Ads (728x90)



ကာကာအား အေစီမီလန်သို့ ပြန်လည်ခေါ်ယူရန် မဖြစ်နိုင်ဟု ဂီလီယာနီဆို
အေစီမီလန်အသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဂီလီယာနီက ရီးရဲလ်မက်ဒရစ် ကစားသမား ကာကာအား စီရီးအေသို့ ပြန်လည်ခေါ်ယူရေးမှ မဖြစ်နိုင်သည့် ကိစ္စတစ်ခုဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ အေစီမီလန်အသင်းသည် ကာကာအား ပြန်လည်ခေါ်ယူလိုနေသော်လည်း၏ ငွေကြေးအခြေအနေမှာ တောင့်တင်းခြင်း မရှိသောကြောင့် အခက်အခဲ ဖြစ်နေခြင်းလည်း ဖြစ်သည်။ ဂီလီယာနီက ကာကာကို ပြန်ခေါ်ရမယ့် အရေးဟာ တကယ့်ကို ရှုပ်ထွေးခက်ခဲတဲ့ ကိစ္စပါ ကျွန်တော်တို့ဟာ အရမ်းကိုများတဲ့ လစာငွေကြေးအတွက် ဆွေးနွေးနေရပါတယ် ဟုပြောကြားသွားခဲ့သည်။ ကာကာမှာ ရီးရဲလ်အသင်းနှင့် ၂၀၁၅ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး နည်းပြဖြစ်သူ မော်ရင်ဟိုကလည်း ကာကာအား အလွှတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ခံမည်မဟုတ်ပဲ ခေါ်ယူခြင်းသော အသင်းအနေဖြင့် ငွေကြေးတစုံတရာ
ပေးချေမှသာ ဖြစ်နိုင်လိမ့်မည်ဟု သတိပေးထားသည်။
Translated by : လွင်ထွန်း
www.mutdfan.com မှ ပြန်လည်ကူးယူဖော်ပြပါသည် ။

Copy By : PunkGhost

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...