဆင့် တိုက်စစ်မှူးတွေ အများကြီး ရထားပါတယ် သူ့အတွက် စတန်းဖို့ဒ်ဘရစ်မှာ ပထမတန်းအဖြစ်နဲ့ ဒါကို ယှဉ်ပြိုင်ဖို့ ခက်ခဲနိုင်တယ်လေ။ ဒါပေမဲ့ ပရီးမီးယားလိဂ်က ထိပ်တန်းကလပ် တစ်ခုမှ တစ်ရာသီစာ အတွေ့အကြုံ ရခဲ့ပြီးပါပြီ အခုဆိုရင် သူ့ဟာ ကွင်းထဲမှာ မိနစ်အတော်များများ ပိုပြီး နေဖို့ လိုနေပြီလေ။ ကျွန်တော်တို့နဲ့အတူ သူ့အတွက် ပိုမိုတိုက်တက်စေဖို့  ဆက်လက် လုပ်ဆောင်နိုင်တဲ့အပေါ် သူပျော်တာထက် ကျွန်တော်တို့က ပိုပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ အသင်းသားတွေကို သူဟာ အကောင်းဆုံး ကူညီပေးနိုင်မယ်လို့ ကျွန်တော်ကတော့ သေချာပေါက် ပြောနိုင်ပါတယ်။”ဟု ပြောကြားသွားခဲ့သည်။
Translated by : မှူးသခင်


www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။

Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...