Ads (728x90)





ကြာဆံပြုတ်သောက်ပြီး ဝမ်းလျှောခဲ့သည့်အတွက် ဆေးရုံ ခြောက်ရက်ကြာတက်ရောက် ဆေးကုသခဲ့ရကြောင်း ဒါရိုက် တာဦးမျိုးမင်းက ပြောသည်။

ဆေးရုံတက်ရောက်စဉ်က နှင်းဆီအဖွဲ့သားများ  လာရောက် အားပေးကြပြီး ဇွန်လ ၂၀ ရက် တွင်  ကျရောက်သော မွေးနေ့ မတိုင်မီ တစ်ရက်အလိုမှ ဆေးရုံ မှ ဆင်းခွင့်ရ၍ မွေးနေ့အတွက် အလှူအတန်းများ မလုပ်နိုင်ခဲ့ ကြောင်း ၎င်းက ပြောသည်။

‘‘ဦးမျိုးနဲ့သမီးက ညကတည်း က ရုပ်ရှင်ကြည့်ကြတာ။ မနက် ၄ နာရီလောက်လည်းရောက်ရော ဗိုက်ဆာတယ်ဆိုတော့ သမီးက ကြာဆံပြုတ်ပေးတယ်။ ကြာဆံ ပြုတ်ကိုမစားဖြစ်ဘဲ အိပ်ပျော် သွားတယ်။ ၉ နာရီ၊ ၁၀ နာရီ လောက်ကျနိုးလာတော့ စားစရာ ဘာရှိလဲမေးတော့ ညကပြုတ် ထားတာရှိတယ်။ နည်းနည်းတော့ ပွနေပြီ။ ဒါကိုတစ်ယောက်တစ် ဝက်စားလိုက်တာ ဆေးရုံပေါ် ရောက်သွားတာပဲ’’ဟဦးမျိုးမင်း က ပြောသည်။ ဇူလိုင် ၁၆ ရက်တွင် စတင်ဖွင့်လှစ်မည့် အနုပညာသင်တန်းကျောင်းတွင် သင်ကြားပေးမည့်    ဘာသာရပ်လေးခုအတွက် တစ်ဘာသာလျှင် သုံးဦးစီ အခမဲ့ သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် သင်တန်းအပတ် စဉ်တစ်ခုလျှင် သုံးလကြာမြင့် မည်ဖြစ်ပြီး စာတွေ့အပြင် ရိုက် ကွင်းများသို့ သွားရောက်၍ လက် တွေ့သင်ကြားပေးမည်ဖြစ်ကြောင်းဦးမျိုးမင်းက ပြောသည်။

ဒါရိုက်တာဦးမျိုးမင်း ဦးစီး ဖွင့်လှစ်မည့် အနုပညာသင်တန်း ကျောင်းတွင် သရုပ်ဆောင်သင် တန်း၊ ဒါရိုက်တာသင်တန်း၊ ဇာတ်ညွှန်းသင်တန်း၊ စီစဉ်ထုတ် လုပ်သူသင်တန်းတို့ကို တက် ရောက်နိုင်ပြီး နာမည်ကြီးမင်း သား၊ မင်းသမီး၊ ဇာတ်ပို့၊ ဇာတ်ရံ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ များက သင်ကြားပေးမည်ဖြစ် သည်။

ကြူကြူဟန်
7day daily

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...