Ads (728x90)





ယနေ့ ကမ္ဘာပေါ်တွင် သောက်သုံးစရာBeverage အမျိုးမျိုးရှိကြပါသည်။
၎င်းတို့ အနက် ကော်ဖီသည် ပေါ်ပြူလာ အဖြစ်ဆုံးနှင့် အသက်အပိုင်း အခြားမရွေး၊ လူမျိုးဘာသာမရွေး တွင်ကျယ်စွာ သောက်သုံးနိုင်သည့်“အရည်တစ်မျိုး” ဖြစ်ပါသည်။
နာမည်ကြီး စာရေးဆရာ (အိုလီဗာ-ဟုမ်းစ်) ၏ Over the Teacups ထဲတွင် “အိပ်ယာထ သောက်ရတဲ့ကော်ဖီတစ်ခွက်က ရတဲ့ လန်းဆန်း-တက်ကြွမှုနဲ့ ခွန်အားမျိုးကို ညနေခင်း လဖက်ရည်ကနေပြန်ထပ်လုပ်မပေးနိုင်ဘူး” ဟု ညွှန်းဆိုထားပါသည်။

အာရေဗျကျွန်းဆွယ်များတွင် ရှေးပဝေသဏီကတည်းက၊ကော်ဖီပင်များကို လှေကားထစ် စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးလာခဲ့ကြပါသည်။ မိုးခေါင်ရေရှား သောထိုအရပ်ဒေသ ရှိ ကော်ဖီပင်များသည် အပင်ပုကလေးများဖြစ်ကြပြီး၊ အသီးမှာလည်း သေးငယ်ပါသည်။
ပူပြင်းသောရာသီဥတုကြောင့် အသီးများကို ခူးဆွတ်ပြီးနောက် ချက်ချင်းခြောက်သွား တတ်ကြပါသည်။
ထိုဒေသမှထွက်ရှိသော ကော်ဖီ၏ရနံ့ မှာ သင်းပျံ့ စူးရှပြီး၊ အရသာလည်းပြင်းပါသည်။
အာရေဗျ ကျွန်းဆွယ်၏ Mocha ဆိပ်ကမ်းမြို တော့်မှ တစ်ကမ္ဘာလုံးသို့  သင်္ဘောဖြင့်တင်ပို့ ခဲ့ကြပါသည်။
ထို့ ကြောင့် ' မိုခါးကော်ဖီ ' (Mocha Coffee) သည် ထူးခြားသောအနံ့  အရသာဖြင့် တစ်ကမ္ဘာလုံးကို ဆွဲဆောင်လျှက်ရှိပါသည်။

ဒတ်ခ်ျတို့ သည် အင်ဒိုနီးရှား Java ကျွန်းဆွယ်ပေါ်တွင်ဒေသခံကော်ဖီသီးများကို အာရေဗျမှ လာသောကော်ဖီသီးများဖြင့် ရောစပ်၍ အပင်စိုက်ပျိုး ခဲ့ကြပါသည်။
ထိုအပင်မှရရှိသော ကော်ဖီသည် မိုခါးလောက်အရသာမပြင်းသော်လည်းပဲ
မိုခါးဂျာဗားကော်ဖီ (Mocha Java Coffee)အဖြစ် အရသာတမျိုးဖြင့် ဆွဲဆောင်နိုင် ပါသည်။
ယနေ့ အမေရိကန်တွင် အထူးရေပန်းစားလျှက်ရှိပါသည်။

မြန်မာပြည်တွင် ကော်ဖီရောက်ရှိလာပုံကို တိတိကျကျသမိုင်းအထောက်အထား များဖြင့်
ဖော်ပြထားခြင်း မရှိသော်လည်းပဲတောင်ငူခေတ် နတ်ရှင်နောင် လက်ထပ်တွင်
ပေါ်တူဂီကုန်သည်များသည် အောက်မြန်မာပြည်သို့ လာရောက်၍ ကုန်သွယ်ကူးလူး ဆက်ဆံလာကြကာကော်ဖီ နှင့် စပျစ်ဝိုင်များ သောက်သုံးကြသည့် သမိုင်း အတိအကျကိုတော့ လေ့လာတွေ့ ရှိရပါသည်။
မည်သို့ ပင်ဆိုစေကာမူ၊ ယနေ့ မြန်မာနိုင်ငံသားများအပါအ၀င်၊ လူသားအားလုံးသည် ကော်ဖီကို နံက်အိပ်ယာထ၊နေ့ လည်အဆာပြေ နှင့် ညနေခင်း အပျင်းပြေအဖြစ်နှစ်ခြိုက်စွာသောက်သုံး လျှက်ရှိကြပါသည်။
ထို့  ပြင် ကျောင်းသား/သူ များကလည်းခေါင်းကြည်စေရန်အတွက်၊ အချို့ လူနာများက
လည်း ဆေးသောက်ရလွယ်ကူ စေရန်အတွက်၊ စသည့် အကြောင်းအမျိုးမျိုးဖြင့်
သောက်သုံးလျှက်ရှိကြပါသည်။
အလှုမင်္ဂလာပွဲများတွင်လည်း ကော်ဖီ သောက်သုံးသော ယဉ်ကျေးမှုထွန်းကားလျှက်ရှိပါသည်။
နှပ်၍သောက်ရသော ကော်ဖီများ သာမက၊ အလွန်ခါးသော Maxwell ကော်ဖီ၊
ကော်ဖီ Latte၊ Ness ကော်ဖီ၊ မိုခါး၊ Cappuccino,Espresso, Creamy, Floating ကော်ဖီ၊
Black ကော်ဖီ၊ Decaf (ခေါ်) ကဖိန်းဓာတ် ပါဝင်မှုအလွန်နည်းသောကော်ဖီ ...စသည်ဖြင့်
တံဆိပ်အမျိုးမျိုး နှင့် နိုင်ငံစုံ Ready Made (2 in 1),(3 in 1) ကော်ဖီများကို ကော်ဖီဆိုင်ထိုင်၍ သော်လည်းကောင်း၊မိမိအိမ်တွင် လည်းကောင်း သောက်သုံးနေကြပါသည်။
မြန်မာပြည်၏ Coffee Shops ဆိုင်များတွင်ကော်ဖီစက်ကိုသုံးကာ၊ အီတလီမှလာသော
ကော်ဖီစေ့များကို အမှုန့် ကြိတ်၍၊ ယခုဖျော်ယခုသောက် ပုံစံခေတ်စားလျှက်ရှိပါသည်။
မြန်မာပရိတ်သတ်ခံတွင်းလိုက်စေသည့်ကော်ဖီ ၃၀ မီလီ လီတာ ကို အဆီမပါသာ
နို့ ကရမ် ၁၂ မီလီ လီတာ၊ သကြားစားပွဲဇွန်း(၂)ဇွန်း ဖြင့် အရစ်(၃)ရစ်ခွဲကာ pump စက်ကိုသုံး၍ အပေါ်မှ အမြှုပ်ရိုက်ကာ လိပ်ပြာပုံ၊ အသည်းပုံ နှင့် အရုပ်ကလေးများ ဖြင့်အလှဆင်ထားသော
Italy Cappuccino ၊ ထိုပုံစံမျိုးဖြင့် အဆီမပါသောနို့  ကရမ် ၁၆ မီလီ လီတာ ထည့်ကာ
ခွက်ပုံစံပြောင်းထားသော Café Latte ၊ ထိုပုံစံမျိုးဖြင့် ချောကလက်တစ်လွှာခင်းထားသော
Mocha Coffee ၊ ဘလက်ကော်ဖီကဲ့သို့ နို့  လုံးဝမပါဘဲ ၊ကော်ဖီအဆီ ၁၀ဂရမ် ထဲ့ထားသော
Italy Espresso ကော်ဖီပြင်းပြင်း …စသည်တို့ ကိုသောက်သုံးနိုင်ကြပါပြီ။
Italy Espresso ၏ အရသာမှာ အလွန်ခါးပါသည်။

အနောက်နိုင်ငံသားများက ထိုကော်ဖီခါးခါးတွင်သကြားလုံးဝမထဲ့ဘဲ ကော်ဖီအဆီ၏အရာကို
ဇိမ်ခံ၍ သောက်ကြသော်လည်းမြန်မာ ပရိတ်သတ်များကတော့သကြား စားပွဲဇွန်း (၂)ထက်မနည်းထည့်သောက်ကြပါသည်။
ကမ္ဘာ့အရပ်ရပ်ရှိ ကော်ဖီကြိုက်သူများသည်ကော်ဖီ(ပျော့/ပြင်း) အမျိုးမျိုးတို့ ကို အရသာခံ၍
သောက်သုံးကြသလို၊ ကော်ဖီဖြင့်စီမံပြုလုပ်ထားသော
(၁)ရေခဲမုန့် 
(၂) သကြားလုံး
(၃) ကိတ်
(၄) ကွတ်ကီး
(၅) ၀ီစကီနှင့်ရော၍ အပေါ်မှ မလိုင်ပျစ်ပျစ်တင်ထားသော Irish Coffee
(၆) Vanilla ရေခဲမုန့်  ဖြင့်ပြုလုပ်ထားသော Coff Punch
(၇) ရေခဲမုန့် ၊ ချောကလက်၊ နို့ ၊ ကရင်မ်တို ဖြင့်ပြုလုပ်ထားသော Cramel Iced Coffee
(၈) ကိုကိုး၊ ကရင်မ်၊ Rum ၊ Brandy တို့ ဖြင့်ပြုလုပ်ထားသော Alcoholic Cappuccino

(၉) ကော်ဖီပြင်းပြင်း၊ မလိုင်၊ သစ်ကြပိုးခေါက်၊ချောကလက်၊ ဒိန်ချဉ်တို့ ဖြင့် ပြုလုပ်ထားသော
Cappuccino Sundaes
(၁၀) ဂျုံမုန့် ၊ ကော်ဖီမှုန့် ၊ သစ်ကြပိုးခေါက်၊မုန့် ဖုတ်ဆိုဒါ၊ ဆား၊ သကြား၊ လိမ္မော်ခွံ၊
ကြက်ဥ၊ ဗန်ဒါစေ့၊ Vanilla ရေခဲမုန့်  တို့ ဖြင့် စီမံ ပြုလုပ်ထားသော Espresso Biscotti
(၁၁) ကော်ဖီ Crystal ဖြင့်ပြုလုပ်ထားသော Amaretto Coffee
(၁၂) ကော်ဖီ၊ နို့ ၊ ချောကလက်၊ ရေခဲမုန့် တို့  ကိုရော၍ အပေါ်မှမလိုင်ပျစ်ပျစ်တင်ထားသော
Ice Cream Parlor Mocha Soda
(၁၃) ကော်ဖီမှုန့် ၊ အဆီမပါသော နွားနို့ ၊ ဆား၊ သကြား၊ မက်မွန်သီး တို့ ဖြင့် ဖျော်စပ်ထားကာ၊
အပေါ်မှ အမြှုပ်မလိုင်တင်ထားသော Almond Coffee Cream
(၁၄) ကော်ဖီအေး၊ တရုပ်ဇီးသီးအနှစ်ရည်၊နို့ အေး၊ Vanilla ရေခဲမုန့်  တို့ ဖြင့်ပြုလုပ်ထားသော
Apricot Iced Coffee
(၁၅) Coffee Shake စသည်တို့ ကို
café house များနှင့် ဟိုတယ်ကြီးများတွင် ရရှိစားသုံးနိုင်ပါသည်။



Ref: Food Magazine

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...