Ads (728x90)





ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုမှ လွန်ခဲ့သော ၁၃ နှစ် က လူ ၁၀ ဦး သေစေခဲ့သော  ဗုံးခွဲတိုက်ခိုက်မှုများနှင့် ပတ်သက်နေသော အစ္စလမ္မစ် စစ်သွေးကြွ ၈ ယောက်အား ဇွန် ၂၃၊ တနင်္လာနေ့က သေဒဏ်ချမှတ်လိုက်သည်။

စစ်သွေးကြွအုပ်စု ဟာကတ် အယ်လ် ဂျီဟဒ် အစ္စလမ္မီ အဖွဲ့ခေါင်းဆောင် အပါအဝင် ၎င်းအစ္စလမ္မစ်များသည် ၂၀၀၁ ခုနှစ်၊ ဧပြီ ၁၄ နေ့က မြို့တော်ဒါကာ၌ ရိုးရာ ဘင်္ဂါလီ နှစ်သစ်ကူးပွဲတော် ကျင်းပနေစဉ် အကြမ်းဖက်တိုက်ခိုက်ခဲ့မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

အခြား ၆ ဦး မှာမူ ထောင်ဒဏ်တစ်သက် ချမှတ်ခံရသည်။

၎င်းစစ်သွေးကြွအုပ်စုကို အခြားသော တိုက်ခိုက်မှုများအတွက်လည်း အပြစ်တင်ထားသည်။ ထိုအထဲတွင် ၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင်းက ဝန်ကြီးချုပ် ရှိတ် ဟာစီနား (ထိုစဉ်က အတိုက်အခံ ပါတီခေါင်းဆောင်) ပါဝင်သော စီတန်းလှည့်လည်နေသောလူတန်းကို တိုက်ခိုက်ခဲ့မှုလည်း ပါဝင်သည်။ ထိုတိုက်ခိုက်မှု၌ လူ ၂၃ ယောက် သေဆုံးခဲ့ပြီး ၁၅၀ ဒဏ်ရာရခဲ့ကာ ဟာစီနားသည်လည်း နားတစ်ဖက် လေးသွားခဲ့သည်။

HUJI ခေါင်းဆောင် မုဖ်သီ အဗ္ဗဒူလ် ဟန်နန်ကို ၂၀၀၅ ခုနှစ်၊ မေလအတွင်းက ဗြိတိသျှ မဟာမင်းကြီး အန်နဝါ ချောင်ဒရီအား မအောင်မြင်ခဲ့သော လုပ်ကြံမှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသည်။ ထိုလုပ်ကြံမှု၌ ချောင်ဒရီမှာ ဒဏ်ရာရရုံသာ ဖြစ်ခဲ့သော်လည်း ၎င်း၏ သက်တော်စောင့်အပါအဝင် လူ ၃ ဦး သေဆုံးခဲ့သည်။

မျိုးမင်းသက် ဘာသာပြန်ဆိုသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...