Ads (728x90)



ကျွန်တော်ညဏ်မီသလောက် ဆွေးနွေးကြည့်ပါမယ်။ ဒီကိစ္စပြောရရင်တော့ ကျွန်တော်တို့ 
တိုင်းပြည်တစ်ခုတည်း ကွက်ဖြစ်တာ မဟုတ် ဘူးလို့ ထင်ပါ တယ်။ တစ်ကမ္ဘာလုံး အတိုင်း အတာနဲ့ ဖြစ်တဲ့ ကိစ္စဖြစ်ပါတယ်။ သမိုင်း နဲ့  ချီပြီးပြောရရင် ကမ္ဘာပေါ်မှာကမ္ဘာစစ်ကြီးတွေ မတိုင်ခင်ကတော့ တပ်မတော် ဆိုတာ Professional Institution လွတ်လပ်တဲ့ အဖွဲ့ အစည်းတစ်ခုပါ။ Political Metric ရဲ့ အပြင်ဘက်မှာလို့ ပြောလို့ ရပါတယ်။ သို့ သော် လက်တွေ့ မှာ ကမ္ဘာပေါ်မှာ ကမ္ဘာစစ်ကြီးနှ စ်ကြိမ် ဖြစ်လိုက်တော့ တိုင်းပြည် အတွက်က လုံခြုံရေး သည်ပင် နိုင်ငံရေး ဖြစ်လာပါတယ်။ အဲဒီတော့ တပ်မတော်ကိုယ်တိုင်ကလည်း Political Institutionအဖြစ်ပြောင်း သွားတာ လည်းရှိတယ်။

အားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့ က တပ်မတော်အစိုးရ ကနေပြီးတော့ အရပ်ဘက် အစိုးရပြောင်းရေးအတွက် လိုအပ်ချက်အရ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပေါ်လာရတာကိုး။ သို့ သော် အဲဒိမှာအငြင်းပွားကြတဲ့ ပြသာနာ တစ်ခု ကတော့ ၂၅ ရာခိုင်နှုန်းပေါ့။ ဒါကလည်း စောစောကဟာတွေနဲ့ ဆပ်စပ်ပြီးတော့ လိုအပ်ချက်အရကိုက တပ်က Political Institution
ဖြစ်တယ် ။နောက်တစ်ခုက ကျွန်တော်တို့ တိုင်းပြည်မှာ အခုထိလည်း ပြန်ပေါ်နေတာ လက်နက်ကိုင် အင်အား စုတွေထဲက အင်အား အကြီးဆုံးလို့ ဆိုရပေမယ့် ဗမာပြည်ကွန်မြူနစ်ပါတီ တော့မ၇ှိတော့ပါဘူး။ အဲဒိအနေအထားမှာတောင် လက်နက်ကိုင် အင်အားစုပေါင်းလိုက်ရင် တစ်သိန်း အထက်မှာ၇ှိတယ်လို့  ကျွန်တော်ကြားဖူးတယ်။ လူဦးရေနဲ့ အချိုးချကြည့်ရင် လက်နက်ကိုင် တိုင်းရင်းသားတွေ တော်တော်များ
နေသေးတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ဒီအချိန်တပ်ကလုံခြုံရေး အကြောင်းပြချက်ဟာ ကျွန်တော်တို့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါဟာမှန်းလို့ တော်တော် ခက်တယ်ပေါ့။နောက် ပြီး နှစ်ပေါင်းရာစုနှစ် တစ်ဝက်လောက် အဆက်ပြတ်နေတဲ့ ဒီမိုကေ၇စီ စနစ်ကိုပြန်အသက်သွင်းရတာ။ Constitution အသက်ဝင်တာလည်း အခု နှစ်နှစ်ခွဲလောက်ပဲ ရှိသေးတယ်။ လ ၃၀ သာသာ လောက်ပဲ
၇ှိသေး တယ်။ အပြည့်အ၀ Function မဖြစ်သေးတာလည်း ၀န်ခံရမှာပဲထင်တယ်။

ကုန်ခဲ့တဲ့လပေါင်း၃၀ ကိုပဲပြန်ကြည့်။ စိန်ခေါ်ချက်တွေက မျှော်မှန်း ထားတာ ထက် အများကြီးပိုများတယ်။ ဒီလိုအခြေအနေမျိုးအောက်မှာ တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ဖယ်ရှားရေးဟာ ဘယ်လိုစိန်ခေါ်မှုတွေ ဖြစ်စေနိုင်မလဲ။ နောက် Constitution ဆိုတာဟာေ၇းဆွဲတဲ့ ကာလ တစ်ခုမှာ၇ှိတဲ့နိုင်ငံရေး အင်အားစုတွေအားလုံး အလုပ်လုပ်လို့ ရအောင် ကြားအဖြေတစ်ခုကို ထားရတဲ့ အခြေအနေတစ်ခုလို့ ထင်ပါတယ်။ အဲဒီတော့ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကြည့်ရင်တော့ လိုအပ်ချက်တွေ ရှိကောင်းရှိမှာပေါ့။ ကျွန်တော်တို့ ကိုပဲ မကြည့်နဲ့ ။ ဒီနေ့ ဒီမိုကရေစီ အရင့်ကျက်ဆုံးဆိုတဲံ အမေရိ ကန်နိုင်ငံကိုပဲ ကြည့်ရင် ဒီမိုကရေစီစံအရကြည့်၇င် အားနည်းချက် တွေ၇ှိမှာပဲ။ လူ့ ယဉ်ကျေးမှုနဲ့ သိပ်
မအပ်စပ်တဲ့ ကျွန်စနစ်တောင် ရှိသလောက်ရှိခဲ့သေးတာ။

ဒါကြောင့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်ကို ထည့်ထားတာလည်း လိုအပ်ချက်အရ ထည့်ထားတာလို့ မြင်ပါတယ်။

၂၅ ရာခိုင်နှုန်း လျှော့ချဖို့ ဆိုရင် ကျွန်တော် စဉ်းစားမိသလောက် အခုရှိနေတဲ့ ပြည်တွင်းစစ်ရပ်ဖို့ 
လိုတယ်။တိုင်းပြည်ငြိမ်းချမ်းေ၇း ရဖို့ လိုတယ်။ ဘာဖြစ်လို့ လဲဆိုတော့ နိုင်ငံရေးလိုအပ်ချက် ညှိုယူရတာ တော်တော်လျော့သွားမယ်။ နံပါတ်နှစ်ကတော့ လက်၇ှိဖွဲ့ စည်းပုံအခြေခံဥပဒေ အပြည့်အ၀ Function ဖြစ်အောင်ဝိုင်းကြိုးစား ရဦးမယ်ထင်တယ်။ ကျွန်တော်တို့  ယဉ်ကျေးမှုအရ ကြည့်ရင် ယုံကြည်မှုက အားနည်းတော့မြန်မာ့နိုင်ငံရေးသမိုင်းမှာ မကွဲဘူးတဲ့ နိုင်ငံရေးပါတီမရှိဘူး။ ဂိုဏ်ကဏ
သဘောမကွဲကြသည့်တိုင်ပွတ်တိုက်မှုတွေကတော့ အများကြီး။ ဒီအချိန်မှာ Balncing Power အင်အားချိန်ခွင်လျှာထိန်းနိုင်တဲ့အဖွဲ့ အစည်းတစ်ခုရှိလို့ မလိုပေဘူးလား။

နောက်တစ်ချက်ကတော့ ဒီမိုကရေစီရင့်ကျက်လာတာနဲ့ အမျှ ၊ Constitution Function ဖြစ်လာတာနဲ့ အမျှဒီ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်လျှော့ချရေးဟာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ထင်ပါတယ်။လောလောဆယ်တော့ စောသေးတယ်လို့ ထင်တယ်။ အခြားမလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးကိုဖိတ်ခေါ်သလိုလည်း ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။ ဒါက ၂၅ ရာခိုင်နှုန်းနဲ့ ပတ်သက်လို့  ကျွန်တော်ရဲ့ နားလည်ချက်ပါ။ ဥပမာ အင်ဒိုနီးရှားနိုင်ငံဆိုရင် ၁၉၈၈ ခုနှစ်လောက်အထိ ၄၀ ရာခိုင်နှုန်းထားတယ်၊ကျွန်တော်တို့ ကမှ ၂၅ ရာခိုင်နှုန်းထားတယ်။ ၁၉၈၉ ခုနှစ်ရောက်မှ ၂၅ ရာခိုင်နှုန်းဖြစ်သွားတယ်။

ဘယ်တော့မှ အပြီးလျှော့သလဲဆိုတော့ ၂၀၀၄ ခုနှစ်မှ လျှော့တယ်။ အဲဒိမှာလည်း ပြန်ကြည့်ရင် အာချေးပြသာနာ ပြီးတော့မှ ဖြစ်တယ်။ အခုကျွန်တော်တို့ က ပြည်တွင်းစစ်က ၇ှိနေဆဲ။ အခုပြည်တွင်းစစ်ရပ်စဲရေးအတွက် အစိုးရသစ်လက်ထက်မှာ ထိထိရောက်ရောက် ကြိုးစားနေတာလည်း အမှန်ပါ။ သို့ သော်တစ်ပြည်လုံးအတိုင်းအတာနဲ့  အပစ်အခတ်ရပ်စဲရေး မဖြစ်သေးဘူး။

ပြီးရင်လည်း နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရဦးမယ်။ အားလုံးသဘောတူညီမှု ရမရဆိုတာ ကံသေကံမ မပြောနိုင်သေး ဘူး။ တော်တော် များများ ရဖို့ တော့ ရှိပါတယ်။ အခုလိုအခြေအနေမှာ အခုကိစ္စကိုစဖို့ မသင့်သေးဘူးလို့ တော့ ထင်ပါတယ်။

( ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရး ဥပဒေစကားဝိုင်း ( ၁၄-၁၀- ၂၀၁၃ ရက်နေ့ နှင့် ၁၆-၁၀-၂၀၁၃ ရက်နေ့ မှာ မြန်မာအသံနှင့်ရုပ်မြင်သံကြားအစီအစဉ်မှ တင်ဆက်သွားသော ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေစကားဝိုင်းမှ အမျိုသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ ဝင်ဦးကျော်ဝင်း၏ တပ်မတော်သား ၂၅ ရာခိုင်နှုန်းအကြောင်းဆွေးနွေးမှုမှ ထုတ်နုတ်ခြင်းဖြစ်သည်။ )

အကြောင်းအရာတစ်ခုကို ဝေဖန်တာဟာ မခက်ခဲပါဘူး။ ဒါပေမယ့် အဲဒိအကြောင်းအရာကို ဖြစ်သင့်၏ ၊ မဖြစ်သင့်၏ ၊ကောင်း၏၊ဆိုး၏ သုံးသပ်ဖို့ ကျတော့ ခက်ခဲပါတယ်။ ဥပမာ၊အဆောက်အဦးတစ်လုံး အချိန်မတိုင်မီ ပြိုကျသွားတာကို မြင်တဲ့သူတိုင်း၊တွေ့ တိုင်းသူတိုင်း၊ကြားတဲ့သူတိုင်းဟာ အမျိုးမျိုးသောစကားလုံးနဲ့ ဝေဖန်လို့ ရပါတယ်။ ဒါပေမယ့် ဘာ့ကြောင့်ပြိုကျသွားသလဲဆိုတဲ့ သုံးသပ်ချက်ကိုပေးဖို့ ကျတော့ ကိုယ်တိုင်ကျွမ်းကျင်တဲ့ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက် ဖြစ်ဖို့ လိုအပ်ပါတယ်။

ကျနော်တို့ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တင်ပေးထားတာသည်တပ်မတော်
အစိုးရလက်ထက်ကဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလမ်းကြောင်းမှာ သွေဖွယ်မသွားအောင် ထိန်းကျောင်း
တည့်မတ်ပေးဖို့ ကျနော်တို့ တပ်မတော်မှာ တာဝန်၇ှိပါတယ်။ ပန်းရံဆရာ၊လက်သမားဆရာနဲ့ နေ့ စား
အလုပ်သမားတွေကြောင့် အဆောက်အဦးကြီး ရပ်တန့် တာမျိုးကိုလဲအဖြစ်မခံနိုင်ပါဘူး။

နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေသူတိုင်းသည် နိုင်ငံ့အကျိုးစီးပွားကိုသာဦးထိပ်ထားရမည်။ ကျွန်တော်တို့ ၏ အဆုံးစွန်တာဝန်မှာ မိမိနိုင်ငံကိုထိန်းသိမ်းကာကွယ်ရန် ဖြစ်သည်။

ကိုလေး ငယ်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...