Ads (728x90)



အင်္ဂလန်အသင်းမှာ ပြန်လည်ပါဝင်ခွင့်ရသွားခဲ့သည့် မိုက်ကယ်ကားရစ်၊ ဂျွန်တယ်ရီ မပါဝင်နိုင်တော့သည့် အီတလီနှင့် ခြေစမ်းပွဲ စသည့် အင်္ဂလန်လက်ရွေးစင် သတင်း
အင်္ဂလန်အသင်းမှာ ပြန်လည်ပါဝင်ခွင့်ရသွားခဲ့သည့် မိုက်ကယ်ကားရစ်၊ ဂျွန်တယ်ရီ မပါဝင်နိုင်တော့သည့် အီတလီနှင့် ခြေစမ်းပွဲ စသည့် အင်္ဂလန်လက်ရွေးစင် သတင်း
အင်္ဂလန်အသင်းသည် အီတလီနှင့် ချစ်ကြည်ရေးခြေစမ်းပွဲ ကစားမည့် လာမည့်အပတ်ပွဲစဉ်တွင် အင်္ဂလန်အသင်း၌ လူအပြောင်းအလဲ လုပ်ဖို့ နည်းပြဖြစ်သူ ရွိုင်းဟတ်ဆန်သည် ဦးတည်ထားပြီး လူငယ်အများအပြားကို သုံးစွဲကာ အတွေ့အကြုံရယူဖို့ ရည်မှန်းထားသည်ဟု သိရသည်။ အဆိုပါ ပွဲတွင် ၀ိန်းရွန်းနီ၊ ကပ္ပတိန် ဂျရတ်၊ အက်ရှ်လေကိုးလ်နှင့် ဂျွန်တယ်ရီတို့မှာ သေချာပေါက် လွဲချော်သွားမည် ဖြစ်ပြီး မိုက်ကယ်ကားရစ်နှင့် အဒမ်ဂျွန်ဆင်တို့မှာမူ ဟော့ဆန်၏ ပြန်လည်ခေါ်ယူခြင်းကို ခံခဲ့ရသည်။

တော့တင်းဟမ်းမှ ကော်လူကာနှင့် ဂျိတ်လီဗာမိုးအပြင် ရွိုင်ယန်ဘာထရန့်တို့ကိုလည်း တွန်ကလီဗာလေတို့နှင့်အတူ မန်ယူအသင်းဖော် မိုက်ကယ်ကားရစ်ကိုပါ ကွင်းလယ်တွင် မြင်တွေ့ရဖွယ် ရှိနေသည်။

ဂိုးသမားများအဖြစ် ဂျွန်ရူဘီနှင့် ဂျက်ဘတ်ဒ်လန်းတို့ကို ခေါ်ယူသွားမည်ဟု သိရသည်။

ယူရို ၂၀၁၂တုန်းက ဒါဏ်ရာရနေသည့် ဖရန့်လမ်းပတ် ပြန်လည်ပါဝင်လာသလို မန်စီးတီးမှ ဂျိမ်းမေလာ အာဆင်နယ်မှ ချိန်ဘာလိန်း၊ အဲဗာတန်မှ ရော့ဒ်ဝဲလ်နှင့် မန်ယူမှ အက်ရှ်လေယန်းတို့ ကို ရွေးချယ်ထားသည်ဟု သိရသည်။

ရှေ့တန်းအတွက်မူ အန်ဒီကာရိုး၊ ဒီဖိုး၊ စတားရိုက်နှင့် ၀ဲကော့ဒ်တို့ကို ရွေးချယ်ထားသည်ကို တွေ့ရှိရသည်။ ချယ်ဆီးနှင့် မန်ချက်စတာစီးတီးအသင်းတို့သည် ကွန်မြူနတီဒိုင်းအတွက် တနင်္ဂနွေနေ့တွင် ဗီလာပက်ကွင်းတွင် ရင်ဆိုင်ရမည် ဖြစ်ပြီး ထိုပွဲပြီးသည်နှင့် အင်္ဂလန်အသင်းအတွက် ဟော့ဆန်ရွေးချယ်ထားသော ကစားသမားများမှာ ဗုဒ္ဓဟူးနေ့၌ ဆွတ်ဇာလန်သို့ ခရီးထွက်ခွာက အီတလီနှင့် ကစားရမည် ဖြစ်သည်။

Squad:

Goalkeepers: Jack Butland (Birmingham City), Joe Hart (Manchester City), John Ruddy (Norwich City)

Defenders: Leighton Baines (Everton), Ryan Bertrand (Chelsea), Gary Cahill (Chelsea), Steven Caulker (Tottenham Hotspur), Phil Jagielka (Everton), Kyle Walker (Tottenham Hotspur).

Midfielders: Michael Carrick (Manchester United), Tom Cleverley (Manchester United), Frank Lampard (Chelsea), Adam Johnson (Manchester City), Jake Livermore (Tottenham Hotspur), James Milner (Manchester City), Alex Oxlade-Chamberlain (Arsenal), Jack Rodwell (Everton), Ashley Young (Manchester United).

Forwards: Andy Carroll (Liverpool), Jermain Defoe (Tottenham Hotspur), Daniel Sturridge (Chelsea), Theo Walcott (Arsenal).

Written by : မှူးသခင်


www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။

Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...