Ads (728x90)


ဗလာဒီမာပှုတင်ရဲ့ လှည့်စားမှုပြကွက်က ရုရှားပြည်သူတွေအတွက်သာမကဘဲ ပြင်ပကမ္ဘာကလူတွေအတွက်ပါ ဆိုးရွားလှတဲ့ အကျိုးဆက်တွေကို ဖြစ်စေခဲ့ပါတယ်။
၁၉၉၁ခုနှစ်၊ ဆိုဗီယက်ကွန်မြူနစ်ဝါဒပြိုကွဲချိန်မှာ  ရုရှားလူမျိုးတွေအနေနဲ့ နောက်ဆုံးတော့ ပုံမှန်အနောက်တိုင်း ဒီမိုကရေစီနိုင်ငံ သားဖြစ်ဖို့ အခွင့်အလမ်းရလာပြီလို့ ယူဆစရာဖြစ်ခဲ့ပါတယ်။ ရုရှားသမိုင်းမှာ ဗလာဒီမာပှုတင်ရဲ့ ဒုက္ခပင်လယ်ဝေ စေ မယ့် ကယ်တင်မှုတွေက သမိုင်းကြောင်းကို ပြောင်းသွားစေခဲ့ပြန်တယ်။ သို့ပေမဲ့ ကိုယ့်ကျိုး စီးပွား ဒါမှမဟုတ် မိမိကိုယ် မိမိလှည့်ဖြားမှုတွေကြောင့် မစ္စတာပှုတင်ကို အမှန်အတိုင်းမြင်အောင်ကြည့်ဖို့ တုန့်နှေးနေသူတွေလည်း အများကြီးရှိနေတာပါပဲ။
မလေးရှားလေကြောင်းလိုင်းလေယာဉ် MH17 ကို ပစ်ချပြီး အပြစ်မဲ့လူ ၂၉၈ဦးကို သတ်ခဲ့တာ၊ ယူကရိန်းနိုင်ငံ အရှေ့ဘက်က နေကြာပန်းခင်းထဲမှာ အဲဒီသေဆုံးသူတွေရဲ့အလောင်းတွေကို လူ့ဂုဏ်သိက္ခာမဲ့ထားတာတွေက ကျန်ရစ်သူတွေကို ၀မ်း နည်းကြေကွဲစရာအဖြစ်တွေနဲ့ချန်ထားခဲ့တယ်။ ဒါပေမဲ့ မစ္စတာပှုတင်လုပ်ခဲ့တာရဲ့ အတိုင်းအတာတစ်ခုပဲ ရှိပါသေးတယ်။ သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ ရုရှားနိုင်ငံဆိုတာ အမှန်တရားနဲ့ အမှား တို့ကြားက ခွဲခြားထားတဲ့သတ်မှတ်ချက်က ထွေပြားေ၀၀ါး နေလာခဲ့ပြီး အချက်အလက်ဆိုတာက အစိုးရရဲ့ ၀န်ဆောင်မှုတစ်ခု ဖြစ်လာပါတယ်။ မစ္စတာပှုတင်က သူ့ကိုယ်သူ မျိုးချစ်တစ်ယောက်လို့ ပုံဖော်ခဲ့ပေမယ့် နိုင်ငံတကာက တန်ဖိုးထားတဲ့စံနူန်းတွေ၊ နိုင်ငံနီးချင်းတွေနဲ့  ပှုတင်ရဲ့ စိတ္တဇဆန်တဲ့ အနောက်တိုင်း ဆန်ကျင်ရေးဝါဒမှိုင်းမိနေတဲ့ရုရှားလူမျိုးတွေကိုယ်တိုင်အတွက်တော့ သူက ခြိမ်းခြောက်မှု တစ်ရပ်ဖြစ် နေပါ တယ်။
ကမ္ဘာကြီးအနေနဲ့မစ္စတာပှုတင်လုပ်ဆောင်တဲ့ခြိမ်းခြောက်မှုကိုရင်ဆိုင်ဖို့လိုအပ်နေပါတယ်။ ဒီနေ့သူ့ကို မကိုင် တွယ်ခဲ့ရင် ပိုဆိုး ရွားတာတွေလာပါလိမ့်မယ်။
လက်ဝါးကပ်တိုင်နဲ့အခြားဇာတ်လမ်းများ
MH17 လေယာဉ် အလုံစုံပျက်သုန်းရေးဇာတ်ညွှန်းကိုသူရေးခဲ့တာဖြစ်ပေမယ့် အဲဒီဝမ်းနည်းကြေကွဲစရာ အဖြစ်အတွက် မစ္စတာပှုတင်က ယူကရိန်းနိုင်ငံအပေါ်ပဲ အပြစ်တင်ခဲ့ပါတယ်။  ဟိုက်ကုတ်တရားရုံး မှာအစစ် ခံလို့ရတဲ့ သွယ်ဝိုက် သက်သေတွေအရ ကောက်ချက်ချနိုင်တာကတော့ ယူကရိန်းစစ်လေယာဉ်လို့ ယူဆခဲ့ပြီး ရုရှားခွဲထွက် ရေးသမားတွေက သူတို့အပိုင်ဒေသအပြင်ဘက်မှာ မြေပြင်ကနေဝေဟင်ပစ် ဒုံးကျည်နဲ့ပစ်ခဲ့ တယ် ဆိုတာပါပဲ။ ခွဲထွက်ရေးခေါင်းဆောင်တွေက ဒီအကြောင်းကို လူမှုကွန်ယက်မီဒီယာမှာ ဂုဏ်ယူထုတ် ပြောခဲ့တယ်။သူတို့အ အတွက် နောင်တရစရာဖြစ်သွားတဲ့အမှားကတော့ ဒီလိုပြောဆိုမှုကို ယူကရိန်းထောက်လှမ်းရေးက ကြားဖြတ်ရ ယူလိုက်နိုင်ပြီး အမေရိကန်က အစစ်အမှန်ဖြစ် ကြောင်းအတည်ပြုသွားနိုင်ခဲ့တဲ့ အချက်ပါပဲ။
ရုရှားသမ္မတက ဒီရာဇ၀တ်မှုမှာ နှစ်ကျော့ပြန်ပါဝင်ပတ်သက်ခဲ့တာပါ။ ပထမတစ်ချက်အနေနဲ့ အဲဒီဒုံးကျည်တွေ ကို ရုရှားကပံ့ပိုးခဲ့တယ်။ အဲဒီလက်နက်ပစ်ခတ်မှုကိုလည်း ရုရှားက လေ့ကျင့်ပေးခဲ့တယ်။ ပစ်ခတ်မှုအပြီးမှာ ပစ်စင်တွေကို ရုရှားဘက် အလျင်အမြန်သယ်ယူခဲ့တယ်။ ဒုတိယအချက်အနေနဲ့ ဒီစစ်ပွဲကသူ့ရဲ့ စစ်ပွဲဖြစ်တာ ကြောင့် ပိုပြီး ကျယ်ပြန့်တဲ့ရှုထောင့်အရကြည့်မယ်ဆိုရင်လည်း မစ္စတာပှုတင် ပါဝင်ပတ်သက်နေတယ်လို့ဆိုနိုင်ပါ တယ်။ ဒိုးနက်ခ်(Donetsk) ရီပတ် ဘလစ်လို့ ကိုယ့်ဘာသာခံယူနေတဲ့ အမာခံခွဲထွက်ရေးသမားတွေက ယူကရိန်းခွဲထွက်ရေးသမားတွေမဟုတ်ဘဲ လက်ရှိရုရှားနိုင်ငံသား၊ယခင်နိုင်ငံသားတွေနဲ့ ထောက်လှမ်းရေးသမားတွေဖြစ်နေပါတယ်။ အဲဒီရုရှားနိုင်ငံသား တွေရဲ့လုပ်ဖော်ကိုင်ဘက် မစ္စတာပှုတင်က ဒီစစ်ပွဲ အတွက် ငွေပေးတယ်၊ တင့်ကားတွေ၊အမြောက်တွေ၊ ဒုံးကျည်တွေစတဲ့ လက်နက်တွေ တပ်ဆင်ပေးပါ တယ်။ ခွဲထွက်ရေးသမားတွေက သေနတ်မောင်းကို ဆွဲပါတယ်။ဒါပေမဲ့နောက်ကွယ်က ကြိုးဆွဲသူကတော့ မစ္စတာ ပှုတင်ပါပဲ။
အရှေ့ဘက်ယူကရိန်းနိုင်ငံဒေသမှာ စစ်ပွဲပေါ်ပေါက်စေတဲ့ မစ္စတာပှုတင်ရဲ့မှုဝါဒကို နောက်ကြောင်းပြန်လှည့်သွားအောင် MH17 လေယာဉ်အပေါ်ကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ပြစ်မှုက ဖြစ်စေသင့်ပါတယ်။ အကြောင်းအချက်နှစ်ခုနဲ့ သူက ထိန်းသိမ်းထားတယ်။ ပထမအချက်က ရုရှားလူ့အဖွဲ့အစည်းမှာ လိမ်ညာခြင်းက ပထမဆုံးတုံ့ပြန်မှုဖြစ်တယ်။ ဒီအဖြစ်အပျက်ပေါ်ပေါက်ပြီး မကြာခင်မှာပဲ အငြင်းပွားစရာဖြစ်တဲ့အပြင် ကျေနပ်စရာမကောင်းတဲ့ ယူဆချက် သီအိုရီတွေကို ရုရှားမီဒီယာတွေရဲ့ အရာရှိတွေက ထုတ်လာခဲ့ တယ်။ မစ္စတာပှုတင်ရဲ့ လေယာဉ်ကို ပစ်မှတ်ထားခဲ့တာဆိုတာမျိုး၊ အဲဒီနားမှာ ယူကရိန်း ဒုံးကျည်ပစ်စစ်ရှိတယ်ဆိုတာမျိုးတွေ ပြောခဲ့ကြတယ်။ ပြီးတော့ မုသားစကားတွေက ပိုပြီးရှုပ်ထွေးလာတယ်။ ယူကရိန်းတိုက်လေယာဉ်တွေကပစ်တာလို့ ရုရှားတွေက စိတ်ကူးယဉ်အချက်အလက်တွေကို ပြောပြန်တယ်။ ခက်တာက အဲဒီတိုက်လေယာဉ်တွေက MH17 လောက် အမြင့်မပျံနိုင်ဘူး ဆိုတဲ့အချက်ဖြစ်နေပြန်တယ်။ ဒီတော့ ရုရှား ဟတ်ခ်ကာ(Hacker)တွေက ၀ီကီထဲမှာ အဲဒီတိုက်လေယာဉ်တွေ ဒီလိုပျံသန်းနိုင် တယ်လို့ ပြင်ရေးကြပြန်တယ်။ ဒီလို ကဘောက်တိကဘောက်ချာ ဆိုဗီယက်ကျိုးပမ်းမှုတွေက ရယ်စရာဖြစ်နေပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်ကိုတော့ ပျက်အောင်မလုပ်နိုင်ပါဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က အဲဒီ အချက်တွေကို လူတွေ ယုံကြည်အောင် ဆွဲ ဆောင်ဖို့ မဟုတ်ပါဘူး။ အဖြစ်မှန်နဲ့ ပတ်သက်တဲ့အမြင်ပေါ်မှာ သံသယတွေ အများကြီးဖုံးလွှမ်းသွားဖို့ပါ။ အလိမ်အညာကမ္ဘာမှာ အနောက်နိုင်ငံတွေလည်း ဘာကြောင့်အလိမ်မခံရမှာလဲ။
ဒုတိယအချက်ကတော့ မစ္စတာပှုတင်ကိုယ်တိုင်သူ့ရဲ့ မုသားဝင်္ကဘာထဲမှာ ပြန်ပိတ်မိလာတဲ့အချက်ပါ။ ကိဗ်မြို့မှာ ဖက်ဆစ်တွေ အုပ်ချုပ်နေတယ်လို့ ပှုတင်ရဲ့လူတွေက ၀ါဒဖြန့်ခဲ့တယ်။ သူတို့က သုံးနှစ်သားကောင်လေးကို ကားစင်တင်ခဲ့တယ် ဆိုတာတွေဝါဒ ဖြန်ခဲ့ပြီး ရုရှားမှာ ပှုတင်ကို ထောက်ခံတဲ့သူတွေက ၃၀ ရာခိုင်နူန်းကျော်မြင့်တက်လာတယ်။ ဒီလိုမျိုးလူတွေကို အမှားတွေနဲ့ ဆွဲ ခေါ်လာခဲ့ပြီးမှ ချက်ချင်းကြီး ယူကရိန်းအစိုးရက သိတ်အဆိုး ကြီးတော့မဟုတ်ပါဘူးလို့ ပှုတင်ပြင်ပြောဖို့ခက်နေမယ်။ ပြည်တွင်း မှာ သုံးတဲ့ မုသားက ပြည်ပမှာဆိုးရွားအောင်လုပ်ဖို့ဖြစ်လာတယ်။ပြိုင်ဘက် အနောက်အုပ်စုတွေက ရုရှား အကျိုးစီးပွား ပျက် အောင် လုပ်ဆောင် နေတယ်ဆိုတဲ့အကြောင်းကို ပြန်ပြင်ပြောဖို့ခက်မယ်။
ရပ်တန့်ရမယ့် လှည့်စားမှု
ရုရှားမှာ ဒီလိုမုသားတွေကြုံရတော့ ဆိုဗီယက်ပြည်တောင်စုခေတ်မှာ ပရာဒါသတင်းစာက  အမှန်ပြောဖို့ပြောတာကို အမှတ်ရ စရာဖြစ်လာ တယ်။ အခု mendocracy ကလည်း အရင်ကလိုပဲနိဂုံးချုပ်သွားလိမ့်မယ်။ မုသားတွေက အနှေးနဲ့ အမြန်ဆိုသလို ဘူးပေါ်သလို ပေါ်လာမှာပဲ။ အထူးသဖြင့် ရုရှားပြည်သူတွေဆီကနေ ပှုတင်နဲ့ အပေါင်းအပါတွေ ပမာဏ ဘယ်လောက် ငွေကြေးတွေ ခိုးယူခဲ့တယ် ဆိုတာမျိုးပေါ့။ ဒီနောက်မှာတော့ သူ့ရဲ့ကျဆုံးခန်း ရောက်လာပါလိမ့်မယ်။ စိတ်မကောင်း စရာအချက်ကတော့ ဒီတစ်ကြိမ်မှာ အနောက်အုပ်စုရဲ့ သဘောထားက တစ်မျိုးဖြစ်နေတယ်။ အရင်ကဆို ချက်ချင်းပဲ ရုရှားရဲ့ အမှားကို ထောက်ပြ တုံ့ပြန်လေ့၊ရှုံချလေ့ရှိခဲ့တယ်။ ဒီအချက်ကို မစ္စတာပှုတင်က တစ်မျိုးယူဆထားပုံရပါတယ်။

ယူကရိန်းဘက်က စဉ်းစားကြည့်မယ်ဆိုလည်း ဒီသဘောပါပဲ။ ခရိုင်းမီးယားဒေသကို ကျူးကျော်ခဲ့ပြီးတဲ့နောက်မှာ ရုရှားကို အနောက်နိုင်ငံတွေက ပိတ်ဆို့မှုနည်းနည်းပဲလုပ်ခဲ့တယ်။ တကယ်လို့ ယူကရိန်းအရှေ့ပိုင်းကို ကျူးကျော်မယ်ဆိုရင် ပိတ်ဆို့အရေး ယူမှုကို ပိုပြီးတင်းကျပ်မယ်လို့ပဲ ခြိမ်းခြောက်ခဲ့ကြတယ်။ တကယ်လည်း ပှုတင်က ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တာပါ။ တပ်ဖွဲ့တွေကို ရုရှားက ငွေကြေးထောက်ပံ့တယ်။ ရုရှားစစ်သားယူနီဖောင်းမ၀တ်တာပဲ ပြောစရာရှိမယ်။ ဒါပေမဲ့ အနောက်နိုင်ငံ တွေက မစ္စတာပှုတင်ရဲ့ မုသားတွေအတိုင်း လက်ခံလိုက်တာ အဆင်ပြေသလိုဖြစ်နေကြပုံရတယ်။ ပိတ်ဆို့အရေးယူမှုတွေက လည်း လျောတိလျော့ရဲနိုင်ပြီး နောက်ကျခဲ့တယ်။ ဒီလိုပဲ မစ္စတာပှုတင်က  အပစ်အခတ်ရပ်စဲရေးကို အကာအကွယ် ယူ အကြောင်းပြပြီး သူပုန်တွေကို ဆက်ထောက်ပံ့နေချိန်မှာလည်း အနောက်အုပ်စု ခေါင်းဆောင်တွေ တွေဝေနေခဲ့ကြတယ်။
MH17 က ခရီးသည်တွေကို သတ်ဖြတ်မှုပြီးကတည်းက တုံ့ပြန်တဲ့တုံ့ပြန်မှုတွေကလည်း အားရစရာမရှိခဲ့ဘူးလို့ပဲပြောရမှာပါ။ အီးယူကလည်း ပိတ်ဆို့အရေးယူမှုတိုးမြှင့်မယ်လို့ ခြိမ်းခြောက်ပါတယ်။ ဒါပေမဲ့ မစ္စတာပှုတင်အနေနဲ့ အခုကြေကွဲစရာအဖြစ်ကို စုံစမ်းဖော်ထုတ်တဲ့နေရာမှာ မပှုးပေါင်းရင် ဒါမှမဟုတ် ခွဲထွက်ရေးသမားတွေကို လက်နက်ထောက်ပံ့မှုမရပ်ရင်လို့ အီးယူးက ခြွင်းချက်ထားပြီးမှ ပြောခဲ့ပါတယ်။ ပြင်သစ်ကတော့ လိုအပ်ရင် မစ္စတာပှုတင်ကို စစ်သင်္ဘောတွေဆက်မရောင်းဖို့လုပ်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားက မှာယူထားတဲ့နှစ်စီးမှာ သင်္ဘောတစ်စီးက ပို့နေချိန်ဖြစ်နေပါတယ်။ဂျာမန်နဲ့ အီတလီကတော့ သံတမန်ဆက်ဆံရေး ဆက်ထားမယ်လို့ ပြောခဲ့ကြတယ်။ ဒီလိုဆုံးဖြတ်ရတဲ့အချက်တစ်ချက်က ပိတ်ဆို့အရေးယူမှုကြောင့် သူတို့ရဲ့ စီးပွားရေး ထိခိုက်မှာစိုးရိမ်တာလည်း ပါတယ်။ ဗြိတိန်က စီးပွားရေးပိတ်ဆို့ဖို့ တောင်းဆိုတယ်။ သို့ပေမဲ့လည်း လန်ဒန်မြို့ပေါ်က အမြတ်အစွန်းရနိုင်တဲ့ ရုရှားစီးပွားရေးလုပ်ငန်းကို ထိမှာကြောက်လို့ ဗြိတိန်က အင်တင်တင်ဖြစ်နေခဲ့တယ်။ အမေရိကန်ကတော့ ခပ်ကြမ်းကြမ်းဆွေးနွေးနေပေမယ့် ဘာလုပ်ဆောင်ချက်အသစ်မှ မရှိဖြစ်နေတယ်။
ဒီလို လုပ်ဆောင်မှုတွေကို  ရပ်တန်းကရပ်သင့်ပြီလို့ပြောရမှာပါ။ မစ္စတာပှုတင်ရဲ့ ရုရှားကရန်လိုမှုကို အခြေပြုနေတယ် ဆိုတဲ့ ကသိကအောင့်နိုင်လှတဲ့ အမှန်တရားကို အနောက်နိုင်ငံတွေ လက်ခံဖို့ လိုနေပါပြီ။ ပျော့ပျောင်းတဲ့နည်းလမ်းတွေနဲ့ ပှုတင်ကို ပုံမှန် နိုင်ငံခေါင်းဆောင်တစ်ယောက်လိုဖြစ်လာအောင် ဆွဲဆောင်ဖို့ မဖြစ်နိုင်ပါဘူး။ အခုအချိန်မှာ အနောက်နိုင်ငံက တင်းကြပ်တဲ့ ပိတ်ဆို့အရေးယူမှု လုပ်သင့်ပါတယ်။ သူ့ရဲ့ အကျင့်ပျက်မိတ်ဆွေတွေကို ဖမ်းပြီး သူ့ကိုလည်း အမှန်ပြောဆိုမှုအပေါ်မှီခို အားပြုပြီး လုပ်ဆောင်ရတဲ့ နိုင်ငံတကာဆွေးနွေးပွဲတွေကနေ ဖယ်ရှားရပါမယ်။ ဒီလိုမှမဟုတ်ဘဲ ပျော့ပျောင်းနေခဲ့ရင်  MH17 ပေါ်က အပြစ်မဲ့တဲ့သူတွေ အပေါ် စော်ကားရာရောက်ပါလိမ့်မယ်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...